“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, October 04, 2008

အဝေးသင် တက္ကသိုလ်ကျောင်းသားတွေ တကယ် ဆန္ဒပြမှာလား

10/4/2008

ရခိုင်ပြည်နယ် စစ်တွေတွင် နယ်မှအဝေးသင်ကျောင်းသားများ စာမေးပွဲဖြေဆိုရန် ရောက်ရှိနေပြီး အဆိုပါကျောင်းသားများ ရောက်ရှိနေစဉ်အတွင်း စစ်တွေတွင် ဆန္ဒပြပွဲများ ပေါ်ပေါက်မည် ဆိုသောကြောင့် စစ်တွေ မြို့သူ မြို့သားများက အခြေအနေကို စိတ်ဝင်တစား စောင့်ကြည့်နေကြောင်း သတင်းရရှိသည်။

အိုးတန်းရပ်ကွက်မှ ကျောင်းဆရာမတဦးက “လူတိုင်းက အပြောင်း အလဲကို လိုလားနေတော့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်မယ် ဆိုတဲ့အပေါ် အားပါနေကြတာပေါ့။ အဝေးသင်ကျောင်းသားတွေ တကယ်ဆန္ဒပြမလားဆိုပီး လူတွေက စိတ်ဝင်စားနေကြပါတယ်။” ဟု ပြောသည်။

စစ်တွေတွင် ရခိုင်ပြည်နယ် နေရာပေါင်းစုံမှ အဝေးသင် ကျောင်းသားအများအပြား စားမေးပွဲ ဖြေဆိုရန် ရောက်ရှိနေပြီး ကျောင်းသား စုစုပေါင်း ၆၀၀၀ ကျော်ခန့်ရှိကြောင်း ကျောင်းသားတဦးက ပြောသည်။

“ကျနော်တို့ အဝေးသင် တက္ကသိုလ် ကျောင်းသားတွေ ဆန္ဒပြ မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ကျနော်တို့ ကျောင်းသားတွေ အုပ်စုဖွဲ့ပီး သွားရင် စစ်တွေကလူတွေ မသိမသာနဲ့လှမ်းကြည့်နေကြတာပါဘဲ။ အာဏာပိုင်တွေ ဘက်က တော့ စောင့်ကြည့်နေတဲ့ သဘောရှိပါတယ်။”

ပြည်သူများ ကျောင်းသားများအပေါ် လှမ်းကြည့်ခြင်းမှာ ဆန္ဒပြပွဲ တွေ ပေါ်ပေါက်တာကို မြင်ချင်သည့် သဘောဖြစ်ပြီး အာဏာပိုင်များက စောင့်ကြည့်နေခြင်းမှာ ဆန္ဒပြပွဲများ ပေါ်ပေါက်လာပါက ဖြိုခွဲလိုသည့်သဘော ဖြစ်သည်ဟု အဆိုပါကျောင်းသားက ပြော သည်။

ထိုကဲ့သို့ ဆန္ဒပြမည့်သတင်းများ ထွက်ပေါ်နေသဖြင့် စစ်တွေတွင် ရွှေဝါရောင်နှစ်ပတ်လည်နေ့ ကျော်လွန်သွားပြီ ဖြစ်သော်လည်း လုံခြုံရေးကို ရုတ်သိမ်းခြင်းမရှိဘဲ ဆက်လက် တင်းကျပ်စွာချထားဆဲ ဖြစ်ကြောင်း သိရှိရပါသည်။ http://www.narinjara.com/detailsbur.asp?id=1514 မှ

Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */