“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, October 06, 2008

ပေါပေါ ပဲပဲ မို့  မြေးကုလားလေးအတွက် တရုတ်ကနေ သွင်းမိပါတယ်ဗျား

မယ်လမင်းပါသော နို့မှုန့် ၁၆ တန် မြန်မာနိုင်ငံတွင် ဖျက်ဆီး Print E-mail
ဖနိဒါ
တနင်္လာနေ့၊ အောက်တိုဘာလ 06 2008 19:51 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ လူကှို ဘေးအန္တရာယ်ကျရောက်စေသည့် မယ်လမင်းဓာတ် ပါဝင်သော နို့မှုန့် ၁၆ တန်ကို မြန်မာနိုင်ငံတွင် မီးရှို့ဖျက်ဆီးခဲ့သည်။ ကလေးငယ်များ၏ ကျန်းမာရေးအန္တရာယ် ကျရောက်ခြင်းမှ ကာကွယ်နိုင်ရန်အတွက် Inner Mongolia Yill Industrial Group မှထုတ်လုပ်သော နို့မှုန့်များတွင် မယ်လမင်းဓာတုပစ္စည်းပါဝင်သည်ကို တွေ့ရှိပြီးနောက် ကျန်းမာရေးဝန်ကြီးဌာနက မီးရှို့ဖျက်ဆီးပစ်ခဲ့ခြင်းဖြစ်သည်။

"အဲဒါကို အခု စမ်းသပ်စစ်ဆေးဆဲပါ။ ကျနော်တို့ တရားဝင် သတင်းထုတ်ပြန်ပါ့မယ်။ စစချင်းမှာတော့ ကုမ္မဏီတခုကနေ တွေ့ထားတဲ့ ၁၆ တန်ကိုတော့ မီးရှို့ဖျက်ဆီးနေပြီ။ အဲဒါတွေ လုပ်နေပါတယ်" ဟု အမည်မဖော်လိုသူ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။ ကုမ္မဏီအမည်ကိုတော့ ဖြေဆိုရန် သူက ငြင်းဆန်သွားသည်။

ပလတ်စတစ်နှင့် ဓာတ်မြေသြဇာတို့တွင် ထဲ့သွင်းအသုံးပြုသော မယ်လမင်းဓာတုပစ္စည်းများ ရောစပ်ထားသော နို့မှုန်များကြောင့် တရုတ်နိုင်ငံတွင် ကလေး ၄ ယောက်သေဆုံးပြီး ၅၃၀၀၀ နာမကျန်းဖြစ်နေခဲ့သည်။ တရုတ်နိုင်ငံမှ တင်သွင်းသော နို့မှုန့်များအတွက်
ရန်ကုန်-မန္တလေးမြို့ကြီးများတွင် မှတ်ပုံတင်ထားသော ကုမ္မဏီများကို စစ်ဆေးမှု ပြုလုပ်လျှက်ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

သို့သော် အမရပူရမြို့မှ ဆိုင်ရှင်များက တရုတ်ပြည်မှ ၀င်ရောက်လာသော နို့မှုန့်များ ရောင်းချခြင်းကို ရပ်ဆိုင်းရန် အကြောင်းကြားစာ ရရှိခြင်း မရှိဟု ပြောသည်။

"ကျနော်တို့ မန္တလေးမှာတော့ လက်ရှိ ဘာမှ လာတားတာတော့ မရှိသေးဘူး။ ဘာတားမြစ်တာမှ မကြားသေးဘူး။ ရောင်းတာတော့ ကျသွားတယ်။ သိတဲ့လူတွေက မတိုက်တော့ဘူး။ အသုံးနည်းသွားတယ်။ ဆိုင်မှာတော့ တင်နေတုန်းပဲ" ဟု ကုန်သည်တဦးက ပြောသည်။

ကချင်ပြည်နယ် တွင်လည်း တရုတ်ထုတ် ကလေးနို့မှုန့်များကို မြို့တော် မြစ်ကြီးနားသို့ တင်ပို့ခြင်းကို တားဆီးပိတ်ပင်နေသော်လည်း ဈေးဆိုင်များတွင် ရောင်းချလျှက်ရှိနေသေးသည်ဟု ဒေသခံများက ပြောသည်။

"မြစ်ကြီးနားဘက်ကိုတော့ မပို့တော့ဘူး။ ဂိတ်တွေမှာ တော်တော် စစ်ဆေးတာတွေ ရှိနေတယ်။ ဆိုင်တွေမှာတော့
နည်းနည်းရှိသေးတယ်။ ရောင်းရတာလည်း လျော့သွားတယ်။ ဖောက်သည်တွေတော့ လာမယူတော့ဘူး။ ဒါပေမဲ့ သောက်နေတဲ့လူတွေက ဆက်ဝယ်သောက် နေတာတွေ ရှိတယ်" ဟု လိုင်ဇာမြို့က ဒေသခံက ပြောသည်။ တချိန်တည်းတွင် ထွက်ပေါ်နေသော နို့မှုန့် သတင်းများကြောင့် ရန်ကုန်မြို့ပေါ်ရှိ နယူးဇီလန်နိုင်ငံ အခြေခံ နို့မှုန့်ကိုသာ အဓိက ရာင်းချဖြန့်ဝေနေသည့် Pep ကုမ္မဏီမှာ ၄၀ ရာခိုင်နုန်းခန့် ရောင်းအား ကျဆင်းသွားသည်ဟု တာဝန်ရှိသူတဦးက ပြောသည်။

"ကျနော်တို့ ကုမ္မဏီလည်း စစ်ဆေးသွားပါပြီ။ မယ်လမင်းဓာတ် ပါရှိမရှိ ဘာမှ လာပြောတာ မရှိဘူး။ ကျနော်တို့ ကုမ္မက နယူးဇီလန်နိုင်ငံကပဲ ကုန်ကြမ်းယူတယ်။ တရုတ်က ပစ္စည်း မပါဘူး။ Whole Milk Powder တခုထဲ ဖြန့်တယ်။ အများအားဖြင့်တော့ မသုံးရဲတာတွေ ရှိနေပြီ။ ရောင်းအား နည်းနည်းကျသွားတယ်။ ၄၀ ရာခိုင်နုန်း ကျသွားတယ်" ဟု သူက ပြောသည်။

Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */