အဆောက်အဦး ဆောက်ခွင့်ဆို.တာ..စာရွက်ကလေးတစ်ရွက်ပါဘဲ... နန်းတော်ဆောက်တာမှမဟုတ်..ပါပစ်ပေး..ဘာဖြစ်မှာလည်း..
ဟိုကောင်..သေနာ တေဇ ကျ..ဆောက်ခွင့်ကျပြီး..သူဆင်းရဲ ကုဖို့ ဇီဝိတဒါနဆေးခန်း ကျ မဆောက်ရဖူးတဲ့..စိတ်လေတယ်ဗျာ..ဘယိလိုနိုင်ငံ..ဘယ်လို ခန္ဓီစ သည်းခံမှူမျိုးတွေနဲ့ ဗမာလူမျိုးတွေ ပါလည်း...
နအဖတွေ က..ဘိုးဘွားပိုင် ဗမာမြေများ...သူယောက္ခမ ပိုင်တဲ့ ပစ္စည်းကျနေတာဘဲ..
သူယုတ်မာတွေ ထွီ...
နာရေးအသင်း ကုသိုလ်ဖြစ်ဆေးခန်း ပိတ်ရဖွယ်ရှိ
သဲသဲ
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 17 2008 21:30 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ ရန်ကုန်မြို့ နာရေးကူညီမှုအသင်း၏ ကုသိုလ်ဖြစ်ဆေးခန်း ရုံးအဆောက်အဦးအသစ် အချိန်မီ ဆောက်လုပ်ပြီးစီးခြင်း မရှိပါက လာမည့် ၁ဝ လ နောက်ပိုင်းတွင် ဆေးခန်းအား ပိတ်လိုက်နိုင်ဖွယ် ရှိသည်ဟု အသင်း ဥက္ကဌ ရုပ်ရှင်မင်းသား ဦးကျော်သူ က ပြောသည်။
အခမဲ့ နာရေးကူညီမှု အသင်း၏ သုခ ကုသိုလ်ဖြစ် ဆေးခန်းအား လက်ရှိ ဖွင့်လှစ်ထားသည့် ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်ရှိ ဘုန်းကြီးကျောင်းမှ လာမည့်နှစ် ဇူလိုင်လ နောက်ဆုံးထား ပြောင်းရွှေ့ရမည်ဖြစ်ရာ နေရာသစ်တွင် အဆောက်အဦး အချိန်မီ ဆောက်လုပ်မှု ပြီးစီးနိုင်ပါက ကုသိုလ်ဖြစ် ဆေးခန်းအား ပိတ်ရ မည်ဖြစ်ကြောင်း ယခုလို ပြောဆိုခဲ့သည်။
“ရက်ကျော်သွားရင် ကျနော်တို့ကတော့ လောလောဆယ် ရေဝေး သုဿန်က ရုံးခွဲမှာ ထိုင်ရမယ့် သဘော ရှိတယ်။ ဆေးခန်းကတော့ ပိတ်ထားရမယ့် သဘောရှိတာပေါ့” ဟု သူကပြောသည်။
လက်ရှိ အသင်းရုံးခန်းနှင့် ကုသိုလ်ဖြစ် ဆေးခန်းဖွင့်ထားသော ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်ရှိ ဘုန်းကြီးကျောင်းမှာ ကျောင်းဆောင်သစ် တိုးချဲ့လိုခြင်းနှင့် အိုးအိမ်ဦးစီးဌာနမှ မြေနေရာချထားပေးသည့် မြေကွက်တွင် အသင်းပိုင် အဆောက်အဦး အသစ် ဆောက်လုပ်ရန် လွန်ခဲ့သည့် ၂ လခန့်က တရားဝင် အ ကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။
အိုးအိမ်ဦးစီးဌာနမှ သတ်မှတ်ချပေးသည့် မြေနေရာသည် စုစုပေါင်း ၂ ဧက ကျယ်ဝန်းပြီး၊ ယခင်ပလတ်စတစ် အမှိုက်ပုံဟောင်း မြေပေါ်တွင် တိုင်များရိုက်ကာ ဖော်ဒေးရှင်း ချထားပြီးဖြစ်သော်လည်း အဆောက်အဦး ဆောက်လုပ်ရန် ခွင့်ပြုချက်အမိန့် စောင့်ဆိုင်းနေဆဲ ဖြစ်သည်။
“နေရာသစ်မှာ ရုံးခန်းနှင့် ဆေးခန်းကိုပါ တွဲဆောက်လုပ်ရမယ်။ သတ်မှတ်ချိန်အတွင်းမှာ အမြန်ဆောက်ရမှာဆို တော့ လောလောဆယ် အဆောက်အဦးအတွက် အလှူငွေလိုအပ်နေသေးတယ်” ဟု အသင်းဥက္ကဌ ဦးကျော်သူ က ပြောသည်။
ရန်ကုန်မြို့ နာရေးကူညီမှု အသင်းကြီးကို ၂ဝဝ၁ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး သေဆုံးသူများကို ဆင်းရဲ ချမ်းသာမရွေး အခမဲ့ ပို့ဆောင်သဂြိုလ်ပေခြင်း လုပ်ငန်းများအပြင် သုခကုသိုလ်ဖြစ် ဆေးခန်းကို ဖွင့်လှစ်၍ နေ့စဉ် လူနာပေါင်း ၁၅ဝ ကျော် ကို အခမဲ့ ကုသပေးလျက် ရှိသည်။

0 comments:
Post a Comment