“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, December 01, 2010

မလေးရှားမှ ပေးပို့ ပါသည်။


အလံတော်နဲ့ လူထု ခေါင်းဆောင်ကို စော်ကားကြတဲ့ အယ်အယ်ဒီ (အယ်အေ) မလေးရှား အဖွဲ့
မလေးရှား နိုင်ငံ ကွာလာလမ်ပူ မြို့ ပူချုန်း နယ်မြေရှိ (NLD (LA) MALAYSIA အလီ ဘာဘာနှင့် ခိုးသား ၅၀၀ တို့အဖွဲ့ဟုကမ္ဘာကျော်နေသည့်
ကိုကျော်ကျော်+မသက်သက်မော် (နာမည်ပြောင်းထားသည်ဟုသိရ) ဦးဆောင်သော လိမ်စားခိုးစားနေသော အဖွဲ့သားများ ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်လာသောနေက ပျော်ရွှင်ဟန်ဆောင်နေကြသည့်ပုံများ ဖြစ်ပါသည်။ ထိုသူများသည် NLD အလံနှင့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား
ဘန်းပြပြီး မလေးရှားနိုင်ငံ ရှိ အလုပ်သမားများ၏ ချွေး ၊ သွေးများ စတေး`၍ ရှာဖွေ စုဆောင်းထားသော ချွေးနဲစာများကို UNHCR ကထုတ်ပေးသော
အထောက်အထား စာရွက် တရွက်လျင် ၃၅၀ မှ ၁၂၀၀ ထိ တန်ဖိုးသတ်မှတ်` ရောင်းချကာ ကိုယ်ကျီုးအတွက် ရှာဖွေ ခဲ့ကြသဖြင့် ဧရာဝတီ မဂ္ဂဇင်း
မှ ထိုမသမာမှုကိုဖေါ်ထုတ်ကာ အင်တာနက်စာမျက်နှာများပေါ်သို့တင်ခဲ့သည်။ ထိုသူများသည် ပါတီနှင့် လူထုခေါင်းဆောင်၏ နာမည်ကိုမှ မထောက်ညာဘဲ
ပါတီ ဂုဏ်သိက္ခာ ညိုးနွမ်းအောင် ပြုမူနေထိုင်ကြသည် ဟုသိရသည်။ ဝင်ငွေ တပြားတချပ်မှ မရဘဲ ကိုယ်ပိုင်ကားဝယ်စီးခြင်း၊လက်တော့ပ် များဝယ်ခြင်း၊
မိန်းမများအား ရွှေ၊ စိန် အစရှိသော ပစ္စည်းများအား ဝယ်ပေးခြင်း၊ ရရှိလာသော ငွေများအား ကိုယ်ပိုင်ငွေ သဖွယ် သုံးစွဲ ကြခြင်း၊ များပြုလုပ်ကာ ကိုယ်ကျီုး
ရှာကာ လုပ်စားနေကြပါသည်။ ယခုအကြိမ်မှ မဟုတ် နာဂစ် လေမုန်တိုင်း တိုက်ခတ် ပြီးကာစ မလေးရှားရောက် ပြည်သူများ လှုဒါန်းသည့် ငွေ ပစ္စည်း များ၊
ရွှေဝါရောင် သံဃာ လှုပ်ရှားမှုအပြီး ရရှိလာသော ငွေကြေးများ ကိုလဲ ကိုယ်ကျိုးအတွက်သုံးစွဲ ခဲ့ကြောင်းသိခဲ့ရသည်။ယခင်က မလေးရှားနိုင်ငံ ၏ နိုင်ငံရေးလှုပ်ရှားမှုများတွင် ဦးဆောင်ခဲ့သော ထိုအဖွဲ့သည် ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒ ပြပွဲကို လူ (၉)ယောက်ဖြင့် တိတ်ဆိတ်စွာ ပြုလုပ်ခဲ့ကြသည်။ ယခုအခါ မလေးရှားရှိ မြန့်မာအရေးလှုပ်ရှားသော နိုင်ငံရေးအဖွဲ့များနှင့် တိုင်းရင်းသားအဖွဲ့ အစည်းများက ထိုသူများဦးဆောင်နေသော
အဖွဲ့ ကိုမယုံကြည်ကြတော့သဖြင့် လက်တွဲ၍ လုပ်ဆောင်ရန်ငြင်းပယ်ခဲ့ကြသည်။ ထိုသူများ၏ လုပ်ရပ်များသည် NLD (ဗဟို) ပြည်တွင်း ၏ နိုင်ငံရေးဦးဆောင်မှုနှင့် မလေးရှား နိုင်ငံရှိ နိုင်ငံရေး
တက်ကြွလှုပ်ရှားသူ များနှင့် အဖွဲ့ ဝင်များကိုပါထိခိုက်စေပါသည်။ ထို့ကြောင့် တာဝန်ရှိသော
လူကြီးများနှင့် ဦးဆောင်သူများမှ ထိမ်းကြောင်းပေးရန် နှင့် လိုအပ်သလို အရေးယူနိုင်ရန် အသိပေးအပ်
ပါသည်။

Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */