“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, May 20, 2008

( Cbox မှ အာဇာနည်များ၏အသံ )

တာဝန်သိပြည်သူ၏သတင်း.( Cbox မှ အာဇာနည်များ၏အသံ ) 20 May 08, 05:57

ဒေးဒရဲ တံတားအဆင်း ညာဘက်ကရုံးမှာ ဗီဆက် ဆက်တဲလိုက် ရဆီဗာ ကြီးတွေဆင်ထားတာတွေ့ရပါတယ် ၊ ဗီဆက် က စစ်တပ်သုံး သီခြား ဆက်သွယ်ရေး net work ပါ ။ ဖျာပုံ နဲ့ ဘိုကလေးမှာလည်း ဗီဆက် receiver တွေ အားချင်း ဆင်နေ တာကို တွေ့ ရပါတယ်။ (၇၇) တပ်တွေကို ကော့မှူး ကွမ်းခြံကုန်းနဲ့ ဒေးဒရဲကို ရွေ့နေပြီး (၆၆) တွေကို ဖျာပုံ ဘိုကလေး ဘက်ကို အားချင်း ပို့ နေ တာ တွေ့ရပါတယ်၊ ဒါ စစ်တိုက်ဖို့ စစ်ပြင်နေတာ ဖြစ်နိုင်ပါတယ်၊ အဲဒီမြို့ တွေက လူတွေ အကြောင်း ကြားပေးကြပါ ။ ဒေးဒရဲမှာ (command )ကော်မန်း ထိုင်ပြီး ကျန်တဲ့မြို့ တွေကို ထိန်းချုပ် ထားမယ်ပုံစံပါ ဆက်ပြီး သတင်းပို့ ကြပါ။
သတင်းထူးထပ်မံရပါက..ပေးပို့ ပေးပါ။ အချိန်နှင့် အမီ တင်ပေးပါမည် )

20 May 08, 06:09
မနေ့က နေ့လည် ၂ နာရီနောက်က ဘိုကလေးကို အဲဒီလေတိုက်တာ ဖျာပုံ မှာ လမ်းမှာရပ်ထားတဲ့ ဆိုင်ကယ်တွေလဲကုန်ပါတယ် ဈေးထဲမှာ သွပ်တချပ်လွင့်ကျလာလို့ ကလေးတယောက် လက်ပြတ်သွားပါတယ် မိုးကြိုးပစ်တာလဲ တဲထဲက လူငါးယောက်ကို ထိတယ်ကြားပါတယ်။ မုန်တိုင် အသေးလေးတစ်ခုဝင်ပါတယ် နာဂစ်ပြီး လေတိုက်တာ အပြင်းဆုံးပါပဲ တစ်ချို့တဲတွေ ပြန်ပြိုကုန်ပါတယ်

စစ်ဖြစ်မယ်ဆိုရင်တော့ လူထုက ဓါးစာခံဖြစ်မှာပါပဲ နိုင်ငံတကာ တပ်တွေအနေနဲ့ မောင်သန်းရွေကို အမြန်ဆုံး ပြင်းပြင်းထန်ထန် စစ်ဦးချိုး တိုင်ဖို့ အရေးကြီးပါတယ် ။ ဖျာပုံ ဘောလုံးကွင်းထဲမှာ နိုင်ငံခြားကပေးတဲ့ ရွက်ဖျင်ကာ တဲလေးတွေ အသင့်ထိုးထားပါတယ် တကယ်ဒုက္ခ ရောက်သူ တွေမရှိပါဘူး စည်ပင်ဝန်ထမ်း မိသားစုတွေ စစ်တပ်ကမိသားစုတွေ အတင်းထည့် ။ ရွာကပါလို့ပြောခိုင်း ပြီး ဗြောင်လိမ် နေပါတယ် ဖျာပုံမြို့ခံတွေကို မေးကြည့်ရင် သိနိုင်ပါတယ် ဖုန်းဆက်စုံစမ်းနိုင်ပါတယ်:။ ကော့မှူး ကွမ်းခြံကုန်း ဒေးဒရဲ ဖျာပုံ ကျိုက်လတ် ဘိုကလေး လပွတ္တာ မြို့တွေမှာ ဂျီအက်အမ် တာဝါတိုင်တွေ အမြန်ထောင်သင့်ပါတယ် ဖုန်းဈေးကိုလည်း နိုင်ငံတကာဈေးအတိုင်း ရောင်းသင့်နေပါပြီ ခုတော့ နာဂစ်ကို အကြောင်းပြုပြီး ဘိုကလေးမှာ ကမ်းရိုတန်း စီဒီအမ်အေ တာဝါအတင်းထောင်ပါတယ် အဲဒီကမ်ရိုးတန်း စီဒီအမ်အေဖုန်းကို သန်းနှစ်ဆယ် နဲ့ အတင်းရောင်းနေပါတယ်: ဒီနေ့မနက် မှာ ရန်ကုန်က ကယ်ဆက်ရေး ကားတွေကို လှိုင်သာယာတံတားမှာ ပိတ်ထားတယ် လို့ ကြားပါတယ် စုံစမ်းပေးကြပါ
ကိုဝကြီး
20 May 08, 11:53 အခုသန်းရွှေဘိုကလေးကိုရောက်နေတယ် ဗျို့ အထက(1)ထဲကလူတွေအားလုံးကို ပြောင်းခိုင်းပြီးမှလာတာတဲ့ သူလာရင် ဒုတ်ခသည်တွေအများကြီး မတွေ့ချင်ဘူး ပြောလို့တဲ့ဗျို့ မြို့ထဲကိုမလှည့်ဘူးတဲ့ လေယာဉ်ပေါ်ကဆင်းပြီးတာနဲ့ အထက(၁)ကိုဝင်ပြီးဓါတ်ပုံရိုက်ခံ ဗွီဒီယိုအရိုက်ခံမယ် ပြီးရင် ပြန်မယ်တဲ့ သူ့လူတွေကို လေဘေးသင့် ပြည်သူယောင်ဆောင်ပြီး ထည့်ထားတယ်။
Aung:

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */