“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, May 19, 2008

အားလုံး သာဓုခေါ်နိုင်ဖို့ ပါ (ရန်ကုန်သတင်း)

အ၀တ်အစားအတွက် ကတော့ စလုံးတစ်ခုတည်းနဲ့တောင် တော်တော်များပါတယ်...ပြီးခဲ့တဲ့ စနေ တနင်္ဂနွေမှာ တင် အ၀တ်အထည် ၄ တန်ခန့် လမ်းပြကြယ်မှ လက်ခံရရှိပါတယ်...မနေ့က ၁.၃တန်လောက်ကို ဘန်း ကျော
်ပြန်မယ့်သူ ၁၉ ဦးနဲ့ ထည့်ပေးလိုက်ကြောင်း သိရပါတယ်...ဂိုထောင်အခမဲ့ငှားရမ်းသူများလည်း ရှိပါတယ်တဲ့..

ကျွန်တော်တို့တွေ ရင်မောနေရတာကနေ နည်းနည်း ဟာသလေးပြောရရင် လှူတဲ့အထဲမှာ နိုင်ငံခြား သားများက နက်တိုင်များပါ လှူဒါန်းကြောင်း (ရွာသားတွေစတိုင်ထွားလို့ရတာပေါ့နော် )... မြန်မာလူမျိုး တစ်ဦးမှာ သူအိမ်က သုံးလက်စ ဘလန်နာ (သစ်သီးဖျော်စက် ) တစ်လုံး လှူကြောင်း ( မီးမှ မလာ ပါဘူး စားစရာမရှိပါဘူးဆိုမှနော် သူက သစ်သီးဖျော်စက်တဲ့ ) .. သို့သော်လည်း လှူတာကို ပဲ သာဓုခေါ် ထိုက် တဲ့ အတွက် လက်ခံထားကြောင်း...အဓိက လိုနေတာ ကိုကျော်သူမှ ပြောတာက ပုဆိုးများဖြစ်ကြောင်း အဲဒါ ကြောင့် မရွှေဇီးကွက်မှာ(နိုင်ငံတစ်ကာမှ လှူဒါန်းငွေများထဲမှ ) တစ်နေ့က ပုဆိုး သိန်း ၅၀ ဖိုး ၀ယ်ယူလှူဒါန်း ခဲ့သလိုစလုံး လွယ်ဟိန်းကုမ္ပဏီမှ လည်း မနေ့က ပုဆိုး အထည် ၁၀၀၀၀ လှူဒါန်းခဲ့တယ် လို့သိရပါတယ် ခင်ဗျား... သာဓု သာဓု သာဓု ပါခင်ဗျာ...

အ၀တ်အထည်များမှာ အမျိုးသားဝတ်များမှာ အမျိုးသမီးများ ၀တ်လို့အဆင်ပြေသော်လည်းသိတဲ့အတိုင်း အမျိုးသမီး အ၀တ်အထည်များမှာ အမျိုးသားများအတွက်အဆင်မပြေလို့ ပုဆိုးတွေ ပိုမို လိုအပ် တာဖြစ်ပါတယ်...နာကူအဖွဲ့မှလည်း မနေ့က မိုးကာစတာလပတ်များ ၀ယ်ယူပြီးဖြစ်ကြောင်းရက် အနည်း ငယ်အတွင်းလှူဒါန်းနိုင်မှာ ဖြစ်ကြောင်းလည်း ကြားသိရပါတယ်...(အစတွေဖြတ်ရဦးမှာမို့ ချက်ချင်း မလှူဒါန်း နိုင်တာပါခင်ဗျာ )

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */