“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, September 23, 2008

လူတိုင်းသိစေမဲ့ ငွေစက္ကူ campaign.

ပဲခူးတိုင်း ဇီးကုန်းမြို့ နယ် မှာ ငွေစက္ကူတွေ ပေါ် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်စေဖို့ စာသား တွေ ရေးသား ဖြန့် ဝေနေကြပါတယ်။ ငွေ စက္ကူ ၅၀၀, ၂၀၀ ၁၀၀, ၅၀ တန် နဲ့ ၁၀ တန်တွေ အပေါ် ရေးသား လှုံဆော်နေကြပါတယ်.။ ငွေစက္ကူ ကျတော့ ဖမ်းရခက်တာပေါ့။ စာလို လက်ထဲတွေ့ ရုံ မဲလို့ မရဖူးပေါ့။ ဘယ်က လာသလည်း ဘယ်သိမလည်း။

လှုံ့ဆော်မှုများ ပြုလုပ်ဟု အတိုက်အခံများပြော
သန်းထိုက်ဦး
တနင်္လာနေ့၊ စက်တင်ဘာလ 22 2008 19:52 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ နေအိမ် အကျယ်ချုပ်ကျခံနေရသော သူတို့၏ ခေါင်းဆောင် လွတ်မြောက်ရေး လှုပ်ရှားမှုတခု အနေဖြင့် ငွေစက္ကူများတွင် “ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်ပါစေ” ဟု ရေးသားခဲ့ကြကြောင်း အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူများက ပြောသည်။

ပဲခူးတိုင်း ဇီးကုန်းမြို့နယ်အတွင်း ဒီမိုကရေစီလိုလားသူ တက်ကြွလှုပ်ရှားသူ တစုမှ ကျပ်ငွေ ၅ဝဝ၊ ၂ဝဝ၊ ၁ဝဝ၊ ၅ဝ နှင့် ၁ဝ တန်တို့တွင် ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုတောင်းစာများ ခဲတံဖြင့် ရေးသားထားပြီး နီးစပ်ရာ ဈေးဆိုင်များတွင် ဈေးဝယ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု သူတို့က ပြောသည်။

သို့သော် မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုချက် မရနိုင်ပါ။

"ဒေါ်အောင်ဆန်းစုကြည်ကို လွတ်စေချင်တဲ့ လူတွေကနေပြီးတော့ လုပ်လိုက်တဲ့ လှုပ်ရှားမှုတခု ဖြစ်တယ်။" ဟု အစဉ်အလာအားဖြင့် တက်ကြွစွာ လှုပ်ရှားလေ့ရှိသူ တယောက်က ပြောသည်။

ဈေးဆိုင်များက အမှတ်မထင် လက်ခံသူများရှိသလို အချို့ ဆိုင်ရှင်များက သိလျက်ပင် ၎င်းငွေစက္ကူများကို လက်ခံပေးခဲ့သည်ဟု ပြောသည်။

ငြိမ်းချမ်းစွာ အတိုက်အခံ နိုင်ငံရေး လှုပ်ရှားမှုကြောင့် ထောင်ကျနိုင်သည့် နိုင်ငံတွင် ၁၂ နှစ်ကျော်ကြာ နေအိမ် အကျယ်ချုပ် ကျခံနေရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်နှင့်ပတ်သက်၍ ပြောဆိုရေးသားမှုကို စစ်အစိုးရသည် အစဉ်အလာအားဖြင့် ပြစ်မှုတခုဟု မြင်လေ့ရှိသည်။

အလားတူ လှုပ်ရှားမှုကို ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ် အတွင်း တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည်။ ထို့အပြင် “သံဃာတော်များကို သတ်သည့် စစ်အာဏာရှင် အစိုးရ ပြုတ်ကျပါစေ” ဟု ရေးသားထားသည့် စာရွက်များကိုလည်း လူစည်ကားသည့် ဈေးများ၊ လမ်းများတွင် ဖြန့်ဝေခဲ့သည်ဟု ဒေသခံ နိုင်ငံရေး အသိုင်းအဝိုင်းက ပြောသည်။

လတ်တလောက မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (Generation Wave) မှ ဦးဆောင်ကာ “နအဖ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား အလိုရှိသည်” ဟု ရေးသားထားသည့် ဓာတ်ပုံပါ စာတမ်းအား ရန်ကုန်မြို့ နေရာအချို့တွင် လိုက်လံ ဖြန့်ဝေခဲ့သည်ဟု အဖွဲ့ဝင်တဦးဖြစ်သူ ကိုမိုးသွေးက ပြောသည်။
http://www.mizzimaburmese.com/news/inside-burma/1721-2008-09-22-13-38-02.html

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */