“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, May 09, 2008

နအဖ ခွင့်ပေးမှ ၀င်ရမလား..ပြည်သူခေါ်တယ်၊ လာပါ ကူချင်သူရေ S .O .S

သံဆူးကြိုးကြားထဲက မြန်မာပြည်ကြီးပါ။ အနောက်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့များကို ဗီဇာထုတ် မပေး ဖို့  စစ်အစိုးရ အမိန့်ထုတ် ညစ်စုတ်ထားတယ်
(ဆုံဆည်းရာ) မှ သတင်းကို ဖော်ပြပါသည်။
NEJ/ ၈ မေ ၂၀၀၈

မြန်မာနိုင်ငံ နာဂစ်မုန်တိုင်း ဒုက္ခသည်များအတွက် အကူအညီပေးမည့် နိုင်ငံတကာအဖွဲ့များကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးရန် နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံခြားရှိ မြန်မာသံရုံး များကို လျှို့ဝှက် ညွှန်ကြားထားသည်။

နိုင်ငံတကာ ကယ်ဆယ်ရေး အကူအညီပေးမည့် အဖွဲ့များ မြန်မာနိုင်ငံကို ကူညီလိုသည်ဆိုပါက မြန်မာနိုင်ငံတွင် ကျွမ်းကျင်ပညာရှင်များ ရှိပြီးဖြစ်၍ ငွေနှင့်ပစ္စည်းသာ လက်ခံမည်ဖြစ်ပြီး ကူညီမည့် နိုင်ငံခြားသား များကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးရန် မလိုကြောင်း နေပြည်တော် နိုင်ငံခြား ရေးဝန်ကြီးဌာနက နိုင်ငံခြားရှိ မြန်မာသံရုံးများကို ယခုကဲ့သို့ လျှို့ဝှက် ညွှန်ကြားထားခြင်းဖြစ်သည်ဟု နေပြည်တော် အရာရှိ တဦးက ပြောသည်။

အမည်မဖော်လိုသည့် နိုင်ငံခြားမှ မြန်မာသံရုံးဝန်ထမ်းတဦးကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက အမိန့်ထုတ် ထားသည်မှာ မှန်ကန်ကြောင်း အတည်ပြုပြောသည်။

ထိုင်းနိုင်ငံနှင့် ပတ်သက်သည့် ကယ်ဆယ်ရေး အကူအညီပေးမည့် အဖွဲ့များကိုသာ လက်ခံပြီး ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးရန်နှင့် အထူးသဖြင့် အနောက်နိုင်ငံများမှ ကယ်ဆယ်ရေးအကူအညီ ပေးမည့်အဖွဲ့များကို ဗီဇာထုတ် မပေးရန် ညွှန်ကြားထားသည်ဟု စုံစမ်းသိရသည်။

နိုင်ငံခြား မြန်မာသံရုံးဝန်ထမ်း အတော်များများကလည်း မုန်တိုင်းဒုက္ခသည်များကို စာနာသည့် အပြင် နိုင်ငံခြားရေးဝန်ကြီးဌာန အမိန့်ကို မကျေနပ်သည့်အတွက် အတိုက်အခံများ အနေဖြင့် မြန်မာသံရုံး အသီးသီးသို့ ဆန္ဒပြသင့်သည်ဟု ယူဆကြောင်း သံရုံးဝန်ထမ်းတဦးက ပြောသည်။

မြန်မာနိုင်ငံ နာဂစ်မုန်တိုင်း ဒုက္ခသည်များအတွက် နိုင်ငံတကာ ကယ်ဆယ်ရေး အကူအညီ ပေးမည့်အဖွဲ့များကို အမြန်လက်ခံရန် အမေရိကန်သမ္မတနှင့် ကုလသမဂ္ဂတို့က ဖိအားပေး တောင်းဆိုနေချိန်တွင် မြန်မာစစ် အစိုးရက ယခုကဲ့သို့ အနောက်နိုင်ငံမှ ကူညီသူများ မလာနိုင်ရန် ပိတ်ဆို့ထားခြင်း ဖြစ်သည်။

သို့သော် မြန်မာစစ်အစိုးရအနေဖြင့် အစိုးရမဟုတ်သည့် (NGO) အချို့ကို မုန်တိုင်းဒဏ်ခံရသည့် ဒေသများသို့ သွားခွင့်ပြုသကဲ့သို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ကိုလည်း အကူအညီပေးရန် ခွင့်ပြုထားကြောင်း ရန်ကုန် အနောက်တိုင်း သံတမန်တဦးက ခေတ်ပြိုင်ကို ပြောသည်။

ရန်ကုန်မြို့ရှိ မုန်တိုင်းကြောင့် ပြိုလဲသွားသည့် သစ်ပင်များအား ရှင်းလင်းနေသည့် စစ်သားများ ကိုလည်း လမ်းပေါ်ရှိ သစ်ပင်သစ်ကိုင်းများကိုသာ ရှင်းလင်းရန်ဖြစ်ပြီး ပြည်သူများ၏ နေအိမ် အပျက်အစီးများကို ကူညီရှင်းလင်းခြင်းမျိုး မလုပ်ရန် သက်ဆိုင်ရာ အာဏာပိုင်များက ညွှန်ကြား ထားသည်ဟု စုံစမ်းသိရသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */