သူတော်ကောင်းကြီး ဗိုလ်ခင်ညွန့်  ဗီဒီယို ကလစ် (အသံပါတဲ့ဟာ) ကို နားထောင်ပြီး စာစီ စာရိုက် လုပ်ထား တာ ရောက်လာလို့  လက်ဆင့် ကမ်းလိုက်ပါတယ်။
ခင်ညွန့်။ ။ ကဲ ဒီမှာလာ ဧည့်ခမ်းက မီးပျက်နေတယ်။
ရဲချုပ်။ ။ တစုံတရာ ရှည်ရှည်ဝေးဝေးပြော (သဲသဲကွဲကွဲ မကြားရ)
ခင်ညွန့်။ ။ ရပါတယ်၊ လိုက်ရမှာပေါ့။ ခေါ်ယင်လိုက်ရမှာပေါ့၊ ပစ္စည်းပစ္စယတော့ ယူခဲ့ချင်တယ်။
ရဲချုပ်။ ။ အမကြီးရော လိုက်ခဲ့ရမှာ။
ခင်...ညွန့်။ ။ နှစ်ယောက်စလုံးပေါ့။ အိမ်မှာ ဘယ်သူမှ မကျန်ခဲ့တော့ဘူးပေါ့။
ရဲချုပ်။ ။ ဟုတ် ဗိုလ်ချုပ် နှစ်ယောက်စလုံး
ခင်ညွန့်။ ။ သားတွေလည်း ခေါ်သွားပြီးပြီ။ သားမက်လည်း ခေါ်သွားပြီ။ အခု ကိုယ့်ရော ကိုယ့်မိန်းမရော ခေါ်မယ်ဆိုတော့ အိမ်မှာ ဘယ်သူမှ ကျန်မှာ မဟုတ်ဘူး။ ကလေးတွေချည်းပဲ။ အခုဟာ ကလေးတွေလည်း ကျောင်းကမတက်ရဘူး။ အပြင်နဲ့လည်း ဘာမှ မလုပ်ရဘူး။ အဆက်အသွယ် လည်း ဘာမှ မရှိဘူး။ သူ့ သတ်မှတ်ချက်အတိုင်းပဲ နေနေကြတာပဲ။
ရဲချုပ်။ ။ ဟုတ်ကဲ့ သိပါတယ်။
ခင်ညွန့်။ ။ အဲတော့ ဘာတုန်း စီးပွားရေးနဲ့ ပတ်သက်လို့လား။
ရဲချုပ်။ ။ ကျနော်တို့လည်း ပြဿနာကို မသိပါဘူး
ခင်ညွန့်။ ။ ကဲ အဲတော့ နှစ်ယောက်စလုံး ခေါ်မယ်ပေါ့။
ရဲချုပ်။ ။ ဟုတ်ကဲ့ အမကြီးက အကူရဖို့ ခေါ်တာပါ။ ဟိုလို ခေါ်တာ မဟုတ်ပါဘူး။
ခင်ညွန့်။ ။ နှစ်ယောက်စလုံး အတူထားမှာလား။
ရဲချုပ်။ ။ ဟုတ် အတူထားမှာပါ။
ခင်ညွန့်။ ။ကဲ အ၀တ်အစားတွေ ထည့် မိန်းမပါ ပါတယ်တဲ့။ နှစ်ယောက်စလုံးတဲ့ အ၀တ်အစားတွေရယ် ယူစရာရှိတာယူ။ (ဒေါ်ခင်ဝင်း ရွှေကို လှည့်ပြီးပြော)
ရဲချုပ်။ ။ လိုအပ်မယ်ထင်တာတွေ အကုန်ယူခဲ့လို့ရပါတယ်။
ခင်ညွန့်။ ။ ယူရမယ်။ ယူခဲ့မယ် အရင်တခေါက် သားနှစ်ယောက်ရော သားမက်ရော ခေါ်တုန်းက ဘာမှ မယူခဲ့ရဘူးဆိုလို့ ဘာမှ ပါမ သွားဘူး။ အ၀တ်အစားတွေတော့ ယူခဲ့ချင်တယ်။
ရဲချုပ်။ ။ ဟုတ်ကဲ့ ယူခဲ့လို့ရပါတယ်။
ခင်ညွန့်။ ။ ရပါတယ် ကဲ လိုက်ရမှာပေါ့။
ရဲချုပ်။ ။ ဟုတ်ကဲ့
ခင်ညွန့်။ ။ အေးအေးဆေးဆေးပဲ လိုက်မှာပါ။ ဘာမှ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ သူလည်း မဟုတ်ဘူး။
ရဲချုပ်။ ။ ဟုတ်ကဲ့ ဗိုလ်ချုပ်
ရဲချုပ်က ၄င်းတို့ယူခဲ့ချင်သည့် ပစ္စည်းများကို ရဲများအား သယ်ခိုင်းသည်။
(ခုထိတော့ ဒီလောက်ဘဲရပါသေးတယ်။ နောက်ထပ်ရရင် ဆက်တင်ပေးပါ့မယ်)
ဒါကတော့ လူတွေ ခန် မှန်းပြောဆိုကြတာပေါ့
ခန့်မှန်းရသလောက်တော့ ....
"ဆရာကြီးရဲ့ အဝေးရောက်တပည့် ဦးအောင်လင်းထွဋ္ဋ် ခန့်မှန်းတာနဲ့တော့ တခြားစီဖြစ်တာ သေခြာသလောက် ဖြစ်သွားပြီ။
Aemon Drar
ဦးခင်ညွန့်  ပြောတဲ့ စကားထဲမှာ.. နိုင်ငံတော်ကို ဆန့် ကျင်တဲ့ သူလည်းမဟုတ်ဘူး..ဆိုတဲ့ စကားက ဒီလောက်ခံနေရတာတောင် စစ်တပ်ရဲ အခိုးအငွေ့ မာန်တွေ အယူစွဲတွေ ကျန်သေးတဲ့ ပုံ..။ အမေစု နဲ့ ပူးပေါင်းရင်ပူးပေါင်းမှာလို့ တချို့ ကထင်နေကြ ပေမဲ့ ..ဒီစကားတခုကို သုံးသပ်ရင် သူတို့ စစ်တပ်က ပြောနေကြလေသံအတိုင်းပဲ အခုချိန် ထိပြောနေတုန်း တွေ့ ရတယ်..။ အဲဒါကြောင့်သူဘာသာ သူ ဘာဖြစ်ဖြစ်မလွမ်းဘူး..။ သူတိုကောင်းစားတုန်းက ကျောင်းသားတွေကိုဖမ်းထဲအခါမှာ ခနဆိုပြီး နှစ်ပေါင်းများစွာ ထောင်ချခဲ့ တာ ....အခု ကိုယ့်အလှည့်ကျတော့ အ၀တ်လေးယူပါရစေအုံးတဲ့ ... ဟားဟား ဟား .. S 1 အဟောင်းအစုတ်ကြီး ရေ တရားတွေလည်းကျမိပါတယ်။
အာဇာနည်။ ။
ဒီလိုဘဲ ဘာမှမလှုပ်နိုင်သေးတဲ့ ခေါင်းဖြူစွယ်ကျိုး ခင်ညွှန့် ဘ၀ မှာ " နိုင်ငံတော်ကို ဆန့် ကျင်တဲ့ သူလည်းမဟုတ်ဘူး" ဆိုတဲ့ စကားကို ပြောတယ်ဆိုတာ စစ်တပ်ကို လိုက်လို့ ပြောတယ်တော့ ကျနော်မထင်ပါ။ ဒီလိုနေရာမျိုးရောက်နေရင် အလိမ်မာသုံးပြီး သင့်တင့်လှောက်ပတ်အောင် ကျနော်တို့ ရောခင်ဗျားတို့ ရော ပြောမှာသေချာပါတယ်။ သူခိုး ကခိုးတယ် ပြောပါ့မလားဗျ။ နိုင်ငံတော်ကို ဆန့် ကျင်တဲ့ သူ နိုင်ငံတော်ကို ပုန်ကန်မှုဆိုတာ သေဒဏ်ကိုးဗျ။
သူ့ ဖာသာသူ မကျေနပ်လည်း ရင်ထဲ မြိုထားဦးမှာပါဘဲ သူပြန်မနိုင်သေးတဲ့အထိပေါ့။ ဦးသန်းရွှေကြောက်တာ ဦးခင်ညွန့် ပါ သူက ပါးနပ်တယ် သန်းရွှေက ကောက်ကျစ်တယ် အမှန်ကတော့ အခု သူတို့ ကြက် နှစ်ကောင်စလုံး ခွပ်ကွင်းထဲမှာရှိနေတုန်းပါဘဲ တယောက်ခြေစွမ်း တယောက်ကြည့်နေတုန်း. ဘာဖြစ်မည်ဆက်ကြည့်ကြသေးတာပေါ့။
ရှင်းရှင်းဘဲ တခုပြောမယ် စာဖတ်သူ
မပိုင်သေးခင်တော့ ...အနော် သစ္စာရှိပါတယ်ဘဲပြောမှာပေါ့။
သင်သာ သူ့ နေရာ ရှိ..သင်ကို အပြစ်ပေးထားတာတွေ မေ့ ပျောက်လို့ ရမလား
သင်ပုန်းချေ လို့်ရမလား..ပိုင်လို့ က ပြန်တွယ်တာပေါ့ ကြာသလားလို့ 
ရွှေဘဘကလည်း...ဒါကို သိတာပေါ့
ကြိုးရှည်ရှည်နဲ့ လှန်ထားတာပါ.။ နောက်မှာဘယ်သူတွေရှိသလည်း တပြုံလုံးဖမ်းရအောင်လို့ ။
မြွေကို ခါးပိုက်ပိုက်တာမဟုတ်ပါ။ မှန်အိမ်ထဲမှာ ထားစောင့်ကြည့်နေတာပါ။
အထဲမှာလေည်း ပွစိပွစိ ဖြစ်နေတာကြာပါပြီ။
မစားရတဲ့သူတွေက လည်း နန်းလုလို့ရလို့ များလား..
ဟွန်း ကြာသလား ဆို ထအုပ်ဖို့  အဆင်သင့်ဘဲ
အဘိုးကြီးခေါင်းစား ယတြာချေနေတယ်...သူဥာဏ်တွေ ထုတ်နေတယ် ။ညိမ်နေတယ်ဗျ

0 comments:
Post a Comment