“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, May 16, 2008

ဒုက္ခသည် ပစ္စည်းသုံးမှ ခေတ်မီတယ်

လေဘေးထောက်ပံ့ရေးပစ္စည်း မှောင်ခိုဈေးကွက် ဖြစ်ထွန်း
မဇ္ဈိမသတင်းဌာန၊ မေလ ၁၅ ရက် ၂၀၀၈

နယူးဒေလီ။ ။ မြန်မာလေဘေး ဒုက္ခသည်များအတွက် ပေးပို့ထားသည့် နိုင်ငံခြားအကူအညီများဟု ယူဆရသည့် အစားအစာနှင့် လူသုံးကုန်ပစ္စည်းများကို ရန်ကုန်မြို့ရှိ ဈေးအချို့တွင် ရောင်းချနေသည်။

နိုင်ငံခြားထုတ် ဘီစကွတ်မုန့်များ၊ အသားခြောက်၊ ခေါက်ဆွဲခြောက်ထုပ်များနှင့် မိုးကာ၊ တာလပတ်များကို ရန် ကုန်မြို့ရှိ ညောင်ပင်လေးဈေး၊ မင်္ဂလာဈေး၊ ဘိုကလေးဈေး၊ သိမ်ကြီးဈေးနှင့် အခြားဈေးအချို့တွင် ရောင်း ချနေသည်ကို မြို့ခံများက တွေ့မြင်နေရခြင်း ဖြစ်သည်။

"ကျနော် ဝယ်ခဲ့တာက စီအန်အီး (အစိမ်းရောင်)၊ အမ်စီအက်၊ ပီအမ်ယူအက်၊ ဒီအိုင်အက်၊ အိုင်တီ စတဲ့ ထိုင်း နိုင်ငံ၊ ဂျပန်နိုင်ငံနဲ့ တရုတ်နိုင်ငံတို့က ဘီစကွတ်မုန့်မျိုးစုံနဲ့ ဥရောပနိုင်ငံထုတ် ရယ်ဒီမိတ် အသားချောင်းတွေ၊ ခေါက်ဆဲ ခြောက်တွေ။ ဒီဈေးမှာ တခါမှမတွေ့ဖူးတာတွေ" ဟု ညောင်ပင်လေး ဈေးတွင် ကိုယ်တိုင်ဝယ်ယူ သူတဦးက မဇ္ဈိမကို ပြောပြသည်။

ဈေးထဲတွင် တွေ့မြင်နေရသော ဘီစကွတ်မုန့်များနှင့် ပြီးခဲ့သည့် ၁၁ ရက်နေ့က ဒဂုံမြို့သစ်တောင်ပိုင်းရှိ လေ ဘေးဒုက္ခသည်များကို အာဏာပိုင်များက ဝေငှပေးသည့် မုန့်အမျိုးအစားများသည် တူညီနေသည်ဟု မြို့ခံတဦးက ပြောသည်။

မဇ္ဈိမ သတင်းထောက်တဦး ကိုယ်တိုင်လည်း မင်္ဂလာဈေးထဲတွင် ကြက်ခြေနီတံဆိပ်ပါ တစ်ရှုး ပါကင်ထုတ်များ ရောင်းချနေသည်ကို တွေ့ရှိခဲ့ရသည်။

ယင်းကုန်ပစ္စည်းများကို ရေတပ်ဝန်း (ရိက္ခာသိုလှောင်သည့်တပ်) မင်္ဂလာဒုံ၊ သံလျင်နှင့် လပွတ္တာမှ ကျန်ရှိသည့် စစ်တပ်များမှ စစ်ကားများဖြင့် သယ်ဆောင်လာကာ ဈေးများတွင် ရောင်းချနေခြင်းဖြစ်သည်ဟု မျက်မြင်သက်သေ ရန်ကုန်မြို့ခံတဦးကလည်း အတည်ပြု ပြောဆိုသည်။

"ညောင်ပင်လေးဈေးက ဆိုင်တခုမှာလည်း ဘီစကွက်တွေ တွေ့တော့ ကျနော်ခဏ စောင့်ကြည့်နေပါတယ်။ ဈေးရောင်းတဲ့သူက ဈေးလာဝယ်တဲ့ သူတွေကို နိုင်ငံခြားက ဘီစကွတ်ဆိုပြီး ရောင်းချနေတယ်" ဟု သူကပြော သည်။

သူ၏ မိတ်ဆွေ လေယာဉ်ကွင်း ဝန်ထမ်းတဦး၏ နေအိမ်မှာလည်း လေဘေးကယ်ဆယ်ရေး စားသောက် ကုန် ပစ္စည်း များကို တွေ့မြင်ခဲ့ရသည်ဟု သူက ဆက်ပြောသည်။

"လေယာဉ်ကွင်း အလုပ်သမားအိမ်ကို မနေ့က ကျနော်အလည်သွားတော့ ငါးသေတ္တာဗူး ၁ ဒါဇင်၊ ဘီစကွက်မုန့် ၅ ထုပ်တွေ့လို့ ကျနော်ကမေးတော့ အလုပ်ကရလာတာတဲ့" ဟု သူက ပြန်ပြောပြသည်။

လူမူကယ်ဆယ်ရေး လုပ်ဆောင်နေသူတဦးကလည်း သူလည်းပဲ လေဘေးဒုက္ခသည်များအတွက် ပေးပို့ထားသည့် လူသုံးကုန်များကို ရန်ကုန်မြို့ရှိ ဈေးများတွင် ရောင်းချနေသည်ကို တွေ့ရှိခဲ့ရကြောင်း ယခုလို ပြောသည်။

"ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ သူတွေက ဓာတ်ပုံတွေ အထောက်အထားတွေ ရယူထားတာ ရှိတယ်။ ညောင် ပင်လေးဈေးမှာ ဂျပန်နိုင်ငံအလံနဲ့ World Foods Program (WFP) ဆိုတဲ့ စာတမ်းပါတဲ့ ဆန်အိတ်၊ နို့ဆီတွေ ရောင်း နေတယ်။ (UNH) စာတန်းပါတဲ့ ခြင်ထောင်တွေကို ဘားလမ်းထိပ်မှာ ရောင်းနေတာ ရှိတယ်။ ခေါက်ဆွဲ ခြောက်ထုပ် ၁ ထုပ်ကို ၆ဝဝ နဲ့ ညောင်ပင်လေးဈေးမှာ ရောင်းနေတယ်။ ဒိ့ထက် ပိုဆိုးတာကတော့ လူနာတွေ အိပ်ဖို့အတွက် အသုံးပြုတဲ့ အမေရိကန်တဲ (ယာယီတဲ) တွေကို ၈၇ဝဝဝ နဲ့ မင်္ဂလာဒုံဈေးမှာ ဝယ်လို့ရပါတယ်" ဟု သူက ပြောသည်။

“စားနပ်ရိက္ခာတွေ အပြင်မှာ ရောင်းစားတာနဲ့ ပတ်သက်ပြီး လောလောဆယ် အတိအကျ မသိရသေးပါဘူး။ စုံစမ်းနေဆဲပါပဲ။ ကျနော်တို့ အနေနဲ့ ဒုက္ခသည်တွေဆီ အမြန်ဆုံး ရောက်ရအောင် ရည်ရွယ်ပါတယ်။ ဒီကိစ္စက အရမ်းကို အရေးကြီးတဲ့ ကိစ္စ ဖြစ်ပါတယ်။ အစားအသောက်တွေကို ဒုက္ခသည်တွေဆီ အလျင်အမြန် ပို့နိုင်ဖို့ လိုပါတယ်” ဟု အမေရိကန်နိုင်ငံ နယူးယောက်ရှိ IFRC (ကမ္ဘာ့ ကြက်ခြေနီ အဖွဲ့)မှ မီဒီယာ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ Matt Cachrame က ပြောသည်။

ထိုင်းအခြေစိုက် WFP ၏ အာရှဒေသ ပြောခွင့်ရ ပုဂ္ဂိုလ် မစ္စတာ Paul Risley ကလည်း ဒုက္ခသည်များအတွက် ထောက်ပံ့ပစ္စည်းများကို အာဏာပိုင်များက ပြင်ပတွင်ရောင်းစားနေသည့် ကိစ္စနှင့် ပတ်သက်၍ အတိအကျ မသိ ရသေးကြောင်းနှင့် မှန်ကန်မှု ရှိ၊ မရှိကိုမူ အမြန်ဆုံး အစီရင်ခံစာ ရရှိနိုင်ရန် ကြိုးပမ်းဆဲ ဖြစ်ကြောင်း ပြောသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */