“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, May 19, 2008

ယောက်ျား ဖောင်စီး တဲ့ဟေ့..စီးရဲပါသလား ဒို့ ယောက်ျားဘသား

ချစ်ခင်ရသော..မြန်မာပြည်သားများ ခင်ဗျား.

မုန်တိုင်းဖြစ်ပွါးခဲ့တာ..၂ ပတ်ကျော်ခဲ့ပါပြီ..ကျန်ရစ်တဲ့ အစာရေစာကလေးတွေနဲ့ တရက်တမိနစ် တစက္ကန့် အ သက် ရှင်နေရတဲ့ ဒုက္ခသည်များလည်းရောဂါပေါင်းစုံ နဲ့ ငတ်မွတ်မှုကြောင့် စက္ကန့်  တိုင်းမှာ သေကြေနေကြ ပါပြီ..

အုပ်စိုးတဲ့ အစိုးရ ဆိုသောသူများက နိုင်ငံတကာ အထောက်အပန့် များကို မောင်ပိုင်စီး ပြီး ဆက်သွယ်ရာခက်ခဲ ဒေသများ က ဒုက္ခသည်များလည်း အတွက် ဘာတခုမှ ထောက်ပန့် မှူ ထိထိ ရောက်ရောက် မလုပ်ဘဲ..လက် ပိုက်ကြည့်နေကြပါတယ်..

လာရောက်ပြီးစေတနာနဲ့ ကယ်ဆယ်မဲ့ အမေရိကန် ပြင်သစ် အင်္ဂလိပ် စစ်သဘောင်္တွေ..မြန်မာ့ ကမ်းရိုးတန်း ရဲ့ အနီး မိုင် ၂၀ ကျော်..ကမ္ဘာ့ ရေပိုင်နက်ထဲမှာ ရောက်ရှိနေပါတယ်.

သူတို့ ကိုမကြောက်ကြပါနဲ့ ..သူတို့  မြန်မာပြည်သူတွေအပေါ်စေတနာထားပြီး ကူညီပေးဖို့  လာတာပါ။
ဒီစစ်သင်္ဘောတွေ မိုင် ၁၃ ကျော် ( မိုင် ၂၀ ရဲ့ အောက် ) အတွင်းနီးကပ်နေတဲ့ အခါ..မြန်မာ ပြည် သူများအ နေနဲ့.. အခွင့် အရေးကို အသုံးချစေချင်ပါတယ်..

တာဝန်သိသိကမ်းရိုးတမ်းနေ ပြည်သူများသို့  စစိသဘောင်္များ ကယ်ဆယ်ရန် ရောက်ရှိနေ ကြောင်း အ ကြောင်းကြားပေးကြပါ။

ရရာ.သစ်ဝါးများဖြင့်.လှေ သဘောင်္ ဖောင်များ ပြုလုပ်၍..ဤ စစ်သဘောင်္များကို..ရှာဖွေကြပါ။

အစာရေစာ မရဘဲ..နောက်ဆုံး မိသားစု ငတ်သေခြင်းထက်..အားမကုန်မီ..ယောက်ျားများ..ပင်လယ်ပြင်သို့  ထွက်၍ ကယ်သူ ရှာဖွေ ခြင်းက ပို၍ အကျိုးရှိမည်ဟု ယူုဆရသည်။
စစ်သင်္ဘော၏ တည်ရှိရာ..အနီးကပ်ဆုံးနေရာကို..ရရှိရန် စုံစမ်းပေးပါမည်။ မည်သည့် လတ္တီတွဒ် လောင် ဂျီတွဒ်တွင် တည်ရှိနေသည်။
ဤ အကြောင်းအရာနှင့် ပတ်သက်၍ စာရေးသူအား အငြင်းပွါးလိုက ပွါးကြပါ.. ဆဲလိုက ဆဲပါ။ စစ် သဘောင်္များ အား ဖြစ်နိုင်ချေ..တွေ့နိုင်ချေ..သည်.. ၅၀ % ၊ ၅၀ % ဖြစ်၏။

သို့ သော် ကျွန်တော်သာ ဆိုပါက ဘာမလုပ်ဘဲ ထိုင်၍ အငတ်ခံမသေနိုင်ပါ။ မသေမီနောက်ဆုံးမိနစ် အထိ..ကြိုးစားပြီးမှ သေမည်..
ယောက်ျားဖောင်စီး.ဆိုသောစကားရှိပါသည်။ သေတော့မည့် ဘ၀ကို..အဆုံးဟု တွက်ထားပါက..ရေတွင် နောက်ထပ် အသက် ဆုံးသည်မှာလည်း မဆန်းတော့ပါ။

ဇနက္ကထုံးနှလုံးမူပါ။ နအဖ အကူုအညီစောင့်ရသည့် မျော်လင့်ချက်ထက်..ပင်လယ်ပြင်ထဲက အပ်တချောင်း စစ်သင်္ဘော များကို ရှာရသည်က...အနည်းငယ်ပို ရာခိုင်နှုန်းရှိမည်ဟု ယူုဆသည်။
ဘ၀တွင်.မိမိ သေလူ ဟု တွက်ပါက..အသက်ရှင်ရသော နောက်ဆုံးစက္ကန့်  သည်ပင်..အရသာ ရှိပါလိမ့်မည်။
သစ်ဝါး ရှာဖွေ ဖောင်လုပ်ပါ..

အလံဖြူ ကို တိုင်ထူ၍ အဆင်သင့် ယူသွားပါ။
စစ်သင်္ဘောမြင်လျှင်..အလံဖြုဝှေ့ ရမ်းပြပါ။ သူတို့ ကယ်ဆယ်ပါလိမ့် မည်။ သူတို့ ဆေးကုပေးပါမည်။ သူတို့  ပြုစု အစာကြွေးပါမည်။

ဤ စွန့် စားမှု သည် အသက်အန္တရာယ် အလွန်များသည်။ မှားယွင်းလျှင် သေကြေနိုင်သည်။ မြန်မာ NAVY မှ..အမြင်ကတ်၍ လှေတစီးလုံးကျွတ် လူအပြောင်အစင် ပစ်သတ်နိုင်သည်။ ညအခါ လရောင်သုံး ၍ တိတ်တဆိတ် ထွက်ခွာကြပါ။ ဧရာဝတီတိုင်းသည် ရေသမားများ အများစုနေထိုင် ရာဖြစ်သောကြောင့် ပင်လယ်ကို ကျွမ်း ကျင် သည်။ ဒီရေ အတက် အဆုတ်ကို နားလည်သည်။.နက္ခတ် တာရာကြည့် လှေကြောင်း သွားလာနိုင်သည်.။ သို့ ဖြစ်၍ ဤ အကြံ ကို.ကျွန်ုပ် ပေးပါ သည်.။

ဘာမှမကြိုးစားဘဲ ထိုင်နေသည်ထက်စာက..ထသွားသည့် အကျိုးကို ချိုင်းထောက်ကူလျှင် လမ်း လျှောက်နိုင် ပါဦးမည်။ ကျိုးနေတာဘဲ မထူးပါဆိုသောသူသည်..အငတ်ခံသေ ရောဂါဖြစ်သေရူံမှ မှတပါးမရှိ..
ယောက်ျားပီသပါ..ရဲရင့်ပါ.. သေလျှင်..ငါးစာဖြစ်၍ ရှင်လျှင်.ရွှေထီးဖြစ်ပါသည်.

ယောက်ျားတို့ လုံ့ လ သေခါ မှလျှော့ကြပါ
ကံတရားသည်..ဘ၀၏ ရှင်သန်စေရေးဖြစ်သော်လည်း
ဥာဏ်မရှိက.ကံတရားသည်လွဲဖယ်သွားနိုင် ပါသည်..
ဝီရိယ သည် လူ့၏ တန်ဖိုး ဖြစ်ပြီး..
ကံ .ဥာဏ် ၀ီိရိယ သုံးပါးစလုံးညီညွတ်နိုင်ကြပါစေ။.. ရေပြင် ကိုရွက်တိုက်ကြပါ။
အစာသည် သင်တို့  နှင့်လက်တကမ်းတွင်ရှိသည်။


ဘာမားတူဒေးမှ ကူးယူဖော်ပြပါသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */