“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, December 02, 2010

ဖုံးရမဲ့ အရာ ဖုံးတာ ကို ဗုံးတဲ့ဗျာ

ပု ဆိုး လေး ပြင် ဝတ် မိ တာ တောင် စီစီတီဗွီ ထဲ မှာ ၊ ဟာ ၊ ခု န က ဗုံ့း ၂ လုံး တွေ့ လိုက် တယ် ဆို ပြီး .....

by Yeyint Nge

ခုလို ဒီဇင်ဘာ လ များ ရောက်ပီ ဆို ရင် ၊ မြောက်လေ သွေး လို့ အေး လှ ပြီ ပေါ့ ဗျာ။မေးရိုး လေး များ ခိုက်ခိုက် တုန် အောင် ၊ အအေး ဓါတ် က ပို လာ သကိုး ဗျ။ဟို နား ဒီ နား ကြည့် လိုက် ရင် လဲ ၊ လူ တွေ ကစောင် လေး တွေ ခြုံမီးဖို လေးတွေ ဖို ပြီး ၊ ချမ်းလွန်း လို့ မီး လှုံ နေ ကြ ရ သဗျာ ။

မနက် စောစော နှင်းငွေ့တွေ အကြား ၊လတ်ဆတ် တဲ့ ဆောင်း လေ အေး အေး ကို ရှု ရှိက် ရင်းသက်ကြီလူကြီး ၊ ခလေး လူ ငယ် မရွေး စောစော ထ လို့ ကျန်းမာ ရေး အတွက်အင်းယားကန် ၊ ကန်တော်ကြီး ၊ ကန် ဘောင် နံဘေး တွေ မှာမနက်စောစော ၊ လမ်း ထွက် လျောက် ကြ တဲ့လူ တွေ မနဲ ပါ ဗျာ။

ဒီ ဆောင်း ရ နံ့ ၊ ဒီ ၊ ဆောင်း မြင်ကွင်း တွေ က ဟို အရင် နှစ် က မြင်ကွင်း ကို ပြော တာပါ။အခု နှစ် ၊ ရန်ကုန်ဆောင်း က တော့ တမူ ပြောင်း ပြီ ထင် ရ ပ ဗျာ ၊ မယ် မယ် ရ ရ တခါ မှမ အေး ၊ ဆောင်း လေအေးတို့ ဘယ် ကို များ ပြေး ကုန် တယ် မသိတော့ ပါ ဗျာ။နေ့လဲ ပူစပ် ပူလောင် ၊ ည လဲ ပူစပ် ပူ လောင် ၊နွေ နဲ့ နင်လား ငါ လား ၊ည ည ၊ တိုက် ခန်း ထဲ အိပ် ရ တာ ချွေး ပြန် ၊ နေ့ ခင်း ဘက် ဘတ် စ ကား တိုး စီးရတာချွေးပြန် ၊ တော် တော် ပူ တဲ့ ဒီဇင်ဘာ လ ဗျာ ၊ ဘယ် နဲ့ များ ဖြစ် ကုန် တယ် မသိပါ။

အယ်လီညို ၊ လာ နီ ညို ၊ မူးသစ်ညို ၊ အကုန်လုံး ဘဲ ၊ ဆုံ ကျ နေ ပ လား မသိပါ ဗျာ။ပြီးခဲ့ တဲ့ နွေ ကာ လ အပူလှိုင်း က ၊ အခု ဒီဇင်ဘာ ထိ ဆက် နေ ဆဲ ထင် ရ ပ ဗျာ ၊စူပါမါးကက် တွေ ၊ အပါတ် စဉ် ထုတ် ဂျာနယ်တွေ မှာ အနွေးထည် မိုဒယ် အသစ် တွေတံဆိပ် အမျိုးမျိုး ကြေငြာ နေတာ တွေ က ၊ စာ ဖတ် ပရိတ်သတ် ကို ရန် စ နေကြ ပ ဗျာ။

အင်း ၊ အမေ စု လွတ် လာ ပြီး ၊ ကျွန်တော်တို့ ထူးထူး ခြားခြား ရရှိ ခံစား ရတာ က တော့လှည်းတန်း မီးပွိုင့် မှာခါတိုင်း ထက် ကား ပို ကြပ်လာပါတယ် ၊ အရင် က မီး ပွိုင့် တခါလွှတ်လို့ မိနစ် ၂၀ လောက် စောင့် ရ တာ ၊အခု များ တော့ လေးဆယ့်ငါး မီနစ် အနဲလေးပေါ့ဗျာ ၊ မီးပွိုင့် တခါ မိလိုက်ရင် ၊ ဘတ်ကားပေါ် မှာ ချွေးတလုံးလုံး နဲ့ အနေ ရ ခက် ပ ဗျာ

အရင် က တက်ကသိုလ် ရိပ်သာလမ်း က ပိတ်ထား ခဲ့ တော့ ၊ အဲဒီ ဘက် က ကား လာ တာနည်းပါတယ် ၊အခုများတော့ ၊ ဒီ လမ်းမကြီး ပြန် အဖွင့် မှာ ၊ အင်းယားလမ်း မီးပွိုင့် နဲ့လှည်းတန်း မီး ပွိုင့် အကြား ကားတန်းက အရှည်ကြီး တိုး လာ ပါ တယ်။အင်း အခု အပါတ်ထဲ တက်ကသိုလ်တွေ ပြန်ဖွင့် လာ ရင် ၊ ကားတန်းကြပ်တာပို ပြီး ကြာ ၊ ပို ဆိုး ဘို့ များ ပါ တယ် ခင် ဗျာ။

အခုရက် ပိုင်း ၊ အရောင်း အဝယ် တွေ ပါး သဗျာ ၊ သီတင်း ကျွတ် မို့ ၊ ရောင်း ရ နိုးတန်ဆောင်တိုင် မို့ ရောင်းရနိုး ၊ မျော် ကိုး ခဲ ရ သမျှ ၊ အဆင် မပြေ ပါ ခင် ဗျာ။ဒီ ကြား ထဲ ၊ ဟို က ဗုံး ပေါက် ၊ ဒီ မှာ ဗုံး တွေ့ ဆိုတော့ လဲ ၊ လူ သိပ် စည် မဲ့ဈေးတန်း ၊ ပွဲ တော် တွေ ဆို ရင် ၊ သိပ် မသွား ဝံ့ကြ ပါ ခင် ဗျာ။

ပစ်စည်းတွေ မရောင်း ရ ဘူး ပြော ကြ ပေ မဲ့ ၊ ခု ကာ လ အရောင်း အသွက်ဆုံး ကစီစီတီဗွီ ကင်မရာ တွေ ပါ။ဗုံးတွေ ပေါက်ပြီး နောက်ပိုင်း လုံခြုံ မှု အတွက် ၊ အဲဒါ တွေအများကြီး ဝယ် သုံး ကြ ပါတယ် ။ သူ က လဲ ၊အခုပေါပေါ လေး ရယ် ၊ကင်မရာ ၁၆ လုံး တပြိုင်နက် ကြည့် နိုင် တဲ့ စက် က မှ ငါးသိန်းကျော် လေး ပါ။ရုံးတွေ၊ ဆိုင်တွေ မှာ အများကြီး သုံး လာ ကြ ပါ တယ် ၊ အထဲ က အရုပ် အသံ ဖမ်းတဲ့ ဟဒ်ဒစ် က လဲ ၊တလကျော် အချိန် စာ လောက် ၊ တောက် လျောက် မှတ်တမ်းထားလို့ ရ ပါ သတဲ့ ဗျာ ၊ တခု ခု ဖြစ် ရင် ၊ အဲ ဒီမှတ်တမ်းတွေ ပြန်ကြည့် လို့ ရ ပါ သတဲ့

အင်း တကယ် တော့ ၊ အဲ ဒါ က လဲ ပြ သနာ ပါ ဘဲ ၊ စီစီတီဗွီ တပ်ထား တဲ့ ဆိုင် တို့အင်တာနက်ဆိုင် တို့ ၊ ရုံးတို့ကို လူ ချင်း မသိရင် ၊ လုံးဝ မသွား တာ ကောင်း ပါ တယ်။တလောက မြို့တော်ခန်းမ အနား ကအင်တာနက် ဆိုင် မှာ ဗုံးတွေ့ တာစီစီတီဗွီ ကင်မရာ ကောင်း မှု နဲ့ ဂါတ်တဲ ကို ခေါ် ပြီး ၊ မင်္သကာမှု နဲ့အရိုက်ခံ ရ တဲ့ လူ တွေ မနည်း ဘူး လို့ ကြား ရ ပါ သဗျာ ၊

ဗုံးတွေ့ ပြီး ၊ အဲ ဒီ အချိန် ၊ ဝန်းကျင် ၊ အင်တာနက် ဆိုင် ကို လာ တဲ့ လူ ဓါတ်ပုံတွေ ကို ၊ကင်မရာထဲ က ဟဒ်ဒ်စ်က နေ ပြန်ကြည့် ၊ လူဆိုးလို့ ထင် ရ တဲ့ လူ တွေ ပုံ ကို ရှာ ၊ဆိုင် က ဒီလူ ကို မသိဘူး လို့ ပြော တဲ့ လူဓါတ်ပုံတွေ ပရင့်ထုတ်ပြီးစံရှား နဲ့ ဒိန်းဒေါင် တွေ ပေါင်းပြီး ၊ တွေ့ သမျှ ၊ ဒီ တခါတော့ ၊ ဒီ လူ သေချာ ပြီ ပြောပြီးဂါတ်တဲ မှာ ခေါ် ခေါ် ပြီး ၊ ရိုက် စစ် နေ တာ ၊ နောက် ဆုံး တော့ ၊( မှား တဲ့ အခါ လဲ ၊ မှား ပေ မ ပေါ့ )ဆိုပြီး ပြန် လွှတ် ပေး လိုက် ရ တာ မနည်း ပါဘူးတဲ့ ခင်ဗျာ ၊ သူ တို့ က မှား သွားတယ် ပြော ပေ မဲ့ ၊ ခံ ရ တဲ့လူ က မသက်သာပါခင်ဗျာ

ဒီ တော့ ၊ ပြသနာ ကင်းချင် ရင် ၊ အဲဒီ စီစီတီဗွီ တွေ အနား လုံး ဝ မသွား ကြ ပါ နဲ့ ဗျာ။မတော် လို့ ၊ ကိုယ် ဟာကိုယ် ၊ ပု ဆိုး လေး ပြင် ဝတ် မိ တာ တောင်စီစီတီဗွီ ထဲ မှာ ၊ ဟာ ၊ ခု န က ဗုံ့း ၂ လုံး တွေ့ လိုက် တယ် ဆိုပြီး ၊ စွပ် စွဲ ခံ ရရင်ပြသနာ ပိုင်း က ၊ အတော် ကြီး သွား နိုင် ပါ တယ် ခင် ဗျာ၊ ဂရုစိုက်ကြပါ ခင်ဗျာ

အခုဆို ရန်ကုန်မှာ သဌေးတွေ ၊ ကြီးကြီး မာစတာ တွေ ၊ မင်းစိုးရာဇာ တွေ အိမ် တွေ မှာဒီ စီစီတီဗွီ ကင် မရာတွေ တပ် လာ ကြ တာ ၊ ဖက် ရှင် တခု လို ဖြစ် နေပါဘီ။တအိမ်လုံး ကို ထိုင် ရ မထ ၊ အိမ်ဖော် တွေ ဘာလုပ် နေ လဲ ၊ ခြံ ပေါက် ဝ ကဘယ် သူ လာ လဲ ၊ အကုန် လုံး တွေ့ နိုင် တဲ့ ၊ နတ်မျက်စိ မျိုး ရ နေ ကြ ပေါ့ဗျာ

ဒီ ကင် မရာ တွေ က လဲ ၊ ကင် မရာ မှန်း ကို ပုံ ဖမ်း လို့ ၊ မရ တော့ ပါဘူးဘူး ကလေး လို လို ၊ မီး လုံး လေး လိုလို ၊ တချို့ များ ဆို ည ဘက် ပါမီး ထွန်း စရာ မလို ဘဲ ၊ ညဘက် ကို ၊ ဒီ အတိုင်း ၊ မြင်နိုင် တယ် ဆို ဘဲ ခင်ဗျ။

ဒီ ဟာ တွေ ကြောင့် ၊ အရာရှိကြီး တွေ အိမ်တွေ မှာ၊ မမ တို့ အတွက် အတော် အဆင်ပြေသွား ပါ သတဲ့ ဗျ။ခြံပေါက်ဝ မှာ တော က အမျိုးတွေ လာရင် ၊ မြို့ ထဲ က အမျိုး တွေကအလှူ မှာ မုန့်ဟင်းခါး ၊အုံန်းနို့ခေါက်ဆွဲ ချက် လို့ ၊ ချိုင့် ကြီး ချိုင့် ငယ် တွေ နဲ့ လာ ပို့ရင် ၊ စီစီတီဗွီ ထဲ မှာ အသေးစိတ် အထင်းသားတွေ့ နေ ရ တော့ ၊ မမ ကဟဲ့ မိထွေး ၊ သွား စမ်း ၊ မြန်မြန် ၊ အိမ် ရှင်တွေ ၊ မရှိဘူး ၊ ပြောလိုက်စမ်းဘယ် က ဟာ တွေ မှန်း မသိ ဘူး ၊ ရှုပ် ရှုပ် ရှက် ရှက် ဆို ပြီး ပြော လိုက် ပါ တယ်။အိမ်ဖော်ကောင်မလေး က လဲ ၊ သူ့ ကို သင်ပေးထားတဲ့ အတိုင်း ၊ ဟာ ၊ ကျွန်မတို့ဘဘ နဲ့ မမ က ၊ ဒီလိုမျိုး တွေ လက်ခံလေ့ မရှိပါဘူး ရှင်၊ သီး ခံ ပါ နော်အရမ်း အားနာပါတယ် နော် ၊ လက် မခံ ရ ပါစေ နဲ့ ရှင်၊ကိတ်စ ရှိရင် ၊ ရုံး ကို ဘဲသွားကြပါ ရှင် ၊ ဘဘ နဲ့ မမ က စည်းကမ်း အရမ်းကြီးလို့ ပါ တဲ့ခင်ဗျ

အဲ ၊ အဲ ၊ ခြံပေါက်ဝ က ဧည့်သည် လာလို့ စီစီတီဗွီ ကင်မရာ ထဲ မှာ ၊ ကတီပါဘူး သေးသေးလေး ကို ဖဲကြိုးလေး စည်းပြီး ၊ ကိုင်လာ တာ ကို ၊ မမ က တွေ့ လိုက် လို့ က တော့ဟဲ့ မိထွေး ၊ သွားစမ်း ၊ တံခါး ကိုမြန်မြန် ဖွင့် စမ်း ၊ ဧည့်သည်တွေ ခြံပေါက်ဝ မှာစောင့်နေရတာ ကြာရင် ၊ အားနာစရာကြီး ၊ ဟီးဟီး ဆိုပြီးလေ သံ တမျိုး ပြောင်း ပြန် သဗျ။

မမ စိတ်ထဲ မှာ တော့ ၊ ဘူး နီနီ ကလေး ထဲ က ဘာ များ လဲ ၊ နားကပ်လေးလား ၊လော့ကက်သီးလေးလား၊ဆွဲကြိုးလေး များလား ၊ ဟီ ဟီ ဟီ ၊ စိတ် ကံစမ်းမဲ နှိုက်ရင်းဟင်း ဟင်း ၊ သေး သေးလေး နဲ့ ကြီး ကြီး လေး ဖြစ် စမ်း ပါစေ ၊ တော် ၊ တဲ့ ခင်ဗျအော် ၊ စီစီတီဗွီ ကင် မ ရာ ၊ အစွမ်း နဲ့ အခု မှ ၊ဒိတ်ဗ စက်ခု ရ နေ ကြ သကိုး ဗျ ။

ခေတ် က ပြောင်း လာတော့ နည်းပညာ ပိုင်းတွေ ပြောင်း ၊ အထူး သဖြင့် အီလက်ထရောနစ်နဲ့ ကွန်ပျူတာပိုင်းမှာ အတော်ပြောင်း သွား ပ ဗျာ ။ ဘာ ပစ်စည်း မှ ဝယ် ရ တာ မတန်တော့ ပါ ။ သိပ် သုံး ချင်ရင်တော့ ၊ ဝယ်ပေါ့ ဗျာ ၊ ဒီ ထက် ပို ကောင်း တာ ကို ပိုပြီးဈေးချိုချို နဲ့ သုံးချင် ရင် တော့ ၊ ခန လေး စောင့်ပါ လို့ ပြော ရ မလို ပါ ပ ဗျား ။

azawgyi
မြန်မာကျူပစ်ရီပို့တာ 
http://www.yeyintnge.com/2010/12/blog-post_3227.html

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */