“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, October 11, 2008

မြန်မာပြည်က ဘိတ်ချေး လိုက်တယ်.ခင်ဗျ

နောက်ဆုံးတော့ တွေ့ ပြီတဲ့..တရုတ်နို့မှုန့် တွေထဲ မယ်လမင်းဓာတ် ပါဝင်တယ်ဆိုတာ စစ်အစိုးရက သိပြီဆိုဘဲ။ တခြားနိုင်ငံတွေ က တွေ့ ပါတယ်။ ပါပါတယ် ပြောနေတာ မယုံဘူး။ အဖေကြီးပစ္စည်းမို့  အမျိုးမှန်တယ်..အဖိုးတန်တယ် နေနေတာလေ။
မြန်မာပြည်မှာက ဗမာ့ထုံးစံ ဆေးပညာ အရဆို ရောဂါက (၉၆) ပါးဘဲရှိတာဗျ.
လူကြီး လေဖြတ်သေရင်လည်း လူကြီးနာ.. ခလေး သွေးလွန်တုတ်ကွေးလည်း..သူငယ်နာနဲ့ သေတယ်ပေါ့ဗျာ။
အင်း မယ်လမင်းဓာတ် ပါတဲ့ ..တရုတ်နို့မှုန့် သောက်သေတဲ့ ခလေးလည်း.. ဘာမှန်းညာမှန်းသိပုံရမယ် မသိဘူး။
ချွဲကျပ် ရင်လည်း သူငယ်နာ ။ ဆီးချုပ်ဝမ်းချုပ်.ရင်လည်း သူငယ်နာနဲ့  ခလေးမသာလေးက သူငယ်နာနဲ့ဘဲ ဘ၀တပါးပြောင်းတယ်ဘဲပြောကြမှာ။
ဘယ်နှစ်ယောက်..သောက်..ဘယ်နှစ်ယောက်..သေပြီးပလဲမသိ။ ..တရုတ်နို့မှုန့် က လူကြီး မမာတွေ လည်းသောက်..ကော်ဖီ mix တွေ ထဲလည်း ဒါ။ ကိတ်မုန့် တွေ ကွတ်ကီးတွေထဲ လည်းဒါ။ ဖာလူဒါထဲလည်းဒါ။ ရေခဲမုန့် ထဲလည်း ဒါ။
မယ်လမင်းနဲ့  လုပ်တဲ့ ပလက်စတိတ် ပုဂံဆိုတာ..ဘယ်လောက်မာသလဲ..
ဒီဓါတ်ပေါင်းက မာတောင့် ကျောက်ခဲဖြစ် ခင်ဗျားကျောက်ကပ်ထဲမှာ ရောက်နေမယ် သာဆို..အိမ်သာထဲ အသားကုန်ညှစ်တောင် ရှူးရှူး တစ်စက်မှ ထွက်ကျမှာ မဟုတ်။
ခလေးလေးဆို..သေရောပေါ့ဗျာ။ နအဖ က ..သူများတွေ က မယ်လမင်းတွေ့ ကတည်းက..ဒီနို့မှူန့် ဖမ်းရင် ဖျက်ဆီးရင် ပြီးရော.. တရုပ်ကြီးကိုယ်တိုင်က ဒီ အဆိပ်ပါ ..တရုတ်နို့မှုန့် တွေ ဗမာပြည် ရောင်းထားပါတယ် တရားဝင် ပြောနေတာတောင်မှ. သူက အိုင်တင်နဲ့ စစ်ဆေးရဥိးမယ် ဘာညာ လုပ်နေတော့ သူများသိတဲ့အချိန်ကနေ..သူတရားဝင်ကျေညာတဲ့အချိန် ဘယ်လောက်ကြာသွားသလည်း.ကဲတွက်ကြည့်ပါဗျာ..ဘယ်နှစ်ရက်ရှိသွားပြီ လည်း..
ဒီကြားထဲ..ခလေး ဘယ်နှစ်ယောက် ဂန့် သွားပြီလည်း..ဘယ်သူသိမလည်း..
အမှန်က..ချက်ခြင်း အဆောတလျှင် တားဆီးရမဲ့ အလုပ်ကို..နအဖ ပေါ့လျှော့လွန်းပါတယ်။ နအဖ မှာအပြစ်ရှိတယ်။ ခလေးသေသူတွေ တရားစွဲကြပါ။

မိထွေးတို့အကြိုက် တရုတ်နို့မှုန့်များ ပြန်သိမ်းနေ
အောက်တိုဘာ ၁၀။ ရဲအောင်သော်။ အေအက်ဖ်ပီ

မြန်မာနိုင်ငံတွင်း ဖြန့်ဖြူးရောင်းချလျက် ရှိသော နို့မှုန့် ၁၈ မျိုးအနက် ၉ မျိုးတွင် မယ်လမင်းဓာတ် ပါဝင်နေကြောင်း စစ်အစိုးရက တရားဝင် ကြေညာလိုက်သည့်အတွက် နို့မှုန့်တိုက်ကျွေးနေသော ကလေးမိဘများ စိတ်ပူပန်လျက် ရှိသည်။

နာမည်ကြီး ဒူးမက်စ် ကုမ္ပဏီမှ နို့စို့ကလေးငယ်များအတွက် ထုတ်လုပ်သော ဒူးလက် Dulac နို့မှုန့်နှင့် သရဖူ နို့မှုန့်၊ နွားနှစ်ကောင် နို့မှုန့်များမှာ မယ်လ်မင်း ထည့်သွင်းထုတ်လုပ်သည့် နို့မှုန့်များတွင် ပါဝင်သည်။

တရုတ်နို့မှုန့်များတွင် မယ်လ်မင်း ပါဝင်ကြောင်း သတင်းများ ထွက်ပေါ်လာစက စားသုံးသူများက ဒူးမက်စ် နို့မှုန့်များကို တိုးမြှင့်ဝယ်ယူလာကြသဖြင့် မြန်မာနိုင်ငံ ဒူးမက်စ် ရုံးက ၎င်းတို့ နို့မှုန့်များ ဈေးနှုန်းတိုးမြှင့်ရန် အစီအစဉ် မရှိသေးကြောင်း ပြောကြားခဲ့သည်မှာ မကြာသေးပေ။ နောက်ပိုင်းတွင် ဒူးမက်စ်က တရုတ်နိုင်ငံထုတ် ၎င်းတို့၏ နို့မှုန့်များတွင် မယ်လ်မင်း ပါဝင်ခြင်း ရျိမရှိ အာမမခံနိုင်သော်လည်း အခြား နိုင်ငံများထုတ် နို့မှုန့်များတွင်မူ မပါဝင်ကြောင်း ဖြေရှင်းခဲ့သည်။ ယခု တရုတ်နိုင်ငံထုတ် ကလေးများအတွက် ဒူးမက်စ် နို့မှုန့်ဖြစ်သည့် Dulac တွင် မယ်လမင်း ပါဝင်ကြောင်း တွေ့ရှိရခြင်း ဖြစ်သည်။ ဈေးကွက်အတွင်း၇ှိ မယ်လမင်း ပါဝင်ကြောင်း ကြေညာခံရသည့် နို့မှုန့်များမှာ-

1-Dulac (Dumax step 1, infant formula)
2-Crown
3-Happy Baby Toys
4-Star (20 gm)
5-Star (450 gm)
6-Rainbow
7-Enfagrow
8-Whole milk powder (Two cows, Shi Lin)
9-Mandalay-Raw milk powder တို့ ဖြစ်သည်။

မယ်လမင်း ပါဝင်ကြောင်း ကြေညာထားသည့် အဆိုပါနို့မှုန့် ကိုးမျိုးလုံးကို ဆိုင်များတွင် တင်သွင်းရောင်းချခြင်း မရှိစေရန် လိုက်လံ သိမ်းဆည်းနေသည်။ ကုမ္ပဏီတစ်ခုမှ တင်သွင်းထားသော ၂၅ ကီလို ဂရမ်ဝင် နို့မှုန့် ၄၅၀ အိတ်တွင် မယ်လ်မင်းဓာတ် ပါဝင်သဖြင့် ဖျက်ဆီးခဲ့ကြောင်း စစ်အစိုးရက အောက်တိုဘာ ၅ ရက် နေ့စွဲဖြင့် ကြေညာခဲ့သည်။ မည်သည့် ကုမ္ပဏီ ဖြစ်ကြောင်းကိုမူ မပြောကြားပေ။

မိမိတို့ ရင်သွေးငယ်များအတွက် အဆိုပါ နို့မှုန့်ကိုးမျိုးကို ၀ယ်ယူခဲ့ဖူးသူ ကလေးမိဘများမှာ စိတ်ပူနေကြသည်။ “ကျွန်တော်တို့ သားလေးကို တိုက်ဖူးတယ်”၊ “သမီးလေးကို တိုက်ထားတာ ....ဗူး ရှိပြီ”ဟူသည့် အသံများ မိဘများထံမှ ပေါ်ထွက်လာသည်။ မယ်လ်မင်း မပါသည့် နို့မှုန့် ခုနစ်မျိုးကို ထည့်သွင်း မပြောသွားသည့်အတွက် မည်သည့်နို့မှုန့်ကို ၀ယ်တိုက်ရမည် မသိ ဖြစ်နေကြောင်းလည်း သိရသည်။ ကလေးငယ်များ ကျောက်ကပ်ပျက်စီး သေကြေစေနိုင်သည့် တရုတ်နို့မှုန့်များကို “မိထွေးတို့အကြိုက်”ဟု နောက်ပြောင်လျက် ရှိသည်။

အစိုးရ သတင်းစာများတွင် မိခင်နို့ မလောက်ငလျှင် နွားနို့၊ ဆိတ်နို့ တိုက်ရန် လှုံ့ဆော်ထားသည်။ နွားနို့မှာ တစ်ဆယ်သား ၁၅၀၀ ဈေး ရှိပြီး တစ်ပိဿာဝယ်လျှင် တစ်သောင်းခွဲ ဖြစ်သည်။
http://hittaing.org/news/ မှ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */