“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, May 07, 2008

စေတနာမရှိတဲ့ နအဖ..


အမေရိကန် နိုင်ငံသမတ ဘွတ်ရှ်က.. မြန်မာပြည်အတွက် မုန်တိုင်းဘေး အကူငွေ ဒေါ်လာ ၃ သန်း ကျော် ထောက်ပံ့ကူညီသွားမှာပါ ။ ကုလသမဂ္ဂနဲ့  တခြားနိုင်ငံများမှလည်း..အကူအညီတွေ တဖွဲဖွဲရောက်ရှိနေကြပါပြီ။ ဒီမုန်တိုင်းမှာ လူ တသန်းကျော် က အိုးအိမ်မဲ့ ဖြစ်နေ။ သေသူဦးရေက.. တဖြေးဖြေး တိုးလာနေ။
အစာမရ ရေမရ..ထပ်သေကြ.. ရောဂါ ရမဲ့ လူတွေ..
အချိန်တိုင်း အရေးကြီးနေတဲ့အချိန်.

VOTE ကိစ္စဘဲပြောပြောနေတဲ့ လူယုတ်မာများ.
ဂေါက်ရိုက် မပျက်တဲ့ မိစ္ဆာများ။
ပြည်သူ အပေါ် ဘာအကြင်နာထားသလည်း။ ဗိုလိချုပ်မှုးကြီး ဆိုတဲ့လူ..သူ သမီး..စိန်စီ မင်္ဂလာပွဲကျ တဖြီးဖြီး တဟီးဟီး.. မျက်နှာပြောင်ကြီး ပြပြပြီး..
သေနေတဲ့ ကိုယ် တိုင်းသူ ပြည်သား တွေ မိသားစူတွေ အပေါ် အကြင်နာ ဂရုဏာလေးနဲ့ အားပေးဖေါ်တောင် မရ..
ဒီအာဏာရှင်..ဘာအသုံးကျသလည်း.။ အရေးအကြောင်းကျ ကိုယ်တော်ချောက မျက်နှာတောင်ထွက် မပြရဲ ဘူး..

လာလို့  ၀ိုင်းကူမဲ့ နိုင်ငံတကာ အဖွဲ့အစည်းနဲ့ စေတနာရှင်တွေ ပြည်ဝင်တာ...VISA စောင့်နေရတယ်တဲ့ ဗျာ..
မီးလောင်လို့  မီးသတ်ပေးမလို့  အသက်ကယ်မဲ့ မီးသတ်သမား ကို..ဘာလို့ တံခါးပိတ် ထားရသလည်း။
အသက်ပြင်းပြီး မသေသေးတဲ့ လူတွေ လာကယ်ခွင့်ပေးပါလား.. တံခါးမရှိ ဓါးမရှိ ဖွင့်ပေးတော့ ဘာဖြစ်မှာတဲ့ လည်း။ လာကယ်တဲ့ လူတွေဘဲဥစ္စာ။ ခုတော့ အချိန်ဆွဲ ပိုကြံ့ကြာအောင် တမင် လုပ်နေတယ်။

ဒီလို အရေးကြီးတဲ့ အချိန် ကျ..ကျွန်တော်ထို့  အားလုံးပိုင်တဲ့ အားလုံး ဆိုင်တဲ့ တရုပ၊် ထိုင်းတို့ ကို ရရာ မတရား အောက်ဈေးနဲ့ ရောင်းထားတဲ့ ဓါတ်ငွေ့ သိုက် ရောင်းရငွေတွေ. ကျောက်သံပတ္တမြား ရောင်းရငွေတွေ....ခြစားကုန်ပြီလား..ဘယ်နေရာ ခြေပေါက် ရောက်သွားပြီလည်း။

ပြည်သူ ငတ်နေတာ ကြည့်နေတဲ့ စစ်အာဏာ ပါးကွက်သားတွေ..
ခုထဲကသာ သရဏဂုံတင်ထားလိုက်ပါတော့ ။ ဒင်းတို့  ပြေးစရာမြေမရှိတော့ ပါဘူး။
ပြည်သူက သိနေပါပြီ..ဘာကောင်က ဘာလည်းဆိုတာ။ ဒီလောက်ညံ့မယ် ပြည်သူကို ထင်သလား ။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */