“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, October 12, 2008

အဲဒီနိုင်ငံမှာ

အဲဒီနိုင်ငံမှာ
ရွှေရောင်တ၀င်းဝင်း
ရတနာအခင်းအကျင်းနဲ့
ကမ္ဘာတခွင်မှာ
ကျော်ဇောထင်ရှား
တို့ဘုရားရဲ့အမွေ
ဆံတော်တွေထားတဲ့
ဗုဒ္ဓဘာသာတို့ရဲ့မှတ်တိုင်
ရွှေတိဂုံစေတီခိုင်နဲ့
သမိုင်းအမွေအနှစ်
ဘိုးဘေးစစ်တို့ရဲ့
စေတီတွေမှိုလိုပေါက်
ထီးနန်းဆောက်ခဲ့တဲ့
ရှေးဟောင်းအမွေ
ပုဂံမြေဆိုတာရှိတယ် .........

အဲဒီနိုင်ငံမှာ
ကြီးသူကိုရိုသေ
ရွယ်တူကိုလေးစား
ငယ်သူကိုသနား
စကားပုံများနဲ့
လူသားတွေကိုဆုံးမ
စာ,ချနေကြတဲ့
ဦးပြည်းကတုံး
ဘုန်းဘုန်းတွေနဲ့
ကမ္ဘာမှာထင်ပေါ်
လယ်တီအကျော်မော်လို
ဆရာတော်တွေထက်
ရဟန္တာတွေထွက်
စိတ်အစဉ်မှာအေးချမ်း
ကမ္မဋ္ဌာန်းတရားတွေ
ဖြန့်ဝေနေတဲ့
တရားတောစခန်းဆိုတာရှိတယ် ............

အဲဒီနိုင်ငံမှာ
ရာသီသုံးလီ
ဝန်းကာစီလှည့်
နေမြင်လမြင်
ကြယ်တာရာရွှင်တဲ့
တောတောင်တွေထင်ရှား
ကျွန်းသစ်ပေါများတဲ့
သဘာဝရှုခင်း
လှည့်ပတ်လို့မပျင်းစေတဲ့
ပျော်စရာအခင်းအကျင်းနဲ့
အပမ်းဖြေစရာ
ကမ်းခြေကမ္ဘာနဲ့
သီးနှံတွေအစုံပေါက်
ဘုန်းတောက်တဲ့မြေ
ရာသီမရွေးသာယာ
လှပတဲ့နေရာဆိုတာရှိတယ်လေ .................

အဲဒီနိုင်ငံမှာ
ပတ္တမြားဘုန်းတောက်
မြကျောက်အေးချမ်း
စိန်စွမ်းဂုဏ်ရောင်
တပြောင်ပြောင်နဲ့
န၀ရတ်ကိုးပါး
ရတနာများ
ရေနံသဘာဝ
အလွန်ပြည့်ဝတဲ့
သတ္ဃုတွေပေါ
ရွှေဆိုတာမရော
စင်စစ်သယံဇာတ
ပေါများလှတဲ့
မြေအောက်မြေပေါ်
တန်ဖိုးတွေခေါ်နေတဲ့
အရင်းအမြစ်ပေါများ
ကျော်ကြားတဲ့နေရာများဆိုတာရှိတယ်လေ ................

အဲဒီနိုင်ငံမှာ
မရှိလည်းပြုံး
ရှိလည်းပြုံးတဲ့
အလွန်ဖော်ရွေ
ရက်ရောလေတဲ့
မြန်မာလို့ခေါ်
လူမျိုးကျော်တွေနဲ့
ယိုင်းပင်းကူညီ
တက်ညီလက်ညီ
ဆွေမျိုးမောင်နှမ
အလွန်ချစ်ကြ
ပစ်မခွာခွဲမရက်
သေအတူရှင်ဖက်
အတူတူတွဲပျော်
လက်တွဲဖော်ကိုမင်တဲ့
ဧည့်သည်ကိုအိမ်ဦးထား
ကိုရွြှေ့မန်မာများဆိုတာရှိတယ်လေ..................

အဲဒီနိုင်ငံမှာ
တိုင်းပြည်ကကျော်ကြား
ရွှေငွေကပေါများ
တံခါးပိတ်စားတောင်
မကုန်ခမ်းအောင်များပြား
ပြည်ကြီးရဲ့တန်ဖိုးအား
ရတနာများကို
အာဏာနဲ့အတင်းလု
မင်းပြုကာရက်စက်
ပြည်သူတွေငတ်အောင်
တမင်သက်သက်ကြံ
အရည်အချင်းမရှိ
အရှက်ဆိုတာနတ္ဃိနဲ့
သူ့ဆွေမျိုးတစုမျှ
ကောင်းကျိုးရ
ချမ်းသာကြအောင်
လူတွေကိုသတ်
ရက်စက်တဲ့နအဖဆိုတာရှိတယ်လေ............

အဲဒီနိုင်ငံမှာ
မိသားစုကိုခွဲခွာ
စွန့်စားကာလာတဲ့
ပြည်သူကိုချစ်လှ
နိုဘယ်လ်ဆုရတဲ့
နေအိမ်မှာအကျဉ်းကျ
အထီးကျန်လှတဲ့
မျှတမှုအတွက်စတေး
အလျှော့မပေးတဲ့
အာဇာနည်မိန်းမလှနဲ့
နံရံထုကြီးမား
ပိတ်ကာထားတဲ့
အခန်းကျဉ်းလေး
ထောင့်လေးတွေမှာ
လွတ်လပ်မှုမျှော်ကာ
ငေးမောနေရှာတဲ့
ထောင်တွင်းအကျဉ်းကျ
ဘ၀စတေးနေရတဲ့
ပြည်ချစ်သူရဲကောင်း
လူစွမ်းကောင်းများဆိုတာရှိတယ်လေ...................

အဲဒီနိုင်ငံမှာ
မျိုးဆက်သစ်တွေပျိုးထောင်
နိုင်ငံရေးဆိုတဲ့
ခေါင်းစဉ်ကိုရှောင်ကာ
လုပ်ပေးနေရှာတဲ့
တချိန်ကထောင်တွင်း
သက်ဆင်းခဲ့ရတဲ့
အခြေအနေအရ
ထောင်မကျရအောင်
နအဖညှို့ကွင်း
မသက်ဆင်းရစေရန်
ရည်သန်ကာကြိုးစား
လုပ်အားပေးနေရှာတဲ့
နိုင်ငံကို သူတို့လက်
ခုနစ်ရက်အပ်မယ်ဆိုရင်
ကမ္ဘာကိုရင်ပေါင်တန်း
အောင်ပန်းယူနိုင်တဲ့လူတွေဆိုတာရှိတယ်လေ..................

အဲဒီနိုင်ငံမှာ
ထမင်းတလုပ်
ကားစုတ်တစ်စီး
လက်ဝယ်နီးဖို့
ကြိုးပမ်းရက်စက်
ဥာဏ်မရှိလူ့ဗာလ
ငတုံး ငအ တွေနဲ့
ဖွဲ့စည်းတည်ထောင်
ထမင်းရှင်ကိုရန်စောင်
ပြည်သူကိုပြန်ဟောင်တဲ့
ခွေးတမျှအတွေးဖန်
လူမဆန်တဲ့သူများ
လက်နက်အားကိုး
စစ်တပ်ဆိုးနဲ့
အသားထဲကလောက်ထွက်
စကောလောက်စောက်မနက်တဲ့လူတွေဆိုတာရှိတယ်လေ......................

ဟေ့ .... တိုက်တွန်းလိုက်မယ်
တခေါက်လောက်သွားရောက်
ကြည့်ရှုလို့အားပေး
ဆွေးနွေးစေချင်
စီးပွားရေးပိတ်ဆို့တဲ့မူဝါဒ
စစ်အုပ်စုကိုမျှထိသင့်တယ်
ပြည်သူတွေကိုတကယ်ချစ်တယ်ဆိုရင်လေ
မင်းမယုံရင်ပြေးသာကြည့်
တွေးကာလည်းပဲသိနိုင်တယ်...................။ ။

အရှင်ရေ၀တ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */