“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, May 08, 2008

ပြည်သူ က နိုင်ငံတော် အာဏာကို သိမ်းပိုက်လိုက်ခြင်း။


အမေရိကန် သမတ ဘွတ်ရှ်က.လူသားချင်း စာနာ ထောက်ထားစာနာ စွာဖြင့် အမေရိကန်ရေတပ်အား မြန်မာနိုင်ငံ လေဘေး ကယ်ဆယ်ရေုး လုပ်ငန်းများတွင် ကူညီပေးမည် ဖြစ်ကြောင်း၊ မြန်မာအစိုးရက မိမိတို့ ၏ ကူည်ီလက် ကိုလက်ခံပါက မိမိ တို့  အဆင်သင့် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါတယ်။
မုန်တိုင်းဒဏ်၏ နောက်ဆက်တွဲဖြစ်သော ပတ်ဝန်းကျင် သန့်ရှင်းစေမှု။ ရေသန့် စင်မှူ လုပ်ငန်းများ မပြူလုပ်နိုင် ပါကကူးစက်ရောဂါပေါင်းများစွာ ဖြစ်ပွါးပြီး အပြစ်မဲ့ ပြည်သူ လူပေါင်းများစွာ သေကြေပျက်စီးဦးမည် ဖြစ် ပါ သည်။

အမေရိကန်ရေတပ်အား လိုအပ်မှူ အားလုံးပြင်ဆင်၍ မြန်မာအစိုးရ၏ နိုင်ငံတွင်း ကုညီရန် ၀င်ရောက်ခွင့် ခွင့်ပြုချက် ပေး မပေးကို စောင့်နေကြပါသည်။ လေတပ်မှ C -130 လေယာဉ်တင် စစ်သင်္ဘော ထိုင်းနိုင်ငံ တွင် အဆင် သင့်ပြင်ကာ အခြားသင်္ဘောတစီးက လမ်းခုလပ်တွင် လာရောက်နေကြောင်း လေတပ် ပြောခွင့်ဆိုခွင့် ရှိ အရာရှိ Megan Orton က ပင်တဂွန် စစ်ဌာနချုပ်တွင် ဗုဒ္ဓဟူးနေ့ မနက်တွင် ပြောကြားပါသည်။

" မြန်မာ အစိုးရက အကယ်၍ လက်ခံလိုက်တာနဲ့  ကျွန်မတို့  လေဘေးသင်ြ့ပည်သူတွေ ဘာလိုအပ်တယ်.ဘာ တွေ အလေးထားပြီး ကျမတို့ လုပ်ရမယ်ဆိုတာ သိပြီးသားပါ. ဒီလေယာဉ်ပျံတွေနဲ့  သွားပြီး အရောက် ကူညီဖို့ ပါဘဲ။"

ထိုင်းပင်လယ်ကွေ့ တွင်အဆင်သင့်ရှိသော ရေတပ်သင်္ဘော များဖြစ်သည့်  the USS Essex, the USS Juneau နှင့် the USS Harper's Ferry - တို့ ကလည်းအဆင်သင့် အနေအထားဖြင့် အမိန့် စောင့်ဆိုင်း နေကြပါသည်။

ရေတပ်လေယာဉ်တင်သင်္ဘော The Essex သည် ကမ်းတက်သဘောင်္ဖြစ်ပြီး ရဟတ်ယာဉ် ၂၃ စီး၊ ( ၁၉ စီးမှာ သဘောင်္ပေါ်မှ ကုန်သေတ္တာများကို ကမ်းပေါ်အရောက် သယ်ပေးနိုင်သော ကုန်သယ်ရဟတ်ယာဉ် များဖြစိပြီး. ကမ်းတက်တပ်သား ၁၅၀၀ အင်အားပါရှိပါသည်။

ရေတပ်လေယာဉ်တင်သင်္ဘော The Essex သည် ၄ ရက်ကြာအောင် မုန်တိုင်းဒဏ်ကျ နေရာသို့ မောင်းနှင်ရ မည်ဖြစ်ပြီး သင်္ဘော မရောက်မီ စပ်ကြား ရဟတ်ယာဉ် များကို ကနဦး စေလွတ် ကူင်္ညီမှုကို စတင်သွား မည်ဖြစ်ပါသည်.။ ရဟတ်ယာဉ် များသည် နာရီပိုင်းအတွင်း ရောက်သွားကြပြီး စစ်သင်္ဘော မရောက်မီ ကယ်ဆယ် မှုလုပ်ငန်း များကို စတင်သွားမည်ဖြစ်ပါသည်။

သို့ သော် မြန်မာပြည် နေပြည်တော်ရှိ လူကြီးလူကောင်း အမည်ခံ အာဏာရှင် များသည်. မိမိ မသေသေး သောကြောင့် လူတသိန်း ဘဲ ကုန်ကုန် ဆက်ရင်းနှီးရန် ၀န်မလေးဘဲ ဆက်လက် မိုက်မဲနေဆဲ..ကူညီရန် လက် ကမ်းသည်ကို..နတ်ပြည်မလိုက်ဘဲ မိုက်မဲစွာ ခုန်ချနေဆဲဖြစ်ပါသည်။

နိုင်ငံတခု တွင် အရေးကြီးဆုံးက ပြည်သူဖြစ်ပါသည်။

ပြည်သူအများဖွဲ့စည်း၍ သာ တိုင်းနိုင်ငံဖြစ်လာရပါသည်။ လူ တသိန်းနီးပါး (သို့ ) ကျော်လွန် သေကြေနေသော အချိန် အခါ၌ တွင်ပင်...ရာဇပလ္လင်ပေါ်က ဖျာ စုတ်ကိုမက်၍ မိမိ လူသေ နံ့ မရ..။ လူသေတာတွေ မမြင်ရ။ မိမိ အမျိုး မသေပါက.ရေငုံ နှုတ်ပိတ်၍ " ကုလားမကြား။ င့ါနား မကြား " အော်နေသော.ရှင်ဘုရင်ရူးတသိုက်အား . .ကျန်ရှိသော လူဦးရေ လူသန်း ၅၀ က..ပြန်လှန်ရန် မရဲသင့်သည်မှာ...အဘယ်ကြောင့်ပါနည်း.။

စဉ်းစားကြည့်စေလိုပါသည်။ ငါနေသောနေရာ ပင်လယ်နား မနီးသော်လည်း သဘာဝဘေးအန္တရာယ်သည် နေရာတိုင်းတွင်ရှိသည်.။ အသက်ဘေးသည် စက္ကန့် တိုင်းတွင်ဖြစ်နိုင် ပျက်နိုင်သည်။ မိုးခေါင်။ မိုးကြီး ။ တောင်ပြို တောမီးလောင်. ငလျှင်။ ဆူနာမိ။ လေဘေး။ ရေဘေး။ ရောဂါဘေး အမျိုးမျိုးသော မမြင်ရသော ဘေးအန္ထရာယ်များသည် သင်နှင့် လက်တကမ်းတွင် ရှိပါသည်.။

ဤ အချိန်တွင် ဒုက္ခရောက်သူ များကို နအဖ မကယ်လျှင်..

သင် တောင်ပြို၍ ပိနေလျင်...သရဏဂုံသာ မိမိဖာသာ တင်လိုက်ပြီး သေရန်သာ ဖြစ်သည်။ သင့်ခန္ဓာ မပုပ် သေးသ၍ နအဖ စစ်သားသည် ကယ်ဆယ်ရန် လာရောက်မည်မဟူတ်။

သင် သေသော်လည်း မြေမြူပ် သဂြိုလ်ပေးမည် မဟူတ်ဘဲ နီးစပ်ရာ ချောင်းမြောင်း အမှိုက်ပုံတွေ တွင် ခွေးသေ၀က်သေ ပစ်လိမ့်မည်။

အသိရကြပါ..ညီရင်း မောင် နှမများ..
အရက်မူး၍ ရမ်းနေသော..အစာငတ်ခံထား လှောင်ပိတ်ထားသော...အမိနိုင်ငံ ကို မုဒိမ်းကျင့်ပြီး မတရားနှိပ်စက် နေတဲ့ ကောင်တွေ ထက်...သနားကြင်နာ ထမင်းကြွေးသော အိမ်နီးနား သူငယ်ချင်းအပေါ် နားလည်ကျေးဇူးတင်တတ်ပါစေ။

အားလုံးညီညာ တသံထည်းထွက်ရမည်။။

စစ်အာဏာရှင်သည် လူမဆန်သော မတရား အစိုးရဖြစ်သည်။ terrorist ဖြစ်သည်။

ပြည်သူ့ အခွင့်အရေး ပြည်သူပိုင်ရမည်။
ပြည်သူ၏ အသက်စည်းစိမ် သည် ပြည်သူသာ ပိုင်ရမည်။
ပြည်သူ့ အချုပ်အခြာ အာဏာသည် ပြည်သူဘဲပိုင်ဆိုင်ရမည်။

အရေးပေါ်အခြေ ကြေညာ၍ တိုင်းပြည်၏ အချုပ်အခြာ အာဏာ ကို..ပြည်သူ က နအဖထံမှ ပြန်လည် သိမ်းပိုက်လိုက်ပါပြီ။

ပြည်သူ၏ အကူအညီလိုအပ်မှုအရ...နိုင်ငံတကာ အကူအညီ အဖွဲ့ များ တခါးမရှိ ဓါးမရှိ ၀င်လာကြပါစေ။
ဤ မြေသည် ကျွန်ုပ်တို့ ပိုင်သည်..ကျွန်ုပ်တို့ ဆိုင်သည်။
ကျွန့်ပ်တို့ ကို ကူညီမည့် သူအား..ပြည်သူများ ရွေးချယ်လက်ခံမည်.
စစ်အာဏာရှင် ချုပ်ငြိမ်းပါပြီ။။ ဆင်းပါတော့ နအဖ။
ပြည်သူများက သင့် အား အလိုမရှိတော့ပြီ။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */