“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, September 01, 2008

စိန်ခေါ်တယ်..မတရား အဓမ္မ..အာဏာရှင်စစ် လဒတွေ..

ကုလသမဂ္ဂရုံးချုပ်ရှေ့  “နအဖကို စိန်ခေါ်ခြင်း” နေ့ စဉ် နံနက် ၉ နာရီမှ နေ့ လယ် ၁၂ နာရီထိ ဆန္ဒပြပွဲကို ကျွန်ုပ်တို့  သြဂုတ် ၄ ရက်နေ့ က စတင်ခဲ့သည်။ ယနေ့ အချိန်ထိ နအဖ၏ ပြည်သူများ အပေါ်ရပ်တည်မှုသည် ပြီးခဲ့သည့် အနှစ် ၂၀ ကာလတလျှောက်က အတိုင်း ပြောင်းလဲမှုမရှိဘဲ ရက်စက်စွာဖြင့် အုပ်ချုပ်လျက် ရှိနေဆဲ ဖြစ်သည်။

လက်ရှိကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ ခရီးစဉ်မအောင်မြင်ရခြင်းမှာ နအဖတွင် တာဝန် ရှိသည်။ ပြီးခဲ့သည့် နာဂျစ်မုန်တိုင်း ကာလအတွင်း ပြည်သူလူထု၏ အသက်အန္တရာယ်ကို လစ်လျူရှုထားခြင်း၊ ၂၀၀၇ စက်တင်ဘာ အရေးအခင်းမှ စတင်၍ သံဃာတော်များအား ပစ်သတ်ခြင်း၊ ထောင်ချခြင်း၊ နှိပ်စက်ခြင်းနှင့် စစ်ဖိနပ်များဖြင့် ချင်းနင်းဝင်ရောက်ပြီး သေနတ်ပြကာ ဘုန်းကြီးကျောင်း များမှ မောင်းထုတ်ခဲ့ခြင်းတို့ ကို ရင်နင့်ဖွယ်ရာ လုပ်ဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ်ကတည်းက စတင်သည့် ပြည်သူလူထု လွတ်မြောက်ရေး လှုပ်ရှားမှုသည် နအဖအား ဖြုတ်ချနိုင်မှသာလျှင် ဆုံးခန်းတိုင်မည်ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲအတွင်း ပြည်သူ့ ဆန္ဒအရ ရွေးကောက်တင်မြှောက်လိုက်သော ပြည်သူ့  ကိုယ်စားလှယ်များ ကသာလျှင် အစိုးရဖြစ်ရမည်။ နအဖသည် မြန်မာပြည်သူတို့ ၏ အစိုးရ မဟုတ်။ နအဖသည် အစိုးရ တရပ်၏ အင်္ဂါရပ်နှင့်လည်း မကိုက်ညီ မပြည့်စုံပေ။
ထို့ ကြောင့် ကျွန်ုပ်တို့ ၏ နေ့ စဉ် စိန်ခေါ်ဆန္ဒပြပွဲကို ဆက်လက်ကျင်းပသွားမည်ဖြစ်ရာ နယူးယောက် နှင့် အနီးနားရှိ မိဘပြည်သူများနှင့် နအဖပြုတ်ကျရေး ထောက်ခံသူတိုင်း ပါဝင်ပူးပေါင်းနိုင်ရန် အလို့ ဌာ အောက်ပါ အစီအစဉ်အတိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေး တိုက်တွန်းနှိုးဆော် အပ်ပါသည်။

ကျင်းပမည့်နေ့ ရက် - စက်တင်ဘာ ၁ ရက် မှ ၅ ရက်ထိ
အချိန် - နေ့ လယ် ၃ နာရီ မှ ညနေ ၆ နာရီထိ
နေရာ - ကုလသမဂ္ဂရုံးချုပ်ရှေ့ ၊ 43 Street နှင့် 1 Ave၊ နယူးယောက်မြို့ 
နှိုးဆော်သူများကို ဆက်သွယ်နိုင်ပါသည်။

ကျော်သက် - ၂၆၀-၄၆၀-၇၁၃၆
သန်းနိုင် - ၂၆၀-၈၀၄-၁၄၄၈
ရောင်ကြီးဗွေ - ၂၆၀-၅၁၅-၆၅၉၅

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */