“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, October 22, 2008

န အ ဖ တို့  ပြော သော တိုး တက် နေ တဲ့ မြန် မာ ပြည် အပိုင်း ( ၁၁ )

( န အ ဖ ) လက် ထက် တိုး တက် လာ သော စီး ပွါး ရေး အ သစ် ။
ငွေ စက္ကူ အ ရွက် အ မျိုး မျိုး ( အ သစ် ၊ အ ဟောင်း ) အ နုတ် လဲ လှယ် ရောင်း ၀ယ် မှု များ ။


( န အ ဖ ) လက် အောက် ကျွန် ဘ ၀ ရောက် ခဲ့ ရ ပြီး ၊ မြန် မာ့ ငွေ စ က္ကူ များ ပါ ၊ ဘ ၀ ပျက် ခဲ့ ရ သည် ။ သက် ရှိ လူ သား များ သာ မ က ၊ သက် မဲ့ ငွေ စ က္ကူ များ ၏ ဘ ၀ မှာ လည်း ၊ မြင် မ ကောင်း အောင် စုတ် ပြတ် ခဲ့ ရ သည် ။ အ လုံး စုံ ပျက် ဆီး ရေး လုပ် ငန်း အ ကောင် အ ထည် ဖေါ် ရာ တွင် ( န အ ဖ ) ဗိုလ် ချုပ် များ သူ မ တူ အောင် ကျွမ်း ကျင် ကြ ပေ သည် ။ နေ့  စဉ် သုံး စွဲ နေ သော ၊ အ သေး စား ငွေ စက္ကူ များ ဖြစ် ကြ သော ၊ ( ၅ ကျပ် တန် ၊ ၁၀ ကျပ် တန် ၊ ၂၀ ကျပ် တန် ၊ ၅၀ ကျပ် တန် ၊ ၁၀၀ ကျပ် တန် ) ချွင်း ချက် အ နေ ဖြင့် ၊ သူ တောင်း စား ပေး လျှင် ပင် မ ယူ တော့ သော ( ၁ ကျပ် တန် ) များ မှ အ စ ပြု ၍ ၊ ( ၂၀၀ ကျပ် တန် ၊ ၅၀၀ ကျပ် တန် ၊ ၁၀၀၀ ကျပ် တန် ) များ အ ထိ ၊ အ တော် များ များ ၊ ဟောင်း နွမ်း ဆွေး မြေ့ နေ ကြ ပြီး ၊ အ သက် ပြင်း ပြင်း ရှူ မိ လျှင် ပင် ကျွေ ကျ သွား မှာ စိုး ရ သ ဖြင့် ၊ အ သက် အောင့် ကာ ကိုင် နေ ရ ၊ အ ပြန် အ လှန် ချေး များ မ နေ နိုင် ပဲ ၊ ပေး တာ ကို ယူ နေ ရ ၊ လက် ခံ နေ ရ သည် ။ ငွေ တန် ဘိုး က သေး နေ ပြီ စ က္ကူ တန် ဘိုး က ပို ကြီး နေ ၍ အ သစ် ထပ် မ ရိုက် တော့ သော ကြောင့် ၊ ( ၁၀၀၀ ကျပ် တန် ) အ ရွက် သေး ငွေ စ က္ကူ များ မှ လွဲ ၍ ၊ အ သစ် စက် စက် ငွေ စ က္ကူ များ ကို မ မြင် ရ သ လောက် ဖြစ် နေ ပြီး ၊ ရောင်း ၀ယ် ဖေါက် ကား နေ ရ သော နေ ရာ များ တွင် လည်း ၊ ငွေ ပေး ချေ ခြင်း ၊ ပြန် အမ်း ခြင်း များ ပြု လုပ် ရာ ၌ လည်း ၊ အ ရွက် သေး ငွေ စ က္ကူ များ ရှား ပါး နေ သ ဖြင့် ၊ အ ခက် အ ခဲ မျိုး စုံ ကြုံ တွေ့  နေ ရ ပါ သည် ။၊

အမ်း ငွေ အ စား ၊ သ ကြား လုံး ၊ တစ် သျှူး ထုပ် ။ များ ကို အ စား ထိုး အမ်း နေ ရ သ ဖြင့် ၊ မိ မိ မ လို အပ် သော ပစ္စည်း များ ရ ရှိ ပြီး ၊ အ ပို ငွေ ကုန် ကျ မှု များ ၊ လူ တိုင်း တွင် နေ့  စဉ် ပေါ် ပေါက် နေ ကြ ရ သ ဖြင့် ၊ ( လ ချီ ၊ နှစ် ချီ )လာ လျှင် ၊ စု စု ပေါင်း ငွေ မှာ တော် တော် များ သွား ပေ ပြီ ။ ထို အ ခက် အ ခဲ ကြောင့် ၊ အမ်း ငွေ အ ရွက် သေး နှင့် ၊ အ လှူ အ တန်း လုပ် ရာ တွင် မြင် ကောင်း အောင် ထည့် သွင်း လျှူ ဒါန်း ရန် အ တွက် လို အပ် သော ငွေ စက္ကူ အ သစ် များ ကို ၊ မူ လ တန် ဖိုး ထက် ပို ပေး ပြီး ၀ယ် ယူ ရ သော စီး ပွါး ရေး ဈေး ကွက် တစ် ခု သည် လည်း ၊ ဘာဏ် ၀န် ထမ်း များ နှင့် အ တွင်း အ ပြင် ပူး ပေါင်း ကာ ပေါ် ပေါက် လာ ပါ သည် ။ ဤ စီး ပွါး ရေး လုပ် ငန်း မျိုး က မ္ဘာ ပေါ် တွင် မည် သည့် နိုင် ငံ တွင် မှ မ ရှိ ပါ ။ နိုင် ငံ အ သီး သီး တွင် ငွေ စက္ကူ အ သစ် များ ကို အ လို ရှိ သူ များ က ဘာဏ် များ မှ တိုက် ရိုက် ရ ရှိ နိုင် သော် လည်း ၊ ( န အ ဖ ) လက် အောက် က မြန် မာ ပြည် မှာ တော့ ၊ အသစ် ၊ အ ဟောင်း ၊ မျိုး စုံ ကို ဘာဏ် များ ၏ အ နီး အ နား တွင် ၊ စား ပွဲ များ ခင်း ၍ ရောင်း ချ နေ ပါ သည် ။ မူ လ ငွေ တန် ဘိုး ထက် ပို ပေး ပြီး ၀ယ် ခဲ့ ရ သော ငွေ အ ကြွေ ( အ နုတ် ) များ ကို အမ်း ငွေ သုံး ရ သ ဖြင့် ၊ ကုန် ပစ္စည်း များ ပေါ် တွင် ၊ တန် ဖိုး ကို တင် ယူ ရ ခြင်း ၊ အ ကြွေ ပေး လျှင် ဈေး တစ် မျိုး ၊ အ ရွက် ကြီး ပေး လျှင် ဈေး က တစ် မျိုး ၊ တစ် ချို့  က လည်း ( ၉၀၀ ) တန် ပစ္စည်း ကို အ အမ်း ခက် ၍ ( ၁၀၀၀ ) ရောင်း နေ ရ ခြင်း များ ဖြစ် ပေါ် လာ ရ ပါ သည် ။
ငွေ စက္ကူ ဈေး ကွက် က တော့ ၊ ကုန် သည် လမ်း နှင့် ကမ်း နား လမ်း ဘ လောက် ကြား ။ ယ ခင် အ ခေါ် ( မောင် ထော် လေး လမ်း ) ၊ ခြောက် ထပ် ရုံး ဘေး မှာ ဖြစ် ပါ တယ် ။
မ ကြား ဖူး တာ တွေ ကြား ရ ၊ မ မြင် ဖူး တာ တွေ မြင် ရ ၊ မ ကိုင် ဖူး တဲ့ ပိုက် ဆံ အ စုတ် တွေ ကို ကိုင် ရ ၊ ပြည် သူ တွေ အ မျိုး မျိုး ခံ စား နေ ရ သော် လည်း ။ ကိုယ် တိုင် ငွေ စက္ကူ ကို ကိုင် ပြီး ဈေး မ ၀ယ် ရ ပဲ ။ လို ချင် တာ မှန် သ မျှ မ ၀ယ် ရ ပဲ ၊ အ လ ကား ရ နေ သော ( န အ ဖ ) စစ် ဗိုလ် များ က တော့ ကိုယ် ချင်း စာ နိုင် မည် မ ဟုတ် ပါ ။
တိုး တက် မှူ များ ကား ( န အ ဖ ) လက် အောက် မှ အံ့ မ ခန်း ပါ ပဲ ခင် ဗျာ ။

( အ ဘ ယ )

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */