“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, October 02, 2008

တပည့်တော်တို့လည်း..ဘဝတူပါ..နီးရာဓါးကိုကြောက်ရလို့ ပါ

စစ်တွေ ရဟန်းတော်များ လှုပ်ရှားမှုကို စွမ်းအားရှင်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ထောက်ခံမှုရှိနေ

9/30/2008

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ရဟန်းတော်များ ဦးဆောင် လှုပ်ရှားနေသော စစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုကို စွမ်းအားရှင် အဖွဲ့ဝင်များ၊ လုံထိန်း တပ်ဖွဲ့ဝင်များနှင့် ရဲတပ်သား တချို့မှ ထောက်ခံမှုများ ရှိနေကြောင်း ရဟန်းခေါင်းဆောင် အရှင် ရက္ခပုတ္တက နိရဉ္စရာသို့ ပြောသည်။

သူက “သူတို့ သိပါတယ်။ ဦးဇင်းတွေ လှုပ်ရှားနေတယ်ဆိုတာ ဘယ်သူ့အတွက်လဲ ဆိုတာကိုပါ။ သူတို့လည်း ပြည်သူ့ အသွေးအသားတွေဆိုတော့ ခုလက်ရှိ နအဖ စစ်အစိုးရ လက်အောက်မှာ လူထုတွေ ဘယ်လောက်ထိ မွန်းကျပ်စွာ ခံစားနေရတယ်ဆိုတာကို သူတို့နားလည်ပါတယ်။ သူတို့လည်း ပြည်သူထဲက ပြည်သူဆိုတော့ သူတို့လည်း အခက်အခဲတွေ ရှိနေကြပါတယ်။” ဟု ပြောသည်။

စစ်တွေတွင် စွမ်းအားရှင်များ ရှိသော်လည်း သူတို့မှာ ယခင်ကကဲ့သို့ တက်တက်ကြွကြွ မဟုတ်ဘဲ စိတ်ဓါတ်များ ကျဆင်းနေကာ စစ်အစိုးရအပေါ် ထောက်ခံမှုများ လျော့ကျနေပြီး အာဏာပိုင်များ၏ ညွန်ကြားချက်များကို ရဟန်းတော်များထံ ပို့ပေးနေသည်ဟု သိရှိရသည်။

“စွမ်းအားရှင်တွေ သက်သက် ဘယ်ဟုတ်မလဲ တကာကြီး၊ လုံထိန်းတပ်သားတွေ ရဲအရာရှိတွေတောင် ဦးဇင်းတို့ကို အထက် အာဏာပိုင်တွေက သူတို့ကို ဘယ်လို ညွှန်ကြားထားတယ်။ ရှေ့မှာ ဘာလုပ်ဖို့ အစီအစဉ်ရှိနေတယ်ဆိုတာကို သူက လာပြောနေတဲ့ အတွက် အခုလို ဦးဇင်းတို့ အေးအေးဆေးဆေး လှုပ်ရှားနိုင်တာပေါ့။” ဟု အရှင် ရက္ခပုတ္တက ပြောသည်။

စစ်တွေရှိ အာဏာပိုင်များ အနေဖြင့် သူတို့ဖိနှိပ်မှုများကြောင့် ရခိုင် လူထုအတွင်း မကျေနပ်မှုများ တိုးပွားနေကာ ကြီးကျယ်သော လူထု လှုပ်ရှားမှုများ ပေါ်ပေါက်လာမည်ကို စိုးရိမ်သဖြင့် ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည်နေ့ ကျော်လွန်သွားသော်လည်း လုံခြုံရေး တင်းကျပ်မှုကို မလျော့ချဘဲ ပို၍ အင်အား ဖြည့်တင်းထားကြောင်း စစ်တွေက ပေးပို့သော သတင်းတရပ်တွင် ဖေါ်ပြသည်။

ထိုကဲ့သို့ လူထုများအတွင်း မကျေနပ်မှု တိုးပွားနေချိန်တွင် တခြား လုံခြုံရေး တပ်ဖွဲ့ဝင်များကလည်း ရဟန်းတော်များ၏ လှုပ်ရှားမှုကို ထောက်ခံလာသဖြင့် အာဏာပိုင်များဘက်က အထူးစိုးရိမ်နေကြောင်း အရှင် ရက္ခပုတ္တက ယခုကဲ့သို့ ပြောသည်။

“အခြေအနေကို တပ်ထဲမှာ ရှိနေတဲ့ သူတွေလည်း သဘောပေါက်ကြပါတယ်။ နအဖ ထိပ်ပိုင်းခေါင်းဆောင်တွေမှ အပ အားလုံးသူ ငတ်ပြတ်နေကြတယ်။ ဘယ်သူမှ ကြိုက်တာ မဟုတ်ဘူး။ မဖြစ်သာလို့ ငုံ့ခံနေကြတာပါ။ ဦးဇင်တို့က ဆက်လက် လှုပ်ရှားသွားမယ်။ ၇၅ ရက် လှုပ်ရှားမှု တခုကို ဦးဇင်းတို့ စီစဉ်ဆောင်ရွက်နေပါတယ်။ ရဟန်းတော်တွေအားလုံးလည်း ညီညီညွှတ်ညွှတ် ရှိနေတော့ စစ်တွေမှာ အခြေအနေကောင်းပါတယ်။ ဒါကို သူတို့ အထူးကြောက်နေကြပါတယ်။”

ယခုအခါ စစ်တွေ ရှိ ရဟန်းတော်များ အနေဖြင့် ရန်ကုန် မန္တလေးရှိ ရဟန်းတော်များနှင့် သာမက ကျောက်ဖြူ၊ တောင်ကုတ်၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဍားကျွန်းမြို့များမှ ရဟန်းတော်များနှင့် ဆက်စပ်မှု ရှိနေပြီး တနိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ပြန့်သော လှုပ်ရှားမှု တခုပေါ်ပေါက်ရန် စီစဉ်နေကြသည်ဟု သတင်း ရရှိသည်။http://www.narinjara.com/detailsbur.asp?id=1506

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */