“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, October 02, 2008

ကွန်တိန်နာယာဉ် အတွင်း သေဆုံးခဲ့သူများ အတွက် ထိုင်းက လျော်ကြေး ပေးမည်

1/Oct/2008

ယခုနှစ်ဧပြီလအတွင်း ထိုင်းနိုင်ငံ ရနောင်းမြို့အနီးတွင် ဖြစ်ပွားခဲ့သော မြန်မာရွှေ့ပြောင်းအလုပ်အကိုင်ရှာ ဖွေသူများ၏ မတော်တဆမှု ဖြစ်စဉ်၌ သေဆုံးခဲ့သူ များအတွက်လျော်ကြေးငွေ ကိုထိုင်းနိုင်ငံ ရှိအာမခံကုမ္ပဏီမှ အမွေ ဆက်ခံသူများအား ထုတ်ပေးမည်ဖြစ်ရာ ကနဦး နစ်နာကြေးငွေ တစ်ဦးလျှင် ဘတ်ငွေ၃၅၀၀၀စီထုတ် ပေးမည်ဖြစ်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရနောင်မြို့အနီးတွင် ဧပြီ ၉ရက်ကဖြစ်ပွားခဲ့သော ရွှေ့ပြောင်းအလုပ်အကိုင်ရှာဖွေသူများစီးနင်းလိုက်ပါသည့် အလုံပိတ် အအေး ခန်းကွန်တိန်နာယာဉ်တွင်စီးနင်းလိုက်ပါလာသူများအနက် အသက်ရှုမွန်းကြပ်၍ သေဆုံးသူ၅၄ ဦးရှိရာ ၄င်းတို့ အတွက် အမွေ ဆက်ခံသူ ၄၁ဦးသည် ကော့သောင်းမြို့သို့ ယခုလ ၁၅ ရက်နေ့က အရောက် သွားကြရ မည်ဖြစ်ပြီး ထိုင်း နိုင်ငံ၊ ရနောင်ခရိုင်အုပ်ချုပ်ရေးမှူးရုံးနှင့် ထိုင်းရှေ့နေများကောင်စီမှ တာဝန်ယူ ကာ နစ်နာကြေးငွေများ ထုတ်ပေး မည်ဖြစ်ကြောင်းသိရသည်။

သေဆုံးသူများအတွက်လျော်ကြေးငွေထုတ်ယူမည့်အမွေဆက်ခံသူများ ကောသော့င်းသို့ သွားရောက်ရေး အတွက် အစိုးရဌာနများ၊ အင်န်ဂျီအိုများ ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။ ရွှေ့ပြောင်း အလုပ်အကိုင် ရှာဖွေရန် သွားရောက်ကြသူ ယောက်ျား၊ မိန်းမ၊ ကလေး ၁၂၀တို့သည် အလုံပိတ် အအေးခန်း ကွန်တိန်နာယာဉ်ဖြင့် လိုက်ပါလာစဉ် ၅၄ဦး သေဆုံး၍ ၆၆ဦး အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း သိရသည်။အဆိုပါအသက်ရှိကျန်ရစ်သူများအား မိမိနိုင်ငံဘက်သို့ အမြန်ဆုံး လွဲပြောင်း ပေးအပ်ပြီးနောက် ကော့သောင်းမြို့ရှိ ယာယီစောင့် ရှောက်ရေးဂေဟာ ၌ ထားရှိကာ ၄င်းတို့နေရပ် အသီးသီး ရှိ မိဘ/အုပ်ထိန်းသူ များထံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ ကြောင်း ၂၀၀၈ခုနှစ် အောက်တိုဘာလ ၂ရက်နေ့ထုတ် 7 Day News ဂျာနယ် တွင် ဖော်ပြထားပါသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */