“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, December 05, 2010

နယ်စည်းမခြား သတင်းထောက်များအဖွဲ့မှ ၀ီကီလိခ် ပိတ်ပင်ခြင်းကို ဆန့်ကျင်


ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RWB) က မကြာခင်က အမေရိကန် သံတမန် လျှို့ဝှက် ကေဘယ်များကို ဖွင့်ထုတ်ခဲ့တဲ့ ၀ီကီလိခ် ၀ဘ်ဆိုဒ် cablegate.wikileaks.org ကို တိုက်ခိုက်ခြင်း၊ ပိတ်ပင်တား မြစ်ခြင်း၊ နိုင်ငံရေးအရဖိအားပေးခြင်းများ လုပ်ခြင်းကို ဆန့်ကျင်ရှုတ်ချကြောင်း ကြေငြာချက် ထုတ်လိုက်သည်။

ဝီကီလိခ် ၀ဘ်ဆိုဒ်နှင့် ၀ီကီလိခ် တည်ထောင်သူ ဂျူလီယန် အက်စ်ဆန်း အပေါ် အမေရိကန် အစိုးရမှ အပြင်းအထန် အရေးယူလုပ်ဆောင်မှုများကို စိုးရိမ်လျက်ရှိကြောင်း ဖော်ပြထားသည်။ ၀ီကီလိခ်သည် လျှို့ဝှက်ဖိုင်ပေါင်း ၂၅၀၀၀၀ ထုတ် ဖြန့်ပြီးနောက် အမျိုးမျိုးပိတ်ပင်ထားသည့်ကြားက ဂျူလီယန် အက်စ်ဆန်းမှ ဆက်လက် ပိုင်ဆိုင်ထားဆဲ၊ လျှို့ဝှက်သတင်းများ ဖော်ပြနေဆဲ ဖြစ်သည်ဟု ဆိုသည်။

ဝီကီလိခ် က ၄င်းရဲ့ဝဘ်ဆိုဒ်ကို ပထမ ဆွီဒင်နိုင်ငံရှိ ဆာဗာများကို အသုံးပြုခဲ့ပြီး၊ နောက်ပိုင်း အမေရိကန်ရှိ အမဇုံ ဆာဗာသို့ ပြောင်းရွှေ အသုံးပြုခဲ့သည်။ ယခု အမေရိကန် အစိုးရ ပြည်တွင်းလုံခြုံရေးဌာနမှ ၀ီကီလိခ် ဆိုဒ် hosting ပေးခြင်း ကို ရပ်ပစ်ရန် အမဇုံ ကုမ္ပဏီကို ဖိအားပေးခဲ့သည်။

အမဇုံ ကုမ္ပဏီ ဆာဗာမှ အထုတ်ခံရပြီးနောက်၊ ၀ီကီလီခ်သည် ပြင်သစ် အင်တာနက် ကုမ္ပဏီတစ်ခုဖြစ်သော OVH အကူအညီ ရယူပြီး ဆက်လက် သတင်းများ ဖြန့်ဝေလျှက် ရှိသည်။ သို့သော် ပြင်သစ်အစိုးရကလည်း ၀ီကီလိခ်ကို ရပ်ပစ်ဖို့ ဖိအားပေးရန် နည်းလမ်းများ ရှာဖွေလျက်ရှိသည်။

ယခုအခါ နယ်စည်းမခြား သတင်းထောက်များအဖွဲ့က တရုတ်၊ ထိုင်းအပါအ၀င် နိုင်ငံအများစုမှာ ၀ီကီလိခ် (cablegate.wikileaks.org) ကို အွန်လိုင်းများတွင် ပိတ်ပင်ထားသောကြောင့် လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်ကို မနှစ်မြို့မှု ပြသနေကြောင်း အပြင်းအထန်ဝေဖန်လိုက်သည်။

နယ်စည်းမခြား သတင်းထောက်အဖွဲ့က ပြင်သစ်နှင့် အမေရိကန်လို နိုင်ငံများမှာ ယခုအခါ တရုတ်လို အာဏာရှင် နိုင်ငံများကဲ့သို့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်နေတွေ့ရလို့ အလွန် စိုးရိမ်မိကြောင်း ဖော်ပြထားသည်။ ၀ီကီလိခ် ၀ဘ်ဆိုဒ်ကို ပိတ်ပစ်ခြင်းမှာ လုံးဝမှားယွင်းပြီး၊ တရားရုံးများတွင်သာ ဖြေရှင်းရမည့်ကိစ္စဖြစ်ကြောင်း ဝေဖန် ထောက်ပြလိုက်သည်။

အမေရိကန် အခြေခံဥပဒေ ပထမပြင်ဆင်ချက်အရ ဂျူလီယန် အက်စ်ဆန်းမှာ သူ့ပရိတ်သတ်များကို ရရှိသမျှ အချက်အလက်များအား လွတ်လပ်စွာ ဖြန့်ချီခွင့်ရှိကြောင်း၊ မိမိတို့အဖွဲ့အနေဖြင့် ၀ီကီလိဒ် ဖက်မှ အပြတ်အသတ် ထောက်ခံ ကာကွယ်သွားမည်ဟု ထုတ်ပြန်ကြေငြာလိုက်သည်။
http://www.maukkha.org/index.php?option=com_content&view=article&id=1135%3A2010-12-05-06-37-59&catid=120%3A2010-10-11-07-37-22&Itemid=374

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */