“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, December 04, 2010

မောင်ခင်ညွန့် အသံပါတဲ့ ဖိုင်ပါ (10 min)

ထောက်လှမ်းရေး အကြီးအကဲဟောင်း နေအိမ် အကျယ်ချုပ် မှ ပြန်လည်လွတ်မြောက် ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ခင်ညွန့် ဗွီဒီယို ( အသံအပါ) စနေနေ့ နံနက် ၅ နာရီ မိနစ် ၃၀: နေအိမ် အကျယ်ချုပ်မှ ကွင်းလုံးကျွတ် လွတ်မြာက်ခြင်းမဟုတ်ပဲ အကန့်အသတ် ဖြင့်သာ လွတ်မြောက် ခြင်း ဖြစ်သည် ဟု ထပ်မံ သတင်းရရှိသည်။ ဟိန်းခိုင်ထွန်း၊ ၊၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ က မန္တလေး မြို့ မှ အပြန်ရန်ကုန် မင်္ဂလ...ာဒုံ လေဆိပ် တွင် ဖမ်းဆီးခံ ရပြီးနောက် အမိန့် မနာခံမှု ၊လာဘ်စားမှု ၊မရိုးမသားလုပ်မှု များ ဖြင့် ရာ ထူး မှ ဖယ်ရှာခြင်း ခံခဲ့ရ သည့် ထောက်လှမ်း ရေး အကြီးအကဲ ဟောင်း နှင့်ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့် အားနိုဝင်ဘာလ ၃ရက်နေ့ သောကြာနေ့ ည၁၂ နာရီခန့် တွင် နေအိမ်အကျယ်ချုပ် မှ ပြန်လည် လွှတ်ပေးလိုက်သည် ဟုသတင်းရရှိသည်။ ဗိုလ်ချုပ် ခင်ညွန့် အား နေအိမ် အကျယ်ချုပ် မှ ပြန်လည် လွှတ်ပေး သည်ဆိုသည့် သတင်း နှင့် ပတ်သက်၍ ဗိုလ်ချုပ်ခင်ညွှန့် ၏ အိမ် အနီးတွင်နေထိုင်သူ တစ်ဦးက ည ၁၁ နာရီ ခွဲလောက်မှာ စစ်ကားတွေရောက်လာတယ်။ ရဲကား နှစ်စီးလဲ ပါတယ်။ ဘာဖြစ်လဲ ဆိုတာ တစ်လမ်း လုံးက စောင့်ကြည့်နေကြတာ ။နောက် အားလုံး ပဲ ရယ်ရယ်မောမောနဲ့  ပြန်ထွက် သွား တယ်။ ဗိုလ်ချုပ် ခင်ညွန့် ကိုလည်း ခြံထဲ မှာတွေ့ တယ်။ပြီးတော့ သူခြံတံခါးရှေ့ က လုံခြုံရေး အစောင့် တွေ က သံဆူးကြိုးတွေဖယ်လိုက် တယ် ..အစောင့်တွေ ကတော့ အခုထိ ရှိသေးတယ် ၊ ဘေးအိမ်တွေ မှာ လည်း သူ့ လို နေအိမ်အကျယ်ချုပ် တစ်ယောင် ရှိသေးတယ် ဟု FNG သို့ ပြောသည်။ ဗိုလ်ချုပ်ကြီး ခင်ညွန့် သည် နေအိမ် အကျယ်ချုပ် ဖြင့် ခြောက်နှစ်ကျော် နေထိုင်စဉ် ကာလ အတွင်းငွေကြေးပြတ်လပ်၍ ၎င်း၏ Air Force ဂျာကင် များ ကို လုံခြုံရေး အစောင့် စစ်သားများ မှ တစ်ဆင့်အပေါင်ဆိုင်များ တွင် သွားရောက် ရောင်းချရသည်။ FNG သည် ထိုသတင်း ကို သီးခြား အတည်ပြု နိုင်ခြင်း မရှိသေး သော်လည်းတိုးတက်ဖြစ်ထွန်းသမျှကို ထပ်မံ တင်ဆက် ဖော်ပြပေးသွား မည် ဖြစ်ပါသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */