“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, September 13, 2008

ကမ္ဘာ့အာဇာနည်(ရခိုင်) ဆရာတော်ဦးဥတ္တမ

ဆရာတော်ဦးဥတ္တမ၏ မိန့်မှာချက်

လူတွေရဲ့ တိုးတက်မှုဟာ သစ်ပင်နှင့် သစ်ခေါက်ကို လိုက်လျောညီထွေမှုရှိရမယ်။
တို့တတွေ ၀တ်တဲ့အ၀တ် အစားလို မဖြစ်ရဘူး။

ဦးဥတ္တမနေ့ အထိမ်းအမှတ်
အဆိုပါ ဆရာတော် ဦးဥတ္တမသည် ၁၈၇၉ ခုနှစ် ဒီဇင်ဘာ (၂၇)ရက် တနင်္ဂနွေနေ့၌ ရခိုင်ပြည်နယ် စစ်တွေမြို့ ရှိ ရူပရပ်တွင် ဖခင် ဦးမြ နှင့် မိခင် ဒေါ်အောင်ကျော်တို့မှ မွေးဖွားခဲ့ပြီး ငယ်နာမည် မောင်ပေါ်ထွန်းအောင် ဖြစ် သည်။ ဆရာတော်သည် ငယ်ရွယ်ချိန်အခါကတည်းက ပညာရေးထူးချွန်ခဲ့ရာ အင်္ဂလန်နိုင်ငံတွင် ပညာသင် ယူခွင့်ရခဲ့သော်လည်း မိခင်ကခွင့်မပြု သဖြင့် မသွားရောက်ခဲ့ရပေ။
ဆရာတော်သည် အသက် ၁၆ နှစ်အရွယ်တွင် မိဘများက ရှင်သာမဏေ ၀တ်ပေးရာမှ ရှင်ဥတ္တမ ဘွဲ့အမည် တွင်ခဲ့သည်။ အသက် ၁၉နှစ်တွင် ရဟန်းပြုပြီး နောက်ပိုင်း အန္ဒိယနိုင်ငံ ကာလကတ္တားမြို့သို့ ရဟန်းဝတ်နှင့်ပင် သွားရောက်ခဲ့ရင်း နိုင်ငံ ရေးစိတ်၊ အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားခဲ့ခြင်းဖြစ်သည်။
ဆရာတော် ဦးဥတ္တမသည် ဘာသာစကားပေါင်းများစွာကိုတတ်မြောက်ပြီး အန္ဒိယ၊ ဂျပန်၊ တရုတ်၊ ကမ္ဘောဒီး ယား၊ ကိုးရီယား၊ အီဂျစ်နိုင်ငံများနှင့် ဥရောပတိုက်ရှိ ပြင်သစ်နိုင်ငံများ အပါအဝင် အာရှတိုက်မှနိုင်ငံအများ အပြား တို့ကို ခရီးလှည့်လည်ခဲ့သည်။
ထို့နောက် ဆရာတော်သည် ၁၉၂၀ ခုနှစ် တွင် ဗမာတပြည်လုံးသို့ လှည့်လည်ကာ နယ်ချဲ့ဆန်ကျင်ရေး တရားများကို ဟောပြောခဲ့သည်။
ထိုသို့ ဟောပြောမှုဖြင့် ၁၉၂၀ မတ်လ တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ်၁၂ လ အပြစ်ပေးခံရသည်။
ဆရာတော်သည် ၁၉၂၄တွင်လည်း“အစိုးရမကောင်းလျှင်မကောင်းဟု ဝေဖန်ခွင့်ဟာ လူ့အခွင့်အရေးပဲ၊ ဒီအခွင့်အရေးဟာ ငါတို့မှာ ရှိတယ်၊ ငုံ့မခံကြနဲ့” ဟု ပြည်သူများကို လှုံ့ဆော်ဟောပြောခဲ့သည့်အတွက်ကြောင့် ဒုတိယ အကြိမ် ထောင် ၃နှစ် ကျခဲ့ပြီး ၁၉၂၈တွင် တတိယအကြိမ်အဖမ်းခံခဲ့ရသည်။
ထိုအချိန်က ဗြိတိသျှအစိုးရ ဘုရင်ခံချုပ်ကိုလည်း “ဆာ ရယ်ဂျီနယ် ကရက်ဒေါက် မင်းဗမာပြည်မှထွက်သွား ပါ” ဟူသော စာကိုရေးသားပေးပို့ခဲ့သည်။
ဆရာတော်သည် ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ပျံလွန်တော်မှုခဲ့ပြီး ပျံလွန်တော်မှုချိန်တွင် သက်တော် ၆၀ နှစ်၊ ဝါတော် ၄၁ ၀ါ ဖြစ်သည်။ ၎င်းသည် ပျံလွန်ချိန်အထိ နယ်ချဲ့အစိုးရကိုဆန့်ကျင်ခဲ့သည်။
ဆရာတော် ဦးဥတ္တမ၏ နယ်ချဲ့တော်လှန်ရေး စိတ်ဓာတ်ကို အတုယူမှုများဖြစ်လာမည်ကို စစ်အာဏာပိုင် များက စိုးရိမ်သည့် အတွက်ကြောင့် ၁၉၈၈ခုနှစ်နောက်ပိုင်းတွင် ဆရာတော်အား မေ့ပျောက်စေရန် အတွက် ရွှေတိဂုံဘုရားအနှီးရှိ ဦးဥတ္တမပန်းခြံ ကို ကန်တော်မင်ပန်းခြံ အဖြစ်ပြောင်းလဲခေါ်ဆိုစေခြင်း၊ စစ်တွေမြို့ရှိ ဦးဥတ္တမပန်းခြံရှိ ဦးဥတ္တမရုပ်တုကိုလည်း မွမ်းမံမှု မရှိခြင်းနှင့် ဆရာတော်ရုပ်တုကို ပူဇော် အရိုအသေပေးမှု များကို တားမြစ်အရေးယူခြင်းများ ရှိသည်ဟုလည်း သိရသည်။
စက်တင်ဘာ ၉ရက်နေ့တွင် ကျရောက်ခဲ့သည့် ၆၉ နှစ်မြောက် ဦးဥတ္တမ နေ့ကို ထိုင်း၊ ဘင်္ဂလားဒေ့ရှ် အစရှိ သည့် ပြည်ပ ရောက် ရခိုင်အမျိုးသားများနှင့် ဆရာတော်ကို လေးစား ကြည်ညိုသူများကလည်း ကြေညာချက် များထုတ်ပြန်ခြင်း၊ အခမ်း အနားကျင်းပခြင်းများ ပြုလုပ်ကြောင်းသိရသည်။
ထိုင်းနိုင်ငံ ဖူးကက်မြို့တွင် ကျင်းပသည့် ဦးဥတ္တမနေ့ အခမ်းအနားတက်ရောက်ခဲ့သော ရခိုင်အမျိုးသား ကိုခိုင်အတ္တက “ဆရာတော်ဦးဥတ္တမဟာ ရခိုင်တမျိုးသားလုံးအတွက်သာမဟုတ်ဘဲ မြန်မာတမျိုးသားလုံး အတွက်ပါ သူရဲကောင်းဖြစ်ခဲ့ ပါတယ်၊ မြန်မာစစ်အစိုးရက အခုလို အမျိုးသားသမိုင်းကနေ ထုတ်ပယ်နေတဲ့ အတွက် ကျနော်အလွန်ပဲ စိတ်မကောင်း ဖြစ်မိပါတယ်” ဟု ပြောသည်။

ကျေးဇူးတော်ရှင် ကမ္ဘာ့အာဇာနည်(ရခိုင်) အရှင်ဥတ္တမ၏ သြ၀ါဒကထာများ
``ဆရာတော်သံဃာတော်များသို့ သြ၀ါဒ´´


(၁) ဘုရားအလောင်း သူတော်ကောင်းတို့သည် မိမိတို့ရဲ့ အမျိုးဘာသာသာသနာတော်အတွက် အသက်ပေး၍ စွန့်လွှတ် ခဲ့ရတယ်။ ငါတို့သည်လည်း မိမိမြန်မာလူမျိုး တိုင်းပြည်လွတ်လပ်ရေးနှင့် အမျိုးဘာသာသာသနာတော်အတွက် ဒုက္ခ မျိုးစုံကို ရင်ဆိုင်ပြီး ကြိုးစားကြပါ။

(2) ဘုရားရှင် တည်ထောင်ခဲ့သော အမျိုးဘာသာ သာသနာသည် ရိုးရိုးသာသနာမဟုတ်။ မိမိတိုင်းပြည်မှ မပပျောက်ရေး အတွက် အားလုံးသူမှာ တာဝန်ရှိပါတယ်။
(၃) ဘုန်းကြီးလုပ်ပြီး အများပြည်သူလှူတဲ့ကျောင်းမှာ ဇိမ်ခံမနေကြပါနဲ့၊ အများပြည်သူအတွက် တစ်ခုခု ကျေးဇူးတုန့်ပြန်ကြပါ။

(၄) ဒကာဒကာမ လှူတဲ့ဆွမ်းကို သုံးဆောင်ပြီး ဇိမ်ကျကျ မနေကြပါနဲ့၊ မိမိကို ဆွမ်းလှူဒါန်းနေတဲ့ ဒကာဒကာမတွေရဲ့ ဒုက္ခမျိုးမှ လွတ်မြောက်နိုင်အောင် မိမိတတ်နိုင်တဲ့ ဘက်က ပါရမီဖြည့်ဆည်းပေးကြပါ။

(၅) ဘုန်းကြီးလုပ်ပြီး အာဏာလိုခြင်း၊ ရာထူးကိုလိုခြင်း၊ သူတစ်ပါးအနိုင်ကျင့်ခြင်း၊ ဇိမ်ခံခြင်း စတာတွေဟာ မိမိကိုယ်ကိုမိမိ မြင့်မြတ်ဖြူစင်တဲ့ဘ၀ကို နိမ့်ကျဖို့ ဖြစ်စေနိုင်တဲ့ အလုပ်ဖြစ်တယ်။

http://ottama.multiply.com/ မှ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */