“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, October 29, 2008

အဟမ်း အဟမ်း အမိန့် တော်မှတ်မယ်။

မင်းကိုနိုင် အပါအ၀င် ၈၈ ကျောင်းသားခေါင်းဆောင် ၉ဦးကို တရားရုံးမထေမဲ့မြင်မှုဖြင့် ထောင်ဒဏ် ၆လစီ အပြစ်ပေး

29 October 2008

၈၈ခေါင်းဆောင် ကိုမင်းကိုနိုင် အပါအ၀င် ၉ဦးကို တရားရုံးကို မထီမဲ့မြင်ပြုတဲ့ ပုဒ်မနဲ့ တရားလို အရာရှိဖြစ်တဲ့ ဦးမြကြိုင်ကနေ တရားစွဲဆိုခဲ့ပြီး တရားရုံးကို တင်ပြရာမှာ တရားရုံးက ဒီနေ့မှာ ထောင်ဒဏ် ၆ လ အပြစ်ပေး လိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျောင်းသားတွေရဲ့ အမှုလိုက်ရှေ့နေ ဦးအောင်သိန်းက ကြားသိရသမျှကို အခုလို ပြောပြပါတယ်။

“မင်းကိုနိုင်ရယ်၊ ကိုကိုကြီးရယ်၊ လှမျိုးနှောင်ရယ်၊ မြအေးရယ်၊ ဥာဏ်လင်း၊ ပြုံးချို၊ အောင်သူ၊ ဌေးကြွယ်၊ မျိုးရန်နိုင်တို့ ကိုးဦးကို အမှုကနေ ဖယ်ထုတ်ပြီးတော့ လျှောက်ထားတယ်။ သူတို့ကို တရားရုံးကို မထိလေးစား ပြုလုပ်တဲ့ ပုဒ်မ အရေးယူပေးဖို့ ဆိုပြီး ဦးမြကြိုင်က တရားရုံးကို လျှောက်ထားတယ်။ ပြီးတော့ အဲဒီ အမှုကို တရားရုံးက အမိန့်မချသေးဘူး။ ခဏ ဆိုင်းထားဦးမယ်လို့ ပြောတယ်။ ပုဒ်မ ၂၂၈အရ တရားရုံးကို အနှောက်အယှက်ပေးတယ်။ တရားရုံးကို အမှုစစ်ဆေးရာမှာ ဟန့်တား နှောက်ယှက်မှုတွေ ပြုတဲ့ အရေးယူပေးဖို့ လျှောက်တယ်။ ဒီနေ့ကျတော့ သူတို့ ၉ယောက်ကို ရုံးထုတ်တယ်။ သူတို့ကို ထောင်ဒဏ် ၆ လစီ ပြစ်ဒဏ်ပေးတယ်။”

ကျောင်းသားခေါင်းဆောင်တွေကို စွဲဆိုထားတဲ့ ထားတဲ့ ပုဒ်မတွေက အများကြီးရှိသေးပေမယ့် ဒီနေ့ စစ်တဲ့ အမှုထဲမှာတော့ အဲဒီ အမှုတွေ မပါလာပါဘူး။ http://www.voanews.com/burmese/2008-10-29-voa2.cfm

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */