“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, October 02, 2008

သင် ဘယ်သူကို..ရွေးမလည်း..

Who should be awarded the freedom of Salford?

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် မန်ချက်စတာ ယူနိုက် တက် ဘောလုံး အသင်းမှ ဂန္ထ၀င် ဘောလုံးသမားရိုင်ယန်ဂစ်တို့ နှစ်ဦးအနက် မည်သူ့ကို ဆုပေးရမည်ဆိုသည် ကို ဖရီးဒန်းအော့ဖ် ဆဲဖို့ဒ် (Freedom of Salford) ဆု ရွေးချယ်ရေး အဖွဲ့က ဆုံးဖြတ်ရ ခက်နေကြောင်း သိရ သည်။

ဖရီးဒန်းအော့ဖ် ဆဲလ်ဖို့ဒ် ဆုသည် အင်္ဂလန်နိုင်ငံ ဆဲလ်ဖို့ဒ်မြို့တွင် နေထိုင်ခဲ့ဖူးသည့် လူပုဂ္ဂိုလ် တဦးချင်း၏ စွမ်း ဆောင်မှု အရည်အချင်းကို လေးစား အသိအမှတ်ပြုသည့် အနေဖြင့် ယူနီဆန် ဆဲလ်ဖို့ဒ်အဖွဲ့က ရွေးချယ်ပေး အပ် သော ဆုဖြစ်သည်။ယင်းဆုကို ၁၉၇၅ ခုနှစ်ကနောက်ဆုံး ပေးအပ်ချီးမြှင်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှ ပြန်လည်ချီး မြှင့်ခဲ့ခြင်း ဖြစ်သည်။ ၂၀၀၅ ခုနှစ် နိုဝင်ဘာလတွင် ထိုဆုကို တောင်အာဖရိက လွတ်လပ်ရေးအတွက် တိုက်ပွဲဝင် ခဲ့သူ နယ်လ်ဆင် မင်ဒဲလားအား ချီးမြှင့် ခဲ့သည်။

1 comments:

Unknown said...

အာဇာနည်ဘလော့ပိုင်ရှင်ခင်ဗျား....သတင်းတင်ပြမှုနှင့်.....နအဖဆန့် ကျင်ရေးဝါဒဖြန့် ချီမှုကိုထောက်ခံအားပေးပါတယ်....အခုတင်ထားသည့်နှိုင်းရှင်ချက်ကိုမလုပ်သင့်ကြောင်းဝေဖန်လိုသည်....ဒေါ်အောင်ဆန်းစုကြည်သည်ယခုယှဉ်ပြထားသောဘောလုံးသမားနှင့်နှိုင်းထားသည်မှာဒေါ်အောင်ဆန်းစုကြည်အားတမင်ရွဲ့ အဆင့်ဆွဲချကာ၍နှိုင်းယှဉ်ရွေးချယ်ခိုင်းသည်နှင့်တူနေပါသည်။ကျွန်ုပ်တို့ အတွက်တော့ ဗိုလ်ချုပ်၏သမီးလူထုခေါင်းဆောင်ဒေါ်အာင်ဆန်းစုကြည်သည်မည်သူနှင့်မှနှိုင်းယှဉ်မရသောမြင့်မြတ်သောခေါင်းဆောင်တစ်ယောက်ဖြစ်ပါသည်။ဘလော့ပိုင်ရှင်သည်လည်းဤသိုပင်ခံယူမည်ဟုယူဆပါသည်...

 
----------------------------------------- */ /* EOT ----------------------------------------- */