“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, May 10, 2008

ရွေလက်ဖြင့်ခေါ်သည်။ ခွေးရူးကို ကြောက်ရန်မလို။ ၀င်သာလာခဲ့

နအဖခွင့်ပြုချက်ကိုစောင့်စရာမလိုဟု ပြည်တွင်းရှိ သံဃာ၊ ကျောင်းသားများကပြောကြား

ဖနိဒါ
သောကြာနေ့၊ မေလ 09 2008 17:02 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ နိုင်ငံတကာအနေနှင့် နအဖ ခွင့်ပြုချက်ကို မစောင့်ဘဲ လေဘေး ဒုက္ခသည်များအတွက် အကူအညီ အမြန်ဆုံး ပေးပို့ရန် ပြည်တွင်းရှိ ဒီမိုကရေစီရေး လှုပ်ရှားသူ သံဃာ၊ ကျောင်းသားအဖွဲ့များက ယနေ့ တိုက် တွန်းပြောဆိုလိုက်သည်။

လူ့အသက်ပေါင်းများစွာကို အချိန်မီ ကယ်တင်နိုင်ရေးအတွက် ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ် ချက် အရ ဖြစ်စေ၊ သက်ဆိုင်ရာ နိုင်ငံတခုချင်း၏ ဆုံးဖြတ်ချက်ဖြင့်ဖြစ်စေ ကယ်ဆယ်ရေး အကူ အညီများ အမြန်ဆုံး ပေးရန်အတွက် ၈၈ မျိုးဆက်ကျောင်းသားများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃတပ်ပေါင်းစုနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) က နိုင်ငံတကာကို စုပေါင်း တောင်းဆိုလိုက် ခြင်း ဖြစ်သည်။

"နိုင်ငံတကာက စေတနာအပြည့်နဲ့ ပေးဖို့ကိစ္စမှာ နအဖ ဟာ ပြည်သူလူထု မျက်နှာကို မကြည့်ဘဲနဲ့ သူ့အာ ဏာအတွက်ရယ်၊ သူ့အကျိုးအမြတ် ထုတ်နိုင်ဖို့အတွက်ကို ပိုပြီး အာရုံထားပြီးတော့ နိုင်ငံတကာ အကူအညီကို နှောင့်နှေးကြန့်ကြာအောင် လုပ်နေတယ်။ အဲဒီတော့ ဧရာဝတီတိုင်း ထဲမှာ ကယ်ဆယ်ရေးတွေ တစ်နာရီ နောက်ကျတာနဲ့အမျှ လူတွေ ထောင်ပေါင်းများစွာသေရတယ်။ မသေဘဲနဲ့ မေ့မျောနေတဲ့ လူတွေကို အများကြီး ကယ်ဆယ်ဖို့ အရေးကြီးနေတယ်" ဟု ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုထွန်းမြင့်အောင်က မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃတပ်ပေါင်းစု အဖွဲ့ကြီးမှ အရှင် ဦးသြဘာသ က နိုင်ငံတကာမှ စေတနာဖြင့် ကူညီပံ့ ပိုးပေးမည့် ကယ်ဆယ်ရေး ကူညီမှုများကို နအဖ အနေနှင့် လိုက်လျောသင့် ကြောင်းနှင့် အချိန်ဆွဲနေလျှင် မုန်တိုင်းကြောင့် ဆက်လက်ပြီး ရောဂါကပ်ဆိုးများ ကျရောက်နိုင်ကြောင်း မိန့်ကြားသည်။

ယနေ့ထုတ်ပြန်သည့် အဖွဲ့ ၃ ဖွဲ့၏ ပူးတွဲကြေညာချက်တွင် မုန်တိုင်းဒဏ်ကြောင့် မြန်မာပြည်သူ သန်း ၂ဝ ကျော် အတိဒုက္ခ ရောက်နေရချိန်တွင် နအဖ က ပြည်သူလူထုကို ကူညီရေး၊ ကယ်ဆယ် ရေးနှင့် ပြန်လည် နေရာ ချထားရေး လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ရမည့်အစား စစ်အာဏာ ရှင်စနစ် တရားဝင်ဖြစ်ရေးအတွက် ဖန်တီးထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လာမည့် စနေနေ့ တွင် လူထုဆန္ဒခံယူပွဲဖြင့် အတည်ပြု နိုင်ရေးကိုသာ ဦးစားပေးဆောင်ရွက်နေသည်ကို တွေ့ရသည် ဟု ဆိုထားသည်။

သို့ပါ၍ မြန်မာပြည်သူများ အနေဖြင့် ပြည်သူလူထုကို မတရားသဖြင့် အုပ်ချုပ်အနိုင်ကျင့်နေသော၊ ပြည်သူလူထု၏ ဆင်းရဲဒုက္ခများကို လျစ်လျှူရှုပြီး မိမိတို့ အာဏာတည်မြဲရေးကိုသာ ဦးထိပ်ထားသည့် နအဖ စစ်အာဏာရှင်များအား ဆန္ဒခံယူပွဲတွင် မဲပြားပေါ်၌ ကြက်ခြေခတ်ခြင်းဖြင့် ပြတ်ပြတ်သားသား ကန့်ကွက်ပါရန် တိုက်တွန်းထားသည်။

"မုန်တိုင်းမလာခင်မှာ ကြိုတင်သတိပေးတာ လုံလောက်မှု၊ ထိရောက်မှု မရှိဘူး။ ဆန္ဒခံယူပွဲအတွက် ကိုပဲ ထပ်ခါ တလဲလဲ ပြောနေတယ်။ မုန်တိုင်းကျအပြီး နိုင်ငံတကာက အကူအညီပေးမယ် ဆိုတာ ကိုလည်း အချိန်ဆွဲ နေတယ်လေ။ နအဖ က လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ အမြန်ဆုံး ကူညီဖို့နဲ့ ဒီလောက် ဒုက္ခ ရောက်နေတာကို ဆန္ဒခံယူပွဲ အတင်းထောက်ခံဖို့၊ အတင်းအတည်ပြုဖို့ လုပ်နေတာကို ကန့်ကွက်တယ်" ဟု ဗကသ ကျောင်းသူ မနှင်းပွင့်ဝေက ပြောသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်ကလည်း မင်းဆိုးမင်းညစ် လက်ထက်တွင် စီးပွား ရေး နောက်ကျကာ ယခုလို သဘာဝ ဘေးအန္တရာယ်များက အစ ကြိုတင် ပြင်ဆင်နိုင်စွမ်း ရှိမည် မဟုတ်သဖြင့် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် လူထုဆန္ဒ ခံယူပွဲတွင် ကန့်ကွက်မဲ ထည့်ကြပါရန် ပြောဆိုလိုက်သည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */