“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, May 07, 2008

မိုးပေါ်ထောင် ပစ်ရုံလေးပါ။

အမေရိကန်ပြည်ထောင်စု ရေတပ်က..မုန်တိုင်းဘေး ရေမြောနေသူတွေ ကယ်ဆယ်ဖို့ ဝင်ရောက်ပေးနိုင် ကြောင်း .၀င်ရောက်ခွင့် ရအောင်ကြိုးစားနေကြောင်း သိရှိရပါတယ်။
ကြီးမားတဲ့ နိုင်ငံလည်းဖြစ် ပထ၀ီ မြေအနေအထား။ ကွဲပြားတဲ့ သဘာဝ ဘေးအန္တရာယ် အမျိုးအစား အမျိုးမျိုး ရှိတဲ့ အမေရိကန် ပြည်ထောင်စုဟာ သူတို့ ရဲ့ စစ်တပ်။ ရေတပ်။ လေတပ်။ ကမ်းတက်တပ်။ ကမ်းစောင့်တပ် တွေကို သေသေချာချာ.ဒီလို သဘာဝဘေး အန္တရာယ် ကာကွယ်ရေး လုပ်ငန်းတွေမှာ ကျွမ်းကျင်သင်တန်းပို့ ချထားတာပါ။
ရေမြောနေတဲ့ ကြောင်ကလေး ခွေးကလေး က အစ အသက်တချောင်းကို တန်ဖိုးထား ကယ်ယူပေးပါတယ်။
ဒီလို လူတွေ သောင်းကျော် သေနေ ပျောက်နေတာ..စေတနာနဲ့ လာကယ်တာပါ.
ဒါကို နအဖ က ရာဇပုလ္လင် လာလှုပ်တယ် ထင်နေပါတယ်။ မတရား ယူထားတော့ ကျောမလုံဘူးပေါ့လေ။
အမှန်က အမေရိကန် က မလုပ်ချင်လို့ ပါ။ လုပ်ချင်ရင် အမေရိကန်က ကြမ်းချင်ရင်.နအဖ ဘယ်နှစ်ရက် မှ ခံမချနိုင်ပါ။ မိုးပေါ်က အရှိန်နဲ့ဆင်းလာမဲ့  ဒုံးကျည် ၁၀ လုံးလောက်နဲ့ပဲ ပြတ်ပါတယ်။ ကဒါဖီ တောင် လေကျယ် ရာက အမြီးကုပ် သွားဘူးပါတယ်။
ပြည်သူတွေ ကိုရင်းပြီး..စတေးပြီး သွေးခင်းတဲ့ ရာဇပုလ္လင် ကိုမက်နေတာက နအဖ ပါ။
ပြည်သူ အင်အား (people power ) သုံးပြီး နအဖ ကို တရားမ၀င် အစိုးရ ကြေငြာဖို့  အချိန်တန်နေပါပြီ။ တိုင်း ပြည်ရဲ့ အချုပ်အခြာ အာဏာဟာ..အမှန်က ပြည်သူ လက်ထဲမှာပါ။ ပြည်သူ့ အရေး ပြည်သူဘဲပိုင်တယ် ။ ပြည်သူဘဲ ဆိုင်တယ်. မိတ်ဆွေကောင်း ဆိုတာ..ကိုယ်ဒုက္ခရောက်တဲ့အချိန်မှာ ရှိမှ မိတ်ဆွေကောင်းပါ။

ကဲ နအဖ ကို မတရားအသင်းကျေညာကြပါစို့ ရဲ့ ။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */