အန်အယ်လ်ဒီ နာဂစ်ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် အဖမ်းခံရပြန်
ပီတာအောင်/ ၂ အောက်တိုဘာ ၂၀၀၈။ ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) နာဂစ်မုန်တိုင်းဒဏ် ကယ်ဆယ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်ကို ယမန်နေ့ ညပိုင်း၌ ရဲတပ်ဖွဲ့က ၎င်း၏ နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အန်အယ်လ်ဒီက ပြောကြားသည်။
အန်အယ်လ်ဒီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက “ညတုန်းက (၁၀) နာရီလောက်လာတယ်။ (၂) နာရီလောက်အထိ ရှာဖွေပြီးတော့ ခေါ်သွားတယ်။ လာတာတော့ ရဲတွေပဲ။ ဘာကြောင့်လဲတော့မသိသေးဘူး။ တိတိကျကျ မသိတော့ မှန်းပြီးတော့ ပြောလို့သိပ်မကောင်းဘူး” ဟု ပြောသည်။
ဦးအုန်းကြိုင်သည် အန်အယ်လ်ဒီပါတီ၌ သုတေသန တာဝန်ခံအဖြစ် တာဝန်ယူထားသူလည်းဖြစ်ပြီး ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ မန္တလေးအရှေ့တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ အနိုင်ရခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးလည်း ဖြစ်သည်။
ဦးအုန်းကြိုင်သည် အောင်ဝင့် ကလောင်အမည်ဖြင့် ဆောင်းပါးများရေးသားခဲ့ဖူးပြီး မကြာသေးခင်က ပြန်လွတ်လာသည့် သတင်းစာဆရာကြီး ဦးဝင်းတင်၏ လက်အောက်တွင် ဟံသာဝတီသတင်းစာ အယ်ဒီတာတဦးအဖြစ် လုပ်ကိုင်ခဲ့ဖူးသည်။ အစိုးရဆန့်ကျင်ရေး စာရွက်စာတမ်းဖြန့်ချိမှုဖြင့် (၁၅) နှစ်ကျော် အကျဉ်းကျခံခဲ့ရပြီး ၂၀၀၅ ခု ကမှ ပြန်လွတ်လာသူ ဖြစ်သည်။
By NEJ http://www.khitpyaing.org/archives/4109
Thursday, October 02, 2008
ဖမ်းနေပြန်ပြီ..စစ်သားကလွဲ လုံခြုံမှုနည်းတဲ့တိုင်းပြည်..
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment