“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, September 17, 2008

ဒို့ မလုပ်ပါဘူး ဆိုနေ။ လုပ်တယ်ပြောတဲ့သူကျ ရှာလည်းမဖမ်းနိုင်ဘဲနဲ့

ကျောက်ကြီးမိုင်းကွဲမှု စစ်အစိုးရ စွပ်စွဲချက်ကို ကေအန်ယူပယ်ချ

ဇာနည် , အင်္ဂါနေ့၊ စက်တင်ဘာလ 16 2008 15:44 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ပဲခူးတိုင်း ကျောက်ကြီးမြို့တွင် ယ္ခင်သတင်းပတ်က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုမှာ ကေအန်ယူ၏ လက်ချက်ဖြစ်သည်ဟု ယနေ့ထုတ် စစ်အစိုးရ၏ နေ့စဉ်သတင်းစာတွင် ရေးသားထားချက်ကို ကရင်အမျိုးသား အစည်းအရုံးက ပယ်ချလိုက်သည်။

ကေအန်ယူခေါ် ကရင်အမျိုးသား အစည်းအရုံးအနေဖြင့် အပြစ်မဲ့ ပြည်သူများအကြား အကြမ်းဖက် ဖောက်ခွဲမှုများ ပြုလုပ်သည့် လမ်းစဉ် လုံးဝမရှိကြောင်း ကေအန်ယူ (ဗဟို) ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဒေးဗစ်ထော က ပြောသည်။

“ပေါက်ကွဲမှု တခု ရှိလာပြီဆိုရင် တရားခံ ဖမ်းလို့ ရသည်ဖြစ်စေ မရသည်ဖြစ်စေ၊ တရားခံ အတုပဲရရ၊ ဒီနယ်စပ်မှ ရှိတဲ့ မည်သည့် အဖွဲ့အစည်းကို မဆို အကြမ်းဖက်သမားလို ဖြစ်အောင် ပြည်သူတွေနဲ့ တိုက်ပေးမယ်။ နိုင်ငံတကာကိုလည်း ဒီလူတွေက အကြမ်းဖက်သမားတွေ ဖြစ်တယ်ဆိုတာမျိုးကို ရှုတ်ချတဲ့ အနေထားမျိုး သူတို့ရဲ့ မီဒီယာကနေ အမြဲလုပ်နေတာ” ဟု ဦးဒေးဗစ်ထော က ပြောသည်။

စစ်အစိုးရအာဘော် သတင်းစာများတွင် ဗုံးဖောက်ခွဲသူကို ပြည်သူများ၏ သတင်းပေးမှုကြောင့် ဖမ်းဆီးရမိပြီး၊ တရားခံမှာ ကေအန်ယူ တပ်ရင်း (၂၀)မှ စောယာကို (ခ) စောရန်ကုန် ဖြစ်သည်ဟု ဖော်ပြထားသည်။

ကေအန်ယူအပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) နှင့် စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များ (VBSW) တို့ ပူးပေါင်း ပါဝင်စီစဉ်ကာ ဖောက်ခွဲ ဖျက်ဆီးရေးသမား များကို ပြည်တွင်းသို့ စေလွှတ်ထားသည် ဟုလည်း အဆိုပါ သတင်းတွင် တဆက်တည်း ရေးသားထားသည်။

စက်တင်ဘာလ ၁၁ ရက်နေ့က ကျောက်ကြီးမြို့နယ်တွင် ချိန်ကိုက်မိုင်း ၂ လုံးပေါက်ကွဲရာ ဖြစ်ပွားသော လူ ၂ ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့သည်။

ဇူလိုင်လ အတွင်းက ရွှေပြည်သာမြို့နယ် ကြံ့ခိုင်ရေးရုံး ပေါက်ကွဲမှု အပါအ၀င် ၂၀၀၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု ၅ ခုတို့မှာ အန်အယ်လ်ဒီ နှင့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး ကွန်ယက်အဖွဲ့တို့၏ လက်ချက်ဖြစ်သည်ဟု ယခင်သတင်းပတ် နေပြည်တော်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ရဲချုပ်ခင်ရီက ပြောဆိုခဲ့သည်။

သို့သော် စွမ်းအားမြှင့်က ရဲချုပ်ခင်ရီ၏ ပြောဆိုချက်များသည် လိမ်ညာ စွပ်စွဲမှုသာဖြစ်ပြီး အမှန်တကယ်မှာ သူတို့၏ လက်ချက် ဖြစ်သည်ဟု ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေငြာခဲ့သည်။

စက်တင်ဘာ ၉ ရက်နေ့ လူစည်ကားရာ ရန်ကုန်မြို့ လှည်းတန်း မီးပွိုင့်အနီး ပြည်လမ်းမပေါ် ဖြစ်ပွားခဲ့သော ကားပေါက်ကွဲမှုမှာလည်း သူတို့၏ လက်ချက်ဖြစ်ကြောင်း VBSW က မြန်မာ အသိုင်းအ၀ိုင်းအကြား အီးမေးလ်မှတဆင့် ဖြန့်ဝေသော ကြေငြာချက်တွင် ဖော်ပြထားသည်။ http://www.mizzimaburmese.com/news/inside-burma/1683-2008-09-16-09-28-43.html

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */