“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, May 08, 2008

မုန်တိုင်းလွတ် ဒေသများ ထောက်ခံမဲ လိုက်ဆွယ်နေတဲ့နအဖ။


ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့၌ လေဘေးဒုက္ခသည်တွေ အလောင်းတွေ တောင်ပုံနေတဲ့အချိန်.မိဖမဲ့ ခလေးလေးတွေ..အားငယ် ငတ်ပြတ်နေချိန်..
ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကိစ္စ..ဘာများ အရေးကြီးတာလည်းဗျ

ရန်ကုန်တိုင်းရှိ မြို့နယ် ၄၀ နှင့် ဧရာဝတီတိုင်း ၇ မြို့နယ် တို့ကို ဆန္ဒခံယူပွဲ ပြုလုပ်ဖို့  မေလ၂၄ရက် နေ့ သို့ ပြောင်းရွှေ့ တာတောင် အလောင်းတွေ သဂြိ င်္ုလ်ရမဲ့ကိစ္စ။ ပတ်ဝန်းကျင်အညစ်အကြေး အမှိုက် တွေ ရှင်းလင်းရမဲ့ကိစ္စ။ နာမကျန်းသူတွေ ဆေးကုသရမဲ့ကိစ္စ။ ကြွင်းကျန်သူအိုးမဲ့ အိမ်မဲ့တွေကို ထောက်ပံ့ကူညီရမဲ့ ကိစ္စ.
ဘယ်လိုမှအချိန်မီ စရာမ၇ှိပါ။

ပဲခူးတိုင်း အနောက်ဘက်ခြမ်းရှိ နတ်တလင်းမြို့နယ်နှင့် မင်းလှ မြို့နယ် ၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ မန္တလေး တိုင်းတို့တွေမှာ အကြို ဆန္ဒမဲနှင့် ထောက်ခံမဲများကို မဲရုံးမှူးများနှင့် သက်ဆိုင်ရာမြို့နယ် ရယက များက လူထု အားခြိမ်းခြောက်ခြင်း၊ မက်လုံးပေးခြင်းများ ပြုလုပ်၍ ကောက်ခံနေကြောင်း ဒေသခံများက ပြောကြတယ်.။

“ဘာအတွက်မဲပေးရမှန်းမသိတဲ့ ရွာသူရွာသားတွေကို အမှန်သာခြစ်လိုက်တော့၊ ထောက်ခံမဲသာပေး လိုက်ပါ ဆိုတဲ့ ကလိမ်ကကျစ်နည်းနဲ့ထောက်ခံမဲပေးရအောင်ကြံစည်နေကြတယ်။'

ရဲများက လုံခြုံရေးလိုက်ပေးနေတဲ့ ၈၈၈၈ ကျောင်းသား ရွှေရည်စိမ် အေးလွင်နှင့်အဖွဲ့သည် ထောက်ခံမဲထည့် ရန် ရေးထားသည့် စာရွက်စာတမ်းများကို လူထုကြားသို့ ဖြန့်ဝေနေကြတယ်။

သို့သော် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အဖွဲ့မှ နယ်သို့ စည်းရုံးရေး ဆင်းသူများကို ထောင် ဒဏ် ၃ နှစ်နှင့် ကျပ်ငွေ ၁ သိန်းပေးရမည်ဟု အာဏာပိုင်များက ထုတ်ပြန်ပြောဆိုကြောင်း အန်အယ်လ်ဒီ အဖွဲ့ ဝင်တဦးကပြောသည်။

မန္တလေးတိုင်းတွင် ထောက်ခံမဲများကို နှစ်ခါပေးရမည် ဟူသတတ်။
ဝန်ထမ်းတွေက ဌာနဆိုင်ရာတွေမှာလည်းပေးရမယ်၊ ရပ်ကွက်မှာလည်းပေးရမယ်လို့ ဆိုပါတယ်။
ဈေးချိုထဲမှာ ဆိုလည်း ဈေးထဲ မှာလဲထည့် ။ ရပ်ကွက်ထဲမှာလည်း ထည့်ရမယ်
ဆိုတာနဲ့ ၂ ထပ်ပြန် ထောက်ခံမဲလို ချင်နေတာပါ.

မန္တလေးမြို့ အိုးဘိုထောင်ရှိ ရာဇဝတ်သားအကျဉ်းသား ၁၅၀၀ခန့်ကို ထောင်ပိုင်ကြီးနှင့်ထောင်မှူးတချို့တို့က ၎င်းတို့ရှေ့ မှောက်တွင် အမှန်ခြစ်ခိုင်းကာ စာရင်းများရယူသွားကြောင်း ။ မိထ္ထီလာနယ်။ ရှမ်းပြည်နယ် တို့ မှာ ထောက်ခံမဲပေးရန် ခြိမ်းခြောက်ခြင်း၊ မက်လုံးပေးခြင်းဖြင့် စည်းရုံးရေးဆင်း နေကြပါတယ်.

့် မြန်မာ့အလင်းသတင်းစာ မျက်နှာဖုံးစာမျက်နှာတွင်လည်း “ယခုအခါ ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲ ကျင်းပရန် ရက်ပိုင်းသာ လိုတော့သည့်အချိန်ဖြစ်ပြီး ဆန္ဒမဲပေးရန်အတွက် ပြည်သူလူထုက စိတ်အား ထက်သန်စွာမျှော်လင့် ချိန်ဖြစ်ပါသည်” ဟု ပါရှိသည်။

လူအများ သေကြေ ပျက်စီးနေသော..သေကြေ ပျက်စီးလတ္တံသော.ပြည်သူများ အပေါ် ငဲ့ညှာမှု လုံးဝမရှိဘဲ..ကိုယ်မြင်းကိုယ်စိုင်း..သည်မဟုတ်..သူများမြင်းကို အကျောကြီးနဲ့ ဌား၍ သေအောင် မြင်းစီးနေသော နအဖ အား တော်လှန်ကြရမည် ဖြစ်ကြောင်း။ နှိုးဆော်လိုက်ရပါသည်။
သတင်း ဧရာဝတီ။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */