“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, September 12, 2008

ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်နေ့ အစီအစဉ်


စက်တင်ဘာ(၂၆) ရက်နေ့သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ သံဃာတော်အရှင်သူမြတ်များ ဓမ္မဝိနယနှင့်အညီ မြန်မာပြည်သူပြည်သားများကာလကြာရှည်စွာကြုံတွေ့ခံစားနေရသော လူမှု ဒုက္ခအခက်ခဲများက ပြေလည် အောင် ဖြေရှင်းပေးရန် မေတ္တာပို့ခဲ့စဉ် ၊ လက်ရှိစစ်အစိုးရမှ ရက်ရက်စက်စက် နှိပ်စက်ဖြိုခွင်းခဲ့သဖြင့် သွေး မြေကြခဲ့ရ သောနေ့တစ်နေ့ဖြစ်ပါသည်။
ယင်းဖြစ်ရပ်ကြောင့် သာသနာ့ဥသျှောင်အဖွဲ့မှ သည်နေ့သည်ရက်ကို ရွှေဝါရောင်နေ့အဖြစ် သက်မှတ်အတည်ပြု ပြဌာန်း ခဲ့ကြပြီးဖြစ်သည်။

ထို့ကြောင့် ကျွန်တော်တို့  ပီနန်ရှိ မလေးရှားရောက် မြန်မာပြည်ဖွားတိုင်းရင်သား ညီအစ်ကို မောင်နှမ များ အားလုံး တို့က သာသနာ့ဥသျှောင်အဖွဲ့နာယက ပီနန်ဆရာတော်ကြီးကိုအမှူးထား၍၊ပြည်သူ ပြည်သားများ အရေး အသက်ပေးလှူသွားကြသော၊ ကိုယ်ကျိုးစွန့်အနစ်နာခံသွားကြသော ဆရာတော်များ၏ ဂုဏ်ကျေးဇူးကို
မမေ့မလျှော့စေရန်နှင့် အမြဲသတိရနေစေရန်ရည်ရွယ်၍ ရွှေဝါရောင် နေ့ နှစ်ပတ်လည်အခမ်းအနားကို စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါသည်။

ဘာသာတရားကို မြတ်နိုးအလေးထားကြကုန်သော မြန်မာပြည်ဖွားတိုင်းရင်းသူ/သား မည်သူမဆို ကျွန်ုပ်တို့ ညီအကို မောင်နှမ အားလုံးနှင့် အတူ လက်တွဲလျှက်ပီနန်ပြည်နယ်ရှိ ဘာသာရေး အသင်းအဖွဲ့ ၊ လူမှုရေး အသင်းအဖွဲ့ ၊ တိုင်းရင်းသား အဖွဲ့ နှင့် နိုင်ငံရေးအဖွဲ့ အစည်း စုစုပေါင်း (၁၆) ဖွဲ့ တို့ မှ အမျိုးဘာသာ၊ သာသနာ အတွက်၂၁ / ၉/ ၂၀၀၈ တနင်္ဂနွေ နေ့တွင် ပီနန်ရှိ"မဟာဓမ္မိကာရာမ" ကျောင်းတိုက်ကြီး၌ စည်ကား သိုက် မြိုက်စွာကျင်းပသွားမည်ဖြစ်ပါကြောင်း မလေးရှားရောက်မြန်မာများနှင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမ များအား အသိပေးကြေငြာအပ်ပါသည်။ ထိုနေ့တွင် သာသနာ့ဥသျှောင်အဖွဲ့ နာယက (ပီနန်) ဆရာ တော်ကြီး ဦပညာဝံသ မှ မြန်မာနိုင်ငံသားတိုင်းရင်းသား တပည့်သားမြေးများကို သြဝါဒ စကားမြွတ်ကြား မည် ဖြစ်ပါသည်။


ရွှေဝါရောင်နေ့ ကျင်းပရေးကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)
ပီနန် မလေးရှား
Ph,+6 04 262 3603 ,Fax,+6 04 262 3603.

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */