“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, October 12, 2008

သီတင်းကျွတ် လပြည့် ( အဘိဓမ္မာ အခါတော်နေ့ )


အဆွေတို့ရေ မြန်မာတို့အလေးအမြတ်ထားတဲ့ သီတင်း လပြည့်နေ့အခါတော် ( မီးထွန်းပွဲတော်) ကိုမကြာခင်ရောက်တော့မယ်နော် ဒါကြောင့် ရှေ့အစဉ် အဆက် ဘိုးဘွားဘီဘင် ကတည်းကစလို့ ရှိခဲ့တဲ့ ယဉ်ကျေးတဲ့ အမူအရာ မြင့်မြတ်တဲ့ဓလေ့ထုံးစံတွေကို မမေ့ပျောက် ရလေအောင် အသိပေးလိုက်ပါတယ်နော်

သီတင်းကျွတ် လပြည့် ( အဘိဓမ္မာ အခါတော်နေ့ )

...ဆီမီးရယ်ထိန် ၊ အိုင်မင်းရေကြည်က .. ၊
...ကြာငါးမည် ငုံအာစွင့်တယ်.. ၊ ဖူးပွင့်ချိန်ခါ .. ။
...အဿဝဏီ ယှဉ်ကာချဉ်းပါလို့ .. ၊ လင်းလာတဲ့

ငွေတာရိန်ရယ်.. ၊
...ပြာမှိန်လျက် မြူချေဆိုင်း .. ။
...ဂါရဝေ ၊ သဒ္ဒါခြွေ ကန်တော့ပွဲကိုလ .. ၊
...မစဲပေါင် ကုသိုလ်နှိုးကြတယ် .. ၊ မျိုးမြန်မာတိုင်း

............ ။

သီတင်းကျွတ်လသည် မြန်မာတို့ ၏ ၁၂ လရာသီတွင်
သတ္တမမြောက်လဖြစ်ပြီး ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည် ။ ရာသီခွင်မှာ
တူရာသီ ဖြစ်ပြီး အဿဝတီ ကြယ်နှင့် လမင်းတို့ စန်းယှဉ်ကာ မွန်းတည့်ကြသည် ။
ရာသီပန်းမှာ ကြာဖြူပန်း ( Nymphaea Lotus ) ဖြစ်ပါသည် ။
သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သန္တူလ´ ဟုရေးထိုးကြသည် ။ ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့  စုဝေးသော မိုးကာလဟု လည်းကောင်း ၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထားသောစပါးပင်များ
သန်စွမ်းစွာထောင်မတ်သောလ ဟု လည်းကောင်း ပညာရှိများ ဖွင့်ဆိုကြပါသည် ။မြန်မာတို့ သည် စိတ်ရင်းရိုးသားတည်ကြည်ကြသူများ ဖြစ်သည်နှင့်အညီ
စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကို ပုဂံခေတ် အနော်ရထာမင်းတရား နှင့်ရှင်အရဟံ တို့ ၏ ကျေးဇူး တရားကြောင့် ဆည်းကပ်ကိုးကွယ်ခွင့် ရကြပြန်သောအခါ
ဗုဒ္ဓမြတ်စွာ ၏ အဆုံးအမ တရားတော်များနှင့်လိုက်လျော ညီေ
ထွစွာအေးချမ်းပျော်ရွှင်ဖွယ်ကောင်း သော လူနေမှု ဘ၀များဖြင့် လောကဓံတရားများကို

ရင်ဆိုင်ကျော်လွှားနိုင်သော ၊ ရောင့်ရဲတင်းတိမ်တတ်သော စိတ်နှလုံးကိုခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများဖြစ်သည် ။

ဤစိတ်ဓာတ်များ အရင်းခံဖြင့် ၁၂ လရာသီရှိသည့် အနက်

လပြည့်လကွယ် နေ့ တိုင်းတွင် ရတနာ သုံးပါးအား ရည်စူး၍ အလှူအတန်းများ ၊ကောင်းမှု ကုသိုလ်များ ပြုလုပ်လေ့ရှိကြ သည် ။

သီတင်းကျွတ် မီးထွန်းပွဲတော်သည် မြန်မာတို့ ၏ ၁၂
ရာသီ ပွဲတော်များတွင် ထင်ရှားသောပွဲတော် တစ်ခုဖြစ်ပြီး
ပွဲတော်စတင်ကျင်းပခဲ့သည် အစဉ်အလာမှာ ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့စဉ်
အခါကပင် ဖြစ်ပါသည် ။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာ
နတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော


သန္တုဿီတနတ်သားအားအမှုးပြု၍ စကြ၀ဠာနေရာ အနှံ့ မှ နတ်ဗြဟ္မာ အပေါင်းတို့ အား အဘိဓမ္မာတရားတော်မြတ်ကို ဟောကြားတော်မူသည် ။သီတင်းကျွတ်လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်းတန်း ၊ ငွေစောင်းတန်း ၊ပတ္တမြားစောင်းတန်းများဖြင့် စီချယ် အပ်သော ရတနာ စောင်းတန်းဖြင့် လူ့ ပြည်ဖြစ်သော သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည် ။ ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့ က

မီးရှူး မီးတိုင်များ ၊မီးပန်းများ၊ ဆီမီးများ ၊ဆွမ်းပန်းရေချမ်း
များဖြင့် ကပ်လှူပူဇော်ကြသည် ။ တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိစေတီတော်ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့ လွှတ်တင် ပူဇော်ကြသည် ။ထိုကဲ့သို့ ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့  ခေတ်အခါတိုင်အောင် မြန်မာတစ်နိုင်ငံလုံး၌ နှစ်စဉ်ကျင်းပ ပြုလုပ်မြဲ ဖြစ်သည် ။
ဗုဒ္ဓ ၏ အဆုံးအမ၌ တည်ကြသော မြန်မာတို့ သည်အသက ဂုဏ်ဝါကြီးသူ ၊ မြင့်မြတ်သူတို့ အပေါ်တွင် ငယ်သူ ၊ နိမ့်ကျသူတို့ က ရိုသေလေးစား၍ ပူဇော် ကန်တော့လေ့ ရှိကြသည့်အတိုင်း ၀ါကျွတ်သော အချိန် ဤထူးမြတ်သော အခါသမယတွင် တတ်နိုင်သမျှ ပူဇော် သက္ကာရတို့ ဖြင့်
သက်ကြီးဝါကြီးများ ၊ မိဘဆရာများကို ပူဇော်ကန်တော့ကြ၏ ။
ထို့ အပြင် ဤအချိန်ကာလသည် မြန်မာတို၏တစ်ဦးကို တစ်ဦး ရိုသေလေးစားတတ်သောသဘော ၊မာန်မာနကို နှိမ့်ချတတ်သော သဘော၊ အပြန်အလှန် မေတ္တာစေတနာ ထားတတ်သောသဘော စသည့် အမျိုးကောင်း သားသမီးတို့ ၏
ယဉ်ကျေးသိမ်မွေ့ သော စိတ်နေစရိုက် ကိုဖော်ကျူး ပြသနေ သော အမျိုးဂုဏ်ကို မြှင့်တင်ပေးနေသည့် ရိုးရာ အစဉ်အလာ အချိန်အခါ ဖြစ်သည်နှင့်အညီ ကျွန်တော်၏
အစ်ကို၊အစ်မ များ ညီငယ် ညီမငယ်များအားလုံးတို့  သည်လည်း ..`ကောင်းသောအကြံ ၊မှန်သောအကျင့် ၊ သင့်သောအယူ ၊ဖြူသောနှလုံး ´ တို့ ဖြင့် သီတင်းကျွတ်လ
မီထွန်းပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွဲ နိုင်ကြပါစေ..ဟု

ဆန္ဒပြုလိုက်ပါသည်.


ကိုယ်၊ စိတ် နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေလို့အဝေးကနေ ဆုတောင်းမေတ္တာပို့လိုက်တယ်နော

Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */