“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, October 07, 2008

မင်းဘယ်ပြေးမလဲ သန်းရွှေ

နေပြည်တော် မှာ..မိုးကြိုးပစ်ပြီး (၄)ယောက်သေ . ၂ယောက်ဒဏ်ရာရပါတယ်။
တဖြေးဖြေး..မိုးကြိုးစက်ကွင်း ကသန်းရွှေနဲ့ တဖြေးဖြေးနီးနေပါပြီ။ လုံအောင်ပုန်းရမလားကြည့်ပေါ့။
သေဘေးကို ဘယ်သူမှ မလွတ်နိုင်ပါ.။
နပြည်တော်တွင် မိုးကြိုးပစ်၍ လူ ၄ ဦးသေ၊ ၂ ဦးဒဏ်ရာရ

10/5/2008

သျှင်ထွီးခိုင်(နိရဉ္စရာ) နေပြည်တော်တွင် အောက်တိုဘာလ ၃ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုးပစ်သဖြင့် လူ ၄ ဦးသေဆုံးပြီး ၂ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားခဲ့သည်။

မိုးကြိုးပစ်ခံရသူများမှာ အဆိုပါနေ့ ညနေ ၃ နာရီ အချိန်ခန့်တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ဆင်သေချောင်းအနီး ဂွေးကြီးကျေးရွာရှိ ကွမ်းယာဆိုင် တဆိုင်တွင် ဝင်ရောက် မိုးခိုနေစဉ် မိုးကြိုးပစ် ခံရခြင်းဖြစ်သည်။

စစ်အစိုးရပိုင် သတင်းစာတစောင်က မိုးကြိုးပစ်ခံရသူခြောက်ဦး တွင် လေးဦးပွဲချင်းပီး သေဆုံးသွားပြီး ကျန်နှစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရရှိသွားခဲ့သဖြင့် နေပြည်တော်ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု ဖော်ပြသည်။

မိုးကြိုးပစ်ခံရပြီး သေဆုံးသွားသူများမှာ ဦးသန်းအောင် ၄၀ နှစ်၊ မောင်ကို ၃၅ နှစ်၊ ဇော်နိုင်ထွန်း ၁၈ နှစ်နှင့် ဆိုင်ပိုင်ရှင် ဦးတင်ဝင်း ၄၉ နှစ်တို့ ဖြစ်သည်။

နေပြည်တော်သို့ ၂၀၀၅ ခုနှစ်က စတင်ပြီး ၀န်ကြီးဌာနများ အပါ အ၀င် အရေးပါသည့် စစ်အစိုးရ ဌာနများကို ရန်ကုန်မှ ပြောင်းရွေ့ခဲ့ပြီးနောက်ပိုင်း ပမထဆုံးအကြိမ် မိုးကြိုးထိမှန်၍ လူအများအပြား သေဆုံးရခြင်း ဖြစ်သည်။

ဗုဒ္ဓဘာသာထွန်းကားသောမြန်မာနိုင်ငံတွင် ယခုကဲ့သို့ သဘာဝဘေးအန္တရာယ်များကြောင့် ပြည်သူလူထုများ မကြာခဏ သေကြေ ဒုက္ခရောက်ရခြင်းမှာ နိုင်ငံတော်ကို အုပ်ချုပ်သူ စစ်ဗိုလ်များက ဘာသာတရားကို စော်ကားနေမှုကြောင့် ဖြစ်သည်ဟု ပြည်သူ တဦးက ဝေဖန် ပြောဆိုသည်။

လွန်ခဲ့သောနှစ်က ပေါ်ပေါက်ခဲ့သော ရွှေဝါရောင်တော်လှန်ရေး အတွင်း ရဟန်းတော်များကို စစ်အာဏာပိုင်များက လက်တင်သတ်ဖြတ် ခြင်းကြောင့် မြန်မာနိုင် ငံတွင် တခါမျှမပေါ်ပေါက်ခဲ့ဖူးသော နာဂစ်အပြင် ယခု ဖြစ်ရပ်ကဲ့သို့ ကြေကွဲဖွယ်ရာ သေကြေ ပျက်စီးမှုများ မကြာခဏ ဖြစ်နေရခြင်း ဖြစ်သည်ဟု ပြည်သူများအကြား လေးလေးနက်နက် ယုံကြည်မှုများ ရှိနေကြောင်း သတင်းများ ရရှိသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */