“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, October 01, 2008

မှန်တာ ရေးရင်..အပိတ်ခံနေရပြီ။

ရန်ကုန်အခြေစိုက် ဂျာနယ် ၂ စောင် ပိတ်ပင်ခံရ
ဧရာဝတီ အောက်တိုဘာ ၁၊ ၂၀၀၈

မြန်မာအပတ်စဉ် ထရူးနယူးစ် (True News) ဂျာနယ် မျက်နှာဖုံးတွင် မြန်မာကလေး အလုပ်သမား ဓာတ်ပုံကို ပုံကြီး ဖြင့် ဖော်ပြလိုက်သောကြောင့် ၂ လတာ ပိတ်ပင်ခံရပြီး အက်ရှင်တိုင်းမ်စ် (The Action Times) ဂျာ နယ်ကိုလည်း စည်းမျဉ်း စည်းကမ်း မလိုက်နာသောကြောင့် ၁ လ ပိတ်ပင်လိုက်ကြောင်း မြန်မာသတင်း ဂျာနယ် အသိုင်းအဝန်းမှ ကြားသိရသည်။


ဖူးခက်ရောက် မြန်မာကလေး အလုပ်သမားဓာတ်ပုံ ဖော်ပြသောကြောင့် True News ဂျာနယ် ပိတ်ပင်ခံရသည်
“မနေ့ကညနေက ထရူးနယူးစ် ဂျာနယ်နဲ့ အက်ရှင်တိုင်းမ်စ် ရှာနယ် တွေက အယ်ဒီတာတွေကို စိစစ်ရေးက ပိတ်တယ်လို့ ခေါ်ပြောတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ပြောသည်။

ထရူးနယူးစ် ဂျာနယ် မျက်နှာဖုံးတွင် ကလေးအလုပ်သမားတဦး ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ အလုပ်လုပ် နေပုံကိုဖော်ပြထားပြီး ပုံစာတွင် “ဖူးခက်ကမ်းခြေအနီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုတွင် အလုပ်လုပ် နေသော မြန်မာကလေးငယ်တဦး” ဟူ၍ ရေးသားထား သောကြောင့် ပိတ်ပင်ခံရခြင်း ဖြစ်ကြောင်း ရန်ကုန် သတင်းအသိုင်း အဝန်းမှ သိရှိရသည်။

အက်ရှင်တိုင်းမ်(စ်) ဂျာနယ်ကိုမူ စာပေစိစစ်ရေးက ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ မလိုက်နာ သော ကြောင့် ပိတ်ပင်သည်ဟု ကြားသိရသည်။ ၎င်းဂျာနယ်ကို အောက်တိုဘာ ၂ ရက်နေ့မှ ၂၉ ရက်နေ့ထိ ပိတ်ပင် သည်ဟု စာပေစိစစ်ရေး၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်။

“အက်ရှင်တိုင်းမ်စ် ကတော့ ဘာလို့ပိတ်တယ်ဆိုတာ သေချာမသိရဘူး။ စည်းမျဉ်းစည်းကမ်း မလိုက်နာလို့ ဆို တာပဲ သိရတယ်။ ဖြစ်နိုင်တာကတော့ စိစစ်ရေးကဖြုတ်ခိုင်းတာတွေ ဖြုတ်ဖို့ကျန်သွားတယ်ထင်တယ်” ဟု အ လွတ်သတင်းထောက် တဦးကပြောသည်။

မြန်မာအပတ်စဉ်ဂျာနယ်များ အားလုံးသည် ဂျာနယ်မူကြမ်းများကို မထွက်ခင် တပတ်ကြို၍ စိစစ်ရေးသို့ တင်ရပြီး စိစစ်ရေး က ဖြုတ်ရန်ပြင်ရန်များကို ၂ ရက်ခန့်ကြည့်၍ ပြန်လည်ချပေးသည်။ ထိုမူကြမ်းကို ဖြုတ် စရာ ပြင်စရာများ ဖြုတ်ပြင်ကာ ဂျာနယ်ထွက်မည့် ပုံစံအတိုင်း အချောထိုင်၍ ထည့်သွင်းမည့်ကြော်ငြာများ နှင့်တကွ အတိအကျ စိစစ်ရေးသို့ ပြန်လည်ပြသ ရသည်။ အချောအဆင့်ကို စိစစ်ရေးက ခွင့်ပြုမှသာ ဂျာနယ်ကို စတင်ပုံနှိပ်ပြီး ဖြန့်ချိရခြင်းဖြစ်သောကြောင့် ဂျာနယ်တစောင် ထွက်ရန် လုပ်ငန်းအဆင့်ဆင့်မှာ တပတ် ခန့်ကြာမြင့်သည်။

“မူချောကျမှ ပုံနှိပ်ရတာလေ။ လွှတ်တုန်းကလွှတ်ပေးလိုက်ပြီး နောက်မှ အထက်က ခေါ်ဆူတော့မှ ဂျာနယ် ကိုပိတ်တာ ဖြစ်မယ်” ဟု ရန်ကုန်အခြေစိုက် သတင်းသမားတဦးက ထရူးနယူးစ် ဂျာနယ် ပိတ်ပင်ခံရမှုနှင့် ပတ်သက် ၍ သုံးသပ်သည်။

ခိုင်လုံသော သတင်းရပ်ဝန်းတခု၏ အဆိုအရ ထရူးနယူးစ် ဂျာနယ်တွင် ပါရှိသော သတင်းဓာတ်ပုံနှင့် ပတ်သက်၍ မြန်မာ နိုင်ငံစာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ညွန်ကြားရေးမှူးချုပ် ဗိုလ်မှူး တင့်ဆွေကို ပြန်ကြားရေး ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက ဖိအားပေးကြိမ်းမောင်းသည်ဟု သိရသည်။

ထရူးနယူးစ် ဂျာနယ်ကို သမဝါယမဘဏ်လိမိတက် (စီဘီဘဏ်) ဥက္ကဌ ဦးခင်မောင်အေး ပိုင်ဆိုင်ပြီး အယ်ဒီတာ ချုပ်မှာ ဦးသောင်းထိုက်ဖြစ်သည်။ အက်ရှင်တိုင်းမ်စ်ဂျာနယ်ကိုမူ ရုပ်ရှင်သရုပ်ဆောင် ရှားညိုက ပိုင်ဆိုင်သည်။http://www.irrawaddy.org/bur/news2008/October/Oct_01a_08.html

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */