“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, September 15, 2008

ကျား စောင့် တဲ့  ဥ ပုသ် မို့  ၊ မ ယုံ ရဲ သေး ပါ ခင် ဗျား ။


ယုံ ချင် ပေ မဲ့ အ ယုံ ခက် တဲ့ ကိစ္စ တွေ က မြန် မာ ပြည် တစ် ခု လုံး လွှမ်း ခြုံ ထား ခဲ့ တာ ကြာ ပါ ပြီ ။ မာ ယာ သာ ဋ္ဌေ ယျ တွေ များ တဲ့ တိုင်း ပြည် မို့  ဘာ ကို မှ မ ယုံ ရဲ ပါ ဘူး ။

ဟို တစ် လော က ဓါတ် ဆီ ဆိုင် က ( သူ ခိုး ၊ ဓါး ပြ ၊ လု ယက် သူ ) တွေ အ ကြောင်း ကို အာ ဇာ နည် ရဲ့  စာ မျက် နှာ မှာ ဖေါ် ပြ ခဲ့ ပြီး ပါ ပြီ ။ အ ခု ထပ် ရောက် လာ တဲ့ သ တင်း အ ရ တော့ ၊ ဓါတ် ဆီ ဆိုင် တွေ မှာ ( ဆီ မ ပြည့် ဘူး လို့  သံ သ ယ ရှိ ရင် ) စံ ခွက် များ နှင့် တိုက် ဆိုင် စစ် ဆေး နိုင် တယ် ။ ဆို တဲ့ စာ တန်း တွေ ဝေ ဝေ ဆာ ဆာ ချိတ် ထား ပြီး ၊ဆီ ဂါ လံ ချိန် တဲ့ စံ ခွက် တွေ အ ဆင် သင့် ပြ ထား ပြီး ၊ ဆီ ကို လည်း ၊ ပြည့် အောင် ထည့် ပေး နေ တယ် ဆို ပဲ ။

မင်္ဂလာ ဒုံ ( ခ ရေ ပင် လမ်း ခွဲ ) နား က ဓါတ် ဆီ ဆိုင် မှာ ဆို ရင် ၊ လီ တာ နဲ့  ထည့် ပေး တဲ့ ဆိုင် ပေါ့ ။ မူ လ တုန်း က ၊ ဆီ ခိုး ဖို့  setting လုပ် ထား တဲ့ pump ကို ပြန် ပြီး မှန် အောင် မ ပြင် ရ သေး တဲ့ အ တွက်၊ လတ် တစ် လော အ ခြေ အ နေ မှာ ၊
ဆီ ပြည့် ဖို့  ( ဂါ လံ မှန် ဖို့  ) လီ တာ နဲ့  တက် တဲ့ အ မှတ် မှာ ( ပွိုင့် နောက် က ) ၂ မှတ် ၊ အ ပို ဖြည့် ထည့် ပေး နေ ရ တယ် လို့  သိ ရ တယ်။ တစ် သက် လုံး ခိုး လာ တဲ့ ပန့်  တွေ က အ မှား တွေ ချည်း ပဲ ။ ခိုး ဖို့  ကို နည်း အ မျိုး မျိုး နဲ့  ပန့်  ကို setting အ မှား လုပ် လိုက် ။ မော် တာ က ဖွင့် ပြီး ဆီ ထည့် ၊ ဂါ လံ မ ပြည့် မီ ( ၂ ပွိုင့် ) လောက် အ လို က ကြို ပိတ် လိုက် ပြီး နံ ပါတ် က အ ရှိန် လေး နဲ့  ဆက် တက် လာ တော့ ဂါ လံ ပြည့် သွား သ ယောင် ။ လူ ကိုယ် တိုင် က လုပ် လိုက် နဲ့  ခိုး ခဲ့ ကြ တာ ၊ တစ် ဆိုင် ကို နေ့  စဉ် ဓါတ် ဆီ ပေ ပါ ( ၈ လုံး လောက် ) ဂါ လံ နဲ့  ဆို ရင် ( ဂါ လံ ၄၀၀ ) လောက် ၊ ပြည် သူ့  ချွေး နည်း စာ ကို လု ယူ နေ ကြ တာ ။ ခိုး ရောင်း ခဲ့ ကြ တာ ။ စွမ်း အင် ၀န် ကြီး က လည်း အဲ့ ဒီ အ ထဲ က လာ တဲ့ ၊ ပူ ဇော် ပ သ တာ တွေ ရ နေ လို့  ဖြစ် မှာ ပါ ။ ဘာ မှ မ သိ သ လို နေ ခဲ့ တယ် ။

အ ဆင့် ဆင့် ( လှေ ခါး ထစ် ) စံ နစ် နဲ့  ၊ အောက် ခြေ က နေ အ ထက် ရောက် အောင် ၊ လာဘ် ပေး ပြီး ဝေ စား နေ ကြ တာ ။ ဒါ ကြောင့် စား ဖား တွေ ညီ ညွတ် နေ ပြီး ၊ ပြည် သူ က တော့ ၊ ဒုက္ခ မှန် သ မျှ ခါး စည်း ခံ နေ ခဲ့ ရ ဆဲ ပါ ပဲ ။ အ ခု လည်း ဟန် ပြ လုပ် တာ ပဲ လား ။ ( ခွေး မြီး ကောက် ၊ ကျည် တောက် စွပ် ) တာ ပဲ လား ။ မ သေ ချာ ပါ ဘူး ။ ဟန် ဆောင် ကောင်း သူ တွေ ၊ ဘယ် နေ့  မှာ အ ရင် လို ပြန် ခိုး လာ မှာ လဲ လို့  စောင့် ကြည့် ကြ ရ အုံး မှာ ပေါ့ လေ ။

( ကျား စောင့် တဲ့ ဥ ပုသ် မို့  မ ယုံ ရဲ သေး ပါ ) ။
ဘယ် တော့ ပြန် ခိုး မှာ လဲ ( မျှော် ။ မျှော် ။ မျှော် ) ။

အ ဘ ယ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */