ရန်ကုန်တိုင်း လှိုင်မြိုနယ် ပါရမီလမ်းမကြီးနှင့် သမိုင်းလမ်းဆုံ အနီးတွင် ငွေစက္ကူတထောင်တန်မှ ခြင်္သေ့ ပုံပေါ်တွင် ကြက်ခြေခတ် ခြစ်ထားခြင်းနှင့် ကြံ့/ဖွံ့ကဒ်၏ ခြင်္သေ့ပေါ်တွင် ကြက်ခြေခတ် ပြီး လမ်းတလျှောက် စာရွက်တော်တော်များများ ဖြန့်ဝေကြဲချခြင်းများ ပြုလုပ်ထားရှိကြောင်း စာရွက်တွေ့ရှိသူ လူထုမှ ပြောကြားသည်။ ထို့အပြင် အထက်ပါ ခြင်္သေ့ စာရွက်များပေါ်တွင် ဆော့ပင်ဖြင့် N C F F နှင့် T B M ဟု လည်း ရေးသားထားကြောင်းပြောကြသည်၊၊ထို စာရွက် စာတမ်းများ ဖြန့်ဝေကြဲချခြင်းနှင့်ပတ်သတ်ပြီး လှုပ်ရှားဆောင်ရွက်နေသော လူငယ်တစုမှ လှုပ်ရှားမှု့ပြုလုပ်ရခြင်းနှင့် ပတ်သတ်ပြီး အခုလိုပြောပါတယ်။ကျနော်တို့ ဒီလှုပ်ရှားမှု့ဟာ ဘုရားရှေ့က ခြင်္သေ့ကို ကြက်ခြေခတ်ခြင်းမဟုတ်ပါ။ ယခု လက်ရှိ အုပ်ချုပ်မင်း လုပ်နေသော စစ်အစိုးမရ တစု၏ မူတွေကော လုပ်နည်း လုပ်ဟန်တွေကော ဘာဆို ဘာတခုမှ မကြိုက်ပါ။သဘောမတွေ့ပါ ထို့အတူ လက်တဆုတ်စာ စစ်အုပ်စု ဖွဲ့စည်းထားသော အဖွဲ့အစည်း ဖြစ်သည့် ကြံ့ဖွံ့ အဖွဲ့နှင့်အတူ ၄င်းတို့ အသက်သွင်းထားသော ခွေးခြင်္သေ့အားလည်း လုံးဝ အသိအမှတ်မပြုပါ ဆိုတာ ကို စစ်အုပ်စုကော လူထုတရပ်လုံးကော သိအောင် ပြသသည့် လှုပ်ရှားမှု့ဖြစ်ပါတယ်။ ထို့အပြင် လက်ရှိအုပ်ချုပ်နေတဲ့ စစ်အုပ်စုကို ပြည်သူလူထုတရပ်လုံးကလုံးဝ အသိအမှတ်မပြုဘူးဆိုတာကို ပြသတဲ့ လှုပ်ရှားမှု့ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှု့ကို ရန်ကုန်တိုင်းအပြင် ကျန် ပြည်နယ်တိုင်းတွေမှာလည်း အခါအခွင့်သင့်သလို လှုပ်ရှားဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့နှင့်အတူ လူထုတရပ်လုံးမှ လည်း ပူးပေါင်းပါဝင် လှုပ်ရှားကြပါလို့ တိုက်တွန်းလိုက်ပါတယ် ၊၊စစ်အာဏာရှင် အလိုမရှိသူများRest of your post
Post a Comment
ဗမာ့သွေး ၁၆။၀၅။၁၁
“တရားဥပဒေအရ ရပ်တည်ပိုင်ခွင့်ရှိတယ်၊ မရှိတယ် ဆိုတာ ကို သူတို့ တရားရုံးက ဆုံးဖြတ်မှာ။ ဒါပေမဲ့ တကယ်ကို အဲန်အယ်လ်ဒီ က ရပ်တည်နိုင်လား၊ မရပ်တည် နိုင်လား ဆိုတာ ကိုတော့ ပြည်သူလူထု ကပဲ ဆုံးဖြတ်မှာပါ ” ဒေါ်အောင်ဆန်းစုကြည်
0 comments:
Post a Comment