“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, October 10, 2008

( န အ ဖ ) တို့  ပြော သော တိုး တက် နေ တဲ့ မြန် မာ ပြည် အပိုင်း ( ၃ )


လူ တွေ တိုး နေ တဲ့ အ ဟောင်း တန်း ( ဘိန်း စား တန်း လူ စည် )
( န အ ဖ ) လက် တွင်း သက် ဆင်း ခဲ့ ရ က တည်း က ၊ မြန် မာ တွေ ဘိန်း စား တန်း ကို ခြေ ဦး တော် တော် လှည့် ခဲ့ ကြ ရ ပြီ ။ ( ဘိန်း စား တန်း ) ဆို တဲ့ အ ခေါ် အ ဝေါ် က တော့ ရှေး က တည်း က ခေါ် ကြ တဲ့ အ ခေါ် အ ဝေါ် ပါ ပဲ ။ အိမ် က ပစ္စည်း ကို ဆေး စွဲ နေ တဲ့ လူ ငယ် တွေ ၊ သူ ခိုး ဈေး နဲ့  ရောင်း တာ ကို ပြန် ၀ယ် ပြီး ရောင်း ကြ တာ ကို အ စွဲ ပြု လို့  ၊
ဘိန်း စား တန်း လို့  ခေါ် ခဲ့ ကြ တာ ပါ ။ လက် ကိုင် ဖုန်း က အ စ ပြု လို့  ၊ လျှပ် စစ် ပစ္စည်း အ ဟောင်း မျိုး စုံ ၊ သ ချာင်္ တွက် စက် ၊ ရေ ဒီ ယို ကက် ဆက် ၊ နာ ရီ ၊ ဒီ ဗီ ဒီ ပ လေ ရာ ၊
စ ပီ ကာ ၊ ပန် ကာ ၊ (အို ) အ မျိုး ကို စုံ နေ တာ ပဲ ။ ခိုး ပြီး လာ ရောင်း တာ ၊ အ ရပ် ထဲ လှည့် ၀ယ် ထား တာ ၊ ဆေး ချ စ ရာ မ ရှိ လို့  အိမ် က ဆင် ထား တာ ချွတ် ရောင်း တာ ။
နည်း ပေါင်း စုံ နဲ့  ရောက် လာ တဲ့ ပ စ္စည်း မျိုး စုံ ၊ ဒီ အ ဟောင်း တန်း မှာ ရှိ နေ တယ် ။
ရွှေ ဘုံ သာ လမ်း ၊ ၂၈ လမ်း ၊ ၂၇ လမ်း ၊ ဒီ နေ ရာ တွေ က ဈေး ကွက် ပဲ ။
ရုပ် ၀ တ္ထု ပစ္စည်း တွေ ၊ လို အပ် ချက် တွေ များ လာ တဲ့ ၊ ဒီ နေ့  ခေတ် မှာ ၊ မြန် မာ ပြည် ကြီး က ( န အ ဖ ) ကျွန် ပြု တာ ခံ နေ ရ တော့ ၊ လူ တွေ က ၀င် ငွေ နဲ့  ၊ လို အပ် ချက် ကို လုံ လောက် အောင် မ ဖြည့် တင်း နိုင် တော့ ဘူး ။ အ သစ် မ သုံး နိုင် တော့ ၊ ရှိ တဲ့ ငွေ နဲ့  ဘိန်း စား တန်း က အ ဟောင်း ပုံ ကို မွှေ ကြ တာ ပေါ့ ။ လက် တင် သုံး လို့  ရ သေး တာ တွေ ပါ သ လို ၊ ပြင် လို့  ရ တာ တွေ လည်း ပါ တယ် ။ နှစ် ခု ကို တစ် ခု ဖြစ် အောင် ပေါင်း လို့  ရ တာ တွေ လည်း ပါ တယ် ။ ဒါ တွေ နဲ့  ဒီ နေ့  က မ္ဘာ ကြီး ကို မှီ ရာ ကား နဲ့  လိုက် နေ ကြ ရ တယ် ။ ဟို တုန်း က ထက် မ တူ အောင် တိုး တက် လာ ပြီး စည် ကား လာ နေ တဲ့ အ ထဲ မှာ ဒီ ( အ ဟောင်း တန်း ) က လည်း အ ပါ အ ၀င် ပါ ပဲ ဗျာ ။
သ က္က ရာဇ် က ၂၀၀၈ ရောက် နေ ပြီ ။ ( န အ ဖ ) က ၊ သူ တို့  လက် ထက် မှာ တိုး တက် တယ် ဆို ပြီး အ မြဲ ပြော နေ တာ ။ ( ဒီ နေ ရာ မျိုး ) ဖြစ် မှာပါ ။ ( အံ့ ပါ ရဲ့  ဗျာ ) ။
တိုး နေ လိုက် တာ လူ တွေ ။ ( တိုး တက် နေ လိုက် တဲ့ မြန် မာ ပြည် ) ပါ ပဲ ။

( အ ဘ ယ )


Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */