ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကျန်းမာရေးဆိုးလွန်းနေ
http://www.hittaing.org/news/
စက်တင်ဘာ ၇။
လူမမာပုံကို ဟန်မဆောင်နိုင်တော့သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
နအဖဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ကျန်းမာရေးဟာ အိပ်ယာထဲပက်လက် ဖြစ်နေပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထား ရောက်ရှိနေပြီလို့ ကြားသိရပါတယ်။
“စင်ကာပူသွားဖို့ ပြင်နေတယ်လို့ ကြားရတယ်။ ဒီတခါတော်တော်လေးဖြစ်နေတယ်တဲ့။ စစ်တပ်တွင်းအရာရှိတွေကြားမှာ ပြောနေသံတွေ တော့ ကြားတယ်။ သေလဲသေသင့်နေပါပြီ”လို့ စစ်တပ်တွင်းအရာရှိတဦးမှပြောပါတယ်။ အသဲအသန်ဖြစ်နေတယ်လို့ ကြားတယ်။ စင်ကာပူက ပါရဂူတွေကိုခေါ်ပြီး အရင်ကုမယ်။ မရမှ စင်ကာပူကိုသွားမယ်လည်း ကြားကြောင်း နအဖနှင့် နီးစပ်ရာ သတင်းရပ်ကွက်မှ လည်း သိရပါတယ်။ စင်ကာပူကို မရောက်လာသေးပါဘူး။ ရောက်လာရင်တော့ သိရမှာပါဟု စင်ကာပူရောက် နအဖအသိုင်းအ၀ိုင်းနှင့် နီးစပ်ရာသတင်းရပ်ကွက်မှပြောပါတယ်။။
“အဘိုးကြီး ကျန်းမာရေးဆိုးနေတာဖြစ်နိုင်တယ်။ နေပြည်တော်ကနေပျောက်သွားပြီ စင်ကာပူမရောက်ဘူးဆိုရင် ဘယ်ပျောက်နေလဲ တော့ မသိဘူး”ဟု ကြားနေရပြီး အဖိုးကြီးကို တည်ပြီး နေရာယူထားသူတွေနဲ့ အခွင့်ရေးယူထားသူတွေ မျက်နှာမကောင်းကြတာတွေတော့ တွေ့နေရကြောင်းကို စစ်အရာရှိတွေကြားတွင် ပြောဆိုနေကြောင်း ကြားသိရသူ စစ်အရာရှိတဦးမှ ပြောပါတယ်။
Sunday, September 07, 2008
အင်း..စိန်တွေမျိုချ..သယ်သွားဦးလေ..ငရဲပေါက်ဝမှာ..လာဘ်ပေးဖို့ 
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment