“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, October 05, 2008

လှေလှော်ရင်း..ရေတိမ်နစ်ကြသူများ..

တူရကီနိုင်ငံတွင် ကုန်ကားတိမ်းမှောက်၊ မြန်မာနှင့် အာဖဂန်နစ္စတန် ၁၈ ဦး သေဆုံး။ ၂၃ ဦးဒဏ်ရာရခြင်း

တိုင်းပြည်မှာ..စစ်တပ်က..ဖိနှိပ်..ရှိသမျှ..ရရာ..ချရောင်းပြီးအိပ်ထဲထည့်. တိုးတက်တဲ့ အီလက်တရောနစ်ခေတ် ထဲ..လျှပ်စစ်မီးကို..အပြင်ရောင်းစား. ပြည်သူက လျှပ်စစ်ကလေးတောင် မရှိ..မှောင်မဲမဲနဲ့နေ။ အလုပ်အ ကိုင် ရှားပါး.စစ်သားဘဲ ကောင်းစားတာ.စစ်သားလုပ် ပြည်သူမသတ်ချင်တဲ့ ဗမာမျိုးချစ်လေးတွေပေါ့. အမျိုး တွေ ငတ်လာတဲ့အခါ. မိသားစု တွေ စားဖို့  ရေကြည်ရာ..မြက်နုရာရှာရတာဘဲ။ ဒီလိုနဲ့လူတွေ ခိုးသွင်းတဲ့ ရာဇ၀တ်မှုတွေ နိုင်ငံတကာမှာ များပြားလာရော။
ပင်လယ်ရေပြင်က ခိုးထွက်သူတွေ လှေမြော အစာငတ် သီရိလင်္ကာရေတပ်က ကယ်ထားရတဲ့ သတင်းတွေ. ထိုင်းမှာ မလေးမှာ ကွန်တိမ်နာ အပြည့် လေမွန်းသေရတာတွေ..သေသူပေါင်းများလှပြီ။ အိမ်က ကျန်တဲ့မိသားစု ကတော့ ယောက်ျားသတင်း . သားသတင်း သမီးသတင်း သေသည် ရှင်သည် ဘာမှ မကြားရ..ဒါဟာ ထွက်ပြေးတဲ့လူ အပြစ်မဟူတ်ဘူး။ မနေနိုင်အောင်..ငတ်အောင်ထားတဲ့ စစ်အစိုးရကြောင့်ပေါ့။ ကိုယ်နိုင်ငံကောင်း..ဘယ်သူ အပြင်မှာကျွန်ခံမလည်း။

ကံကောင်းတဲ့သူတွေ လည်း မသေဘူးပေါ့။ ကျရာနေရာနေ ကြုံ၇ာအလုပ်လုပ်..ချစ်ခင်သူတွေနဲ့ ကွေကွင်းတဲ့ ဒုက္ခ ခါးစည်းခံပေါ့။ ပြည်ပ ထွက်ကြ သူတွေဟာ လူငယ်ပိုင်း။ လူလတ်ပိုင်း ငယ်ရွယ်သူ အရွယ်ကောင်းတွေ များပါတယ်။
သန်းရွှေ သူ့မိန်းမ ဖက် အိပ်နေချိန်..တရားမ၀င်ခိုးထွက်သူကတော့ သူတပါးနိုင်ငံမှာ..ကျွန်သာသာ အလုပ် လုပ်။ လမင်းတောင်ငေးပြီး ချစ်သူကိုမလွမ်းနိုင်တဲ့ဘဝ ..စာနာကြည့်ကြပေါ့ဗျာ။

နအဖ နဲ့ သူတို့ ရဲ့ သားမယားတွေကျ..နိုင်ငံဘဏ္ဍာတွေ က ကျခံထားတဲ့ ညစာစားပွဲတွေ မှာ..ခိုးထားတဲ့ blood Ruby တွေ. စိန်တွေ ၀တ်. ပိုးလုံချည် တရွှမ်းရွှမ်း..ဖင်ပြောင်နေအောင်.၀တ်ပြီးရှိုးပြ နေတာ..တရားပါရဲ့ လားဗျာ..

သေဆုံးသူတွေ ကောင်းရာဘုံလားပါစေ ဘဲဆုတောင်းပေးရုံဘဲပေါ့

Traffic accident kills 18, wounds 23 migrants in Turkey
တူရကီနိုင်ငံတွင် ကုန်ကားတိမ်းမှောက်၊ မြန်မာနှင့် အာဖဂန်နစ္စတန် ၁၈ ဦး သေဆုံး
ဧရာဝတီ | အောက်တိုဘာ ၆၊ ၂၀၀၈

တူရကီနိုင်ငံ မယ်ကာရမြို့ (Malkara) အနီးတွင် ကုန်တင်မော်တော်ယာဉ်တစီး ယမန်နေ့ကတိမ်းမှောက်ခဲ့ရာ မြန်မာနိုင်ငံနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့မှ တရားမ၀င်ရွှေ့ပြောင်းအလုပ်သမား ၁၈ ဦးသေဆုံးကာ ၂၃ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။


တိမ်းမှောက်ခဲ့သည့် ကုန်တင်ယာဉ်သည် နောက်ခန်းတွင် မြန်မာနိုင်ငံနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့မှ တရားမ၀င် အလုပ် သမားများကိုတင်ဆောင်လာသော လူကုန်ကူးသည့် မော်တော်ယာဉ်ဖြစ်သည်ဟု ဒေသအာဏာပိုင်တို့က အတည်ပြုပြော ဆိုကြောင်း တူရကီအစိုးရပိုင် Anatolia သတင်းဌာနက ပြောဆိုသည်။

သေဆုံးသူများတွင် မြန်မာနိုင်ငံသားပိုများသည်ဟုလည်း ဒေသအာဏာပိုင်က ပြောသည်။

မော်တော်ယာဉ် တိမ်းမှောက်ခဲ့ပြီးနောက် ကားမောင်းသမား ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး မော်တော်ယာဉ်ပေါ်၌ စီးနင်း လိုက်ပါလာသူများသည် ဂရိနိုင်ငံသို့ တရားမ၀င် ၀င်ရောက်ရန် စီစဉ်ထားသူများဖြစ်ကြသည်။

ဥရောပနိုင်ငံများသို့ တရာမ၀င် သွားရောက်လိုသူများသည် တူရကီနိုင်ငံမှတဆင့် အဆင့်ဆင့် သွားရောက်လေ့ရှိကြောင်း စုံစမ်းသိရှိရသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */