“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, October 17, 2008

ပါတီတွင်း သဘောကွဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် ၁၁၀ နှုတ်ထွက်

ဖနိဒါ ။ ကြာသပတေးနေ့၊ အောက်တိုဘာလ 16 2008 19:24 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်း အကြီးတန်း ခေါင်းဆောင်များနှင့် သဘောကွဲလွဲပြီး ရန်ကုန် တိုင်း ၁၉ မြို့နယ်မှ လူငယ် အဖွဲ့ဝင် ၁၁၀ ခန့်က ယနေ့ နှုတ်ထွက်လိုက်ကြသည်။

အတိုက်အခံ နိုင်ငံရေး ပါတီကြီးအတွင်း လူငယ်အဖွဲ့အတွက် ခေါင်းဆောင် ရွေးချယ်မှုအပေါ် ပါတီ ဗဟိုအလုပ် အမှုဆောင် အဖွဲ့နှင့် လူငယ်တို့ သဘောတူညီမှု မရနိုင်ဘဲ ဖြစ်ခဲ့ကြသည်။

"ကျနော်တို့ အနာဂတ်ကို ဦးဆောင်မယ့်သူကို ကျနော်တို့ အများသဘောတူ ရွေးချယ်ချင်တယ်။ ကျနော်တို့ကို ဦးဆောင်မယ့် လူငယ်က မြန်မာပြည်သူတွေကို ဦးဆောင်နိုင်ရမယ်။ နိုင်ငံရေး စိတ်ဓာတ်ရှိဖို့ လိုတယ်။ ဒါကြောင့် နှုတ်ထွက်မယ်" ဟု ယခင်က လူငယ်လုပ်ငန်းအဖွဲ့ (ဗဟို) မှ သတင်းနှင့် ပြန်ကြားရေး ကော်မတီ အဖွဲ့ဝင်တဦးဖြစ်သူ ကိုနေခြည်ဝင်းက ပြောသည်။

"ကျနော်တို့ကို တချို့က ပါတီကို ပြိုကွဲအောင် လုပ်တယ်လို့ ဝေဖန်တာတွေ ရှိမှာပါ။ ခံနိုင်ပါတယ်။ ဒါပေမယ့်လို့ ကျနော်တို့ အမြင်မှာ အလုပ်မဖြစ်တဲ့ စက်ခေါင်းကို တွန်းနေမယ့်အစား ကိုယ့်ခြေထောက်ပေါ် လျှောက်တာပဲ ကောင်းမယ်လို့ ယူဆလို့ လမ်းခွဲပါတယ်"

အဖွဲ့ချုပ် (ဗဟို) က လူငယ်လုပ်ငန်းများ ဖော်ဆောင်နိုင်ရေး အဖွဲ့တခုကို ယမန်နေ့ကပင် ဖွဲ့စည်းခဲ့သည်။

ပါတီအကြီးတန်းများက ရွေးချယ် ခန့်အပ်ခဲ့သူများမှာ - လူငယ်ကိစ္စ အကြံပေး ပုဂ္ဂိုလ်များအဖြစ် ဒေါ်မေနှင်း ကြည်၊ ဦးအုံးကြိုင်၊ ဒေါက်တာမျိုးအောင်၊ ကိုထွန်းဇော်ဇော်၊ ကိုတင်ထွဋ်ဦး၊ ကိုခင်ထွန်းတို့ ဖြစ်ပြီး လူငယ် လုပ် ငန်းများ ဖေါ်ဆောင်ရေး တွင် တာဝန်ခံ (၁) ကိုမျိုးညွန့်(ရန်ကုန်)၊ တာဝန်ခံ(၂) ကိုလှဦး(မန္တလေး)၊ တာဝန်ခံ (၃) ကိုအေးထွန်း(ရန်ကုန်)တို့ ဖြစ်သည်။

စည်းရုံးရေးမှူးနှင့် ၀ါဒဖြန့်ချီရေးတွင် ကိုမြင့်ဌေး(ရန်ကုန်)၊ ကိုမြင့်ငွေ(မကွေး)၊ သတင်းပြန်ကြားရေးနှင့် သုတေသနတွင် ကိုအောင်စိုး(တနင်္သာရီ)၊ အုပ်ချုပ်ရေးတွင် ကိုစောမောင်သိန်း (ပဲခူး)၊ ကိုဌေးငွေ(စစ်ကိုင်း)၊ လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးတွင် ကိုဘမောင်(ရန်ကုန်)၊ ကိုသင်းဇော်(ကချင်)တို့ ဖြစ်ကြသည်။

နှုတ်ထွက် လူငယ်အများစုမှာ လှည်းတန်း၊ ကမာရွတ်၊ အင်းစိန်၊ တွံတွေး၊ ပန်းပဲတန်း၊ ကျောက်တံတား၊ မရမ်း ကုန်း၊ တောင်ဒဂုံ၊ သန်လျင်၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ မင်္ဂလာတောင်ညွန့် စသည့်မြို့နယ်များမှ ဖြစ်ကြသည်။

အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ယခုလို အစုလိုက် အပြုံလိုက် နုတ်ထွက်ကြခြင်းနှင့် ပတ်သက် ပြီး ပါတီဌာနချုပ် အနေဖြင့် မည်သည့် သဘောထားကိုမှ မဆုံးဖြတ်သေးကြောင်း ပြောသည်။

"လူငယ်တွေ နှုတ်ထွက်သွားတာနဲ့ ပတ်သက်ပြီးတော့လည်း အန်ကယ်တို့ ဆုံးဖြတ်ရမယ့် ကိစ္စတွေလေ။ သူတို့ အနေနဲ့ အခုချိန် မပြောချင်သေးဘူးလို့ ပြောပါတယ်။ အခုချိန် ဘာမှ မသိရသေးဘူး။ သတင်း မထုတ်ပြန် သေးနဲ့လို့ ပြောထားလို့ မပြောပါရစေနဲ့" ဟု ဦးဥာဏ်ဝင်းက ပြောသည်။

နှုတ်ထွက်ရာတွင် ပါဝင်သူ ရှေ့နေ စောကျော်ကျော်မင်းက လူငယ်ဖွဲ့စည်းပုံအတွင်း ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ရာတွင် မြို့နယ်လူငယ်များ၏ သဘောဆန္ဒအား ပါတီ ဥက္ကဌ ဦးအောင်ရွှေက မျက်ကွယ်ပြုခဲ့ခြင်းကြောင့် နှုတ်ထွက်ကြခြင်း ဖြစ်သည်ဟု ပြောသည်။

"ကျနော်တို့ မူဝါဒအရ တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီအချိန်မှာ အဖွဲ့ချုပ်ကနေ လူငယ်တွေ စောင့်ဆိုင်း နေတာကို ပယ်ချလိုက်တယ်။ အဖွဲ့ချုပ်ရဲ့ အပြန်အလှန် ပြန်လည် လေးစားလိုက်နာရေး ဆိုတဲ့ အချက်ကို ပယ် ဖျက်လိုက်တာ ဖြစ်တယ်။ ချိုးဖောက်လိုက်ခြင်း၊ ဆန့်ကျင်လိုက်ခြင်း ဖြစ်တယ်။ လူငယ်တွေကို အရေးမထားဘူးလို့ ခံစားချက်နဲ့ နားလည်တာ မဟုတ်ဘူး။ အသိတရားနဲ့ ခံယူလိုက်ခြင်း ဖြစ်ပါတယ်"
http://www.mizzimaburmese.com/news/inside-burma/1829-2008-10-16-13-08-00.html

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */