“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, October 09, 2008

တရုတ်မုန့် စား ..မြန်မာမျိုးတော့ပြူတ်ဦးမယ်.

သီတင်းကျွတ်ရာသီအကြို နို့အခြေခံ တရုတ် စားသောက်ကုန်များ မြန်မာပြည်တွင်း အရောင်းသွက်နေ
အောင်သက်ဝိုင်း အောက်တိုဘာ ၉၊ ၂၀၀၈

မြန်မာ့ရိုးရာ သီတင်းကျွတ် မီးထွန်းပွဲတော်နီးကပ်လာသည်နှင့်အမျှ နို့မှုန့်ထုပ်များ၊ နို့နှင့် နို့မှုန့် တို့မှ ထုတ်လုပ်သည့် တရုတ် နိုင်ငံထုတ်စား သောက်ကုန်များ နယ်စပ်ဒေသများမှတဆင့် ရန်ကုန်၊ မန္တလေးအပါအ၀င် ပြည်တွင်း ဈေးကွက်သို့ ဈေးပေါပေါ ဖြင့်ဝင်ရောက်ကာအလွန် အရောင်းအ၀ယ်ဖြစ်နေကြောင်း ရန်ကုန်ရှိ စားသောက်ကုန် ဆိုင်ရှင်များနှင့် စူပါမားကက်ဝန်ထမ်း များက ပြောသည်။

နယ်စပ်မှတဆင့် ဈေးကွက်အတွင်းသို့ဝင်ရောက်လျက်ရှိသည့် တရုတ်နိုင်ငံထုတ် စားသောက်ကုန်မျိုးစုံအနက် နို့နှင့် နို့မှုန့်မှ ထုတ်လုပ်သည့် စားသောက်ကုန်သည် အများဆုံးဖြစ်ပြီး ဈေးနှုန်းမှာလည်း ယခင်နှစ်များထက် ဈေးနှုန်း ချိုသာစွာဖြင့် ၀င်ရောက်နေကြောင်း နယ်စပ်ကုန်သည်များထံမှလည်း သိရသည်။

“တရုတ်မုန့်တွေ မူဆယ်ဝင်ပေါက်ကနေ အများဆုံးဝင်တာ၊ မုန့်တွေက နို့မှုန့်လည်းမဟုတ်တော့ အစစ်အ ဆေးမရှိ ၀င်လာ တယ်၊ ဘီစကစ်၊ ဝေဖာ၊ ချောကလက်၊ သကြားလုံးနဲ့ ကွတ်ကီးမုန့် တွေ အလုံးအရင်းနဲ့ကို ၀င် တာ၊ ဈေးကလည်း အရမ်းကျ တော့ ကုန်သည်တွေက အဲဒီစားသောက်ကုန် တော်တော်များများ သွင်း နိုင်ကြတယ်”ဟု မူဆယ် ၁၀၅ မိုင်ဂိတ်မှ တရုတ် စားသောက်ကုန်တင်သွင်းသည့် ရန်ကုန်ညောင်ပင်လေးဈေးရှိ ဆိုင်ရှင်တဦးက ပြောသည်။

အဆိုပါဆိုင်ရှင်ကဆက်လက်ပြီး “တရုတ်မုန့်ဈေးက တော်တော်သက်သာတယ်။ ဥပမာ- မနှစ်ကဆိုရင် Kunming Guandu Gangtai Biscuits Factory ကထုတ်တဲ့ QILEJIA တံဆိပ် နို့ဘီစကစ် ၃၆၀ ဂရမ်ကို ၁၆၀၀ ၊ ၁၇၀၀ ကျပ် လောက်နဲ့ရောင်း တယ်၊ အခု အဲဒီတံဆိပ် ဘီစကစ်က ကျပ် ၉၀၀ ၊ ၉၅၀ လောက်နဲ့ရောင်းတယ်၊ ဈေးက တအား ကို ကျသွားတာ”ဟုလည်း ပြောသည်။

ရန်ကုန်၊ မန္တလေးအပါအ၀င် တခြားမြို့ကြီးများရှိ စားသောက်ကုန်ဈေးကွက်သို့ ၀င်ရောက်နေသော တရုတ် စားသောက် ကုန်များမှာ ယူနန်ပြည်နယ်(Yunan) ကူမင်း( Kunming) ၊ ဂန်ဇု ( Ganzu) ၊ ရှန်ဒေါင်း ( Shandong) ၊ ဂွန်ဒေါင်း (Guang-dong)၊ ဟူနန် (Hunan)၊ ဂျင်စု (Jiangsu)၊ ဟီနန် (Henan)၊ ဟူဘိုင်း (Hubei) အပါအ၀င် တရုတ်နိုင်ငံတ၀န်းရှိ ပြည်နယ် များမှ ထုတ်လုပ်သော စားသောက်ကုန်များဖြစ်ပြီး တံဆိပ် အမျိုးအစား ပုံစံအမျိုးမျိုးဖြင့် မြန်မာနိုင်ငံဈေးကွက်သို့ ၀င်ရောက် နေကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါစားသောက်ကုန်များနှင့်အတူ နို့မှုန့်များလည်း ၀င်ရောက်နေကြောင်း၊ သို့ရာတွင် နို့မှုန့် တင်သွင်းသည့် ပမာဏမှာ နို့နှင့် နို့မှုန့်မှထုတ်လုပ်သည့် စားသောက်ကုန်များနှင့်နှိုင်းယှဉ်ပါက နည်းပါးကြောင်း ရန်ကုန်မြို့ မင်္ဂလာဈေးရှိ ကုန်သည် တချို့က ပြောသည်။

“နို့မှုန့်တွေလည်း ၀င်တယ်၊ ဒါပေမယ့် အရမ်းကြီးတော့မဟုတ်ဘူး၊ ပြီးတော့ရန်ကုန်မှာ နို့မှုန့်သုံးတဲ့ လူအရေ အတွက်က နည်းလာတယ်၊ ဈေးကွက်ထဲဝင်လာတဲ့ နို့မှုန့်တံဆိပ် အနည်းဆုံး နှစ်ဆယ်ကျော် လောက်ရှိမယ်၊ အထူးသဖြင့် နွားနီတံဆိပ် ကတော့ အများဆုံးပဲ” ဟု ညောင်ပင်လေးဈေးရှိ ဆိုင်ရှင်က ပြောသည်။

မင်္ဂလာဈေး၊ ညောင်ပင်လေးဈေး၊ ယုဇနပလာဇာ၊ အင်းစိန်ဈေးနှင့် လှည်းတန်းဈေးတို့အပါအ၀င် ဈေးများ၊ အသေးစားစား သောက်ကုန်အရောင်းဆိုင်များ၊ ကုန်တိုက်များတွင် တရုတ်နို့မှုန့်နှင့် နို့မှုန့် မှထုတ်လုပ်သည့် စားသောက်ကုန်များရောင်းချ လျက်ရှိပြီး တချို့သော စားသောက်ကုန်ဆိုင်ကြီးများက ပျံကျဈေးသည်များကို အကြွေးစနစ်ဖြင့် ရောင်းချခိုင်းမှုများရှိ ကြောင်း သိရှိရသည်။

လှိုင်သာယာ မီးခွက်ဈေးအနီးရှိ ပျံကျဈေးအနီးတွင် တရုတ်နို့မှုန့်ထုပ်များနှင့် နို့မှုန့်မှထုတ်လုပ်သည့် စား သောက်ကုန် ရောင်းသည့် အမျိုးသမီးဈေးသည်တဦးက “မင်္ဂလာဈေးက ဆိုင်က ရောင်းခိုင်းတာ၊ နို့မှုန့်ထုပ်က နည်းနည်းပဲ ပါတယ်၊ အဓိကရောင်းတာက ဘီစကစ်၊ ချောကလက်၊ ဝေဖာနဲ့ ကွတ်ကီးတွေပေါ့၊ အခု ရောင်းတဲ့ကုန်အားလုံး အရင်းချည်းပဲ ရှစ်သောင်းကျော် ရှိတယ်၊ ပိုက်ဆံကို ပစ္စည်းတွေ ရောင်းလို့ကုန်သွားတော့မှ သွားချေရမှာ၊ ကျမ လိုပဲ အဲဒီဆိုင်က တခြား ဈေးတွေမှာ ရောင်းခိုင်းထားတဲ့သူ တွေ လည်း ရှိပါတယ်” ဟု ရှင်းပြသည်။

အဆိုပါပျံကျဈေးသည်အမျိုးသမီးကပင် တရုတ်စားသောက်ကုန်များ နေ့စဉ် ကျပ်တသောင်းကျော်ဖိုး ရောင်းချ ရကြောင်း၊ သီတင်းကျွတ်ကာလ နီးလာသည့်အတွက် ဘီစကစ်ထုပ်များ ၀ယ်ယူမှုများကြောင်း ပြောသည်။

စစ်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက အစိုးရသည် တရုတ်နိုင်ငံထုတ် နို့မှုန့်နှင့် တခြားစားသောက်ကုန်များတွင် မယ်လမင်း များပါဝင်သည့်အတွက် စစ်ဆေးအရေးယူမှုများကို ပြုလုပ်နေကြောင်း၊ ယင်းသို့စစ်ဆေးရာတွင် ပြည်တွင်း သို့ဝင်ရောက်လာ သည့် Inner Mongolia Yilli Industrial Group မှထုတ်လုပ်သော နို့မှုန့်အိတ် ၄၆၀ (၁၆ မက်ထရစ်တန်) ကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း၊ ပြည်တွင်းသို့ ကုမ္ပဏီပေါင်း ၁၇ ခုမှ တင်သွင်းထား သည့် နို့မှုန့် တန်ချိန် ၁၅၀၀.၈၅၁ တန်ကို စစ်ဆေးရာ ပိတ်ပင်ထားသည့် ကုမ္ပဏီ ၂၂ ခုမှ ထုတ်လုပ်ခြင်း မဟုတ်သည်ကို အတည်ပြုစစ်ဆေးနိုင်ခဲ့ကြောင်း ၊ ပြည်တွင်းထုတ်နို့မှုန့် များနှင့် စားသောက်ကုန်များကို မယ်လမင်း ပါ မပါ စစ်ဆေး သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

အမည်မဖော်လိုသည့် ကျန်းမာရေးဝန်ကြီးဌာနရှိ လက်ထောက်ညွှန်ကြားရေးမှူး တဦးကမူ ပြည်တွင်း ဈေးကွက်တွင်ရောက် ရှိနေသော တရုတ်နို့မှုန့်နှင့် တခြားစားသောက်ကုန်များအားလုံးကို မယ်လမင်းပါဝင်မှုရှိ၊ မရှိစစ်ဆေးရန်မှာ မဖြစ်နိုင်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA)တွင် ၀န်ထမ်း အင်အားအနည်းငယ်သာ ရှိပြီး နည်းပညာအခက်အခဲနှင့် စစ်ဆေးရန်လိုအပ်သည့် ဓာတ်ခွဲခန်း၊ စက်ပစ္စည်းများ ပြည့်စုံလုံလောက်မှုမရှိကြောင်း ပြောသည်။

ဈေးကွက်အတွင်း၌ နို့မှုန့်နှင့် စားသောက်ကုန်များကို စစ်ဆေးနေသည့်ပုံစံမှာ ဓာတ်ခွဲခန်းသို့ပို့ဆောင်ပြီး မယ်လမင်း ပါဝင်မှု ရှိ၊ မရှိ စစ်ဆေးခြင်းမဟုတ်ဘဲ မယ်လမင်းပါဝင်သဖြင့် ပိတ်ပင်ခံထားရသော တရုတ်ကုမ္ပဏီ အမည်များကို အွန်လိုင်းမှကူး ယူကာ အဆိုပါကုမ္ပဏီများမှ မှာယူတင်သွင်းသည့် ကုန်ပစ္စည်း ဟုတ်၊ မဟုတ် အညွှန်းစာဖတ်၍ တိုက်ကြည့်စစ်ဆေးနေရ ခြင်းသာ ဖြစ်ကြောင်း အဆိုပါ ညွှန်ကြားရေးမှူးက ရှင်းပြသည်။

“မြန်မာပြည် FDA က အဖြစ်သဘောပဲဖွဲ့ထားတဲ့ပုံစံ၊ လူအင်အားနဲ့ စက်ပစ္စည်းက နည်းနည်းပဲရှိတာ၊ တိုင်းပြည် တခုလုံးရဲ့ ဈေးကွက်ကို ဒီလောက်ဌာနသေးသေးလေးတခုနဲ့ အကုန်လိုက်စစ်ဆေးဖို့ဆိုတာ မလွယ်ဘူး၊ ဓာတ်ခွဲ ခန်းမှာ စစ်ဆေး တယ်ဆိုတာကလည်း တရုတ်ထွက်ကုန်နည်းနည်းလောက်ကိုပဲ စစ်ဆေးနိုင်တယ်” ဟု ၎င်းက ဆက်ပြောသည်။

ရန်ကုန်မြို့နေ လူအများစုက တရုတ်နို့မှုန့်များကြောင့် တရုတ်နိုင်ငံတွင် ကလေးငယ် ၄ ဦးသေဆုံးပြီး ငါးသောင်း ကျော် ဆေးရုံတက်ကုသနေသည်ဟူသောသတင်းများကြောင့် တရုတ်တံဆိပ်နို့မှုန့်များကို ၀ယ်ယူခြင်း မပြုကြ သော်လည်း နို့နှင့် နို့မှုန့်မှထုတ်လုပ်သည့် တရုတ်စားသောက်ကုန်များကိုမူ ၀ယ်ယူစား သုံးနေကြကြောင်း သိရှိရသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */