“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, October 08, 2008

မောင်အေးကို ဘဲဥပုပ်နဲ့ပေါက်ကြမလား.

ဗိုလ်ချုပ်မှူးကြီး မောင်အေး ဘင်္ဂလာခရီးစဉ်ကို မြန်မာ့အတိုက်ခံများ ဆန့်ကျင်ဆန္ဒပြ

7th October ,2008, Dhaka.


10/7/2008

မောင်အေး(နိရဉ္စရာ)
ယနေ့ စတင်သော မြန်မာနအဖ ဒုတိယ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမောင်အေး၏ သုံးရက်ကြာ ဘင်္ဂလာခရီးစဉ်ကို မြန်မာ့အတိုက်အခံ အင်အားစုများက ကန့်ကွက်ဆန္ဒပြ၍ ဆန့်ကျင်ခဲ့ကြသည်။

ဆန္ဒပြပွဲအား စီစဉ်သူတဦးဖြစ်သည့် ကိုကျော်မြင့်က “ဗိုလ်ချုပ်မောင်အေး ဒက္ကားမြို့ကို ရောက်ရင်ရောက်ချင်း နိုင်ငံခြားရေးရုံးရှေ့မှာရှိတဲ့ တရားရုံးချုပ်ဘေးကိုသွားပြီး ကျွန်တော်တို့ သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။” ဟုပြောသည်။

ဆန္ဒပြပွဲကို ယနေ့နက် ၁၁ နာရီခွဲတွင် စတင်ခဲ့ပြီး အတိုက်အခံ ဒီမိုကရေစီ လှုပ်ရှားသူ ၄၀ ခန့် တက်ရောက်ခဲ့သည်။

ဦးဆောင် လှုပ်ရှားသူ နောက်တဦးဖြစ်သည့် ကိုဇော်လင်းက “ကျွှန်တော်တို့ မနက်ကိုးနာရီ ကတည်းကစပြီး မြန်မာ့စစ်အစိုးရ လူ့အခွင့်အရေး ချိုးဖေါက်နေတာတွေကို ဘင်္ဂလာ ပြည်သူ တွေသိအောင်ရေးသားပြီး သတင်းစာတိုက်၊ ကားဂိတ်တွေမှာ ဖြန့်ဝေပါတယ်။ ၁၁ နာရီခွဲမှာစ တင်ပြီး ဆန္ဒပြတယ်။ နာရီဝက်လောက်အကြာမှာ ဘင်္ဂလာရဲတွေရောက်ရှိလာပြီး ၀င်ရောက် ဟန့်တားရာကနေ နည်းနည်း ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့ပါတယ်။ ကျွန်တော်တို့မှာပါတဲ့ ပိုစတာတွေ ဆိုင်းဘုတ်တွေ၊ ကြေငြာချက်တွေကိုလည်း သူတို့အကုန်လုံးလုယူ ဆုတ်ဖြဲပစ် လိုက်ပါတယ်ဟု” ပြောသည်။

ဆန္ဒပြပွဲတွင် လူသတ်ကောင်မောင်အေးပြန်လား၊ ဗိုလ်ချုပ်မှူးကြီးမောင်အေးပြန်လား၊ ၂၀၁၀ ရွေးကောက်ပွဲအလိုမရှိ၊ နအဖစစ်အစိုးရကို မဆက်ဆံနှင့်ဆိုသည့် ကြွေးကြော်သံများကို ကြွေးကြော်ပြီး ဆန္ဒပြကြသဖြင့် လမ်းသွားလမ်းလာသူအများအပြားက လာရောက် ကြည့်ရှု့ ခဲ့သည်။

ဆန္ဒပြသူများကို ဘင်္ဂလားအာဏာပိုင်များက ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ပြီး ဖမ်းဆီးရန်ကြိုး စားခဲ့သော်လည်း ဆန္ဒပြသူများက ဖမ်းဆီးခံရန် အဆင်သင့်ရှိကြောင်း ပြောဆိုသောအခါ နောက်ပိုင်းတွင် ဘင်္ဂလာရဲက ဆန္ဒပြသူများကို ဘစ်ကားတစီပေါ်အတင်းဆွဲတင်ပြီး သူတို့ နေထိုင်ရာ ရပ်ကွက်သို့ ပြန်ပို့ခဲ့သည်။

ဆန္ဒပြရတဲ့ ရည်ရွယ်ချက်ကိုလည်း ဦးဆောင်သူကိုကျော်မြင့်က “အခုလို ဆန္ဒပြရတာက ဒီမို ကရေစီနိုင်ငံတနိုင်ငံဖြစ်တဲ့ ဘင်္ဂလာဒေ့ခ်ျနိုင်ငံအနေနဲ့ ရဟန်းရှင်လူ ပြည်သူမြောက်များ စွာကို သတ် ဖြတ် နေတဲ့ မြန်မာနအဖကို စီးပွားရေးအရ ဆက်ဆံတာကို ကန့်ကွက်တဲ့အနေနဲ့ ဒီနေ့ဆန္ဒပြရတာဖြစ်ပါတယ်။ နောက်ပြီး အိမ်နီးချင်းကောင်းပီပီ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီပေါ်ပေါက်အောင် ဘင်္ဂလား အစိုးရအနေနဲ့ ကူညီပေးဖို့ကိုလည်း ကျွန်တော်တို့ တောင်းဆိုခဲ့ပါတယ်။”ဟု ပြောသည်။

ယခင်က မြန်မာအတိုက်အခံ အင်အားစုများဆန္ဒပြပွဲများကို ဘင်္ဂလာအာဏာပိုင်များ အနေ ဖြင့် ယခုကဲ့သို့ အားတင်ဖြိုခွဲခြင်းမရှိသော်လည်း ယခုဆန္ဒပြပွဲမှာ သူတို့အကျိုးစီး ပွားကို ထိခိုက်နေသည့်အတွက်ဖြစ်ကြောင်း အထူးသဖြင့် ကြေငြာချက်များထဲတွင် ရခိုင်ပြည်သူများ ထံက နအဖအဓမ္မသိမ်းထားသော လယ်မြေများကို ငှားရမ်းမည့်ကိစ္စကို ကန့်ကွက်ထား၍ ဖြစ်ပုံရသည်ဟု သူကကောက်ချက်ချပြောသည်။

ဗိုလ်ချုပ်ကြီးမောင်အေးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းလည်း လိုက်ပါလာပြီး မြန်မာစီးပွားရေးသမား အများအပြားလည်း ကိုယ်စားလှယ်အဖွဲ့ထဲတွင် ပါဝင်ကြောင်း သိရှိ ရသည်။

သုံးရက်ကြာလည်ပတ်မည့် ဗိုလ်ချုပ်မှူးကြီး ဘင်္ဂလာခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ဖြေရှင်း ရန် ကျန်နေသည့် ရေပိုင်နက်အငြင်းပွားမှုကိစ္စ၊ ချစ်ကြည်ရေး လမ်းဖောက်လုပ်ရေးကိစ္စ၊ အခွန် နှစ်ထမ်းကွမ်း ရှောင်ရှားရေးကိစ္စနှင့် လယ်မြေငှားရမ်းမည့်ကိစ္စများကို ဆွေးနွေးကြမည်ဖြစ်ပြီး တချို့သဘောတူညီချက်များကို လက်မှတ်ထိုးရန် အခြေအနေရှိကြောင်း သိရှိရသည်။

ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် စစ်တကောင်းတောင်တန်းဒေသရှိ သက်အမျိုးသားများ နေထိုင်သည့် ရန်ဂါမတီမြို့ကိုလည်း သွားရောက်လည်ပတ်မည်ဖြစ်ပြီး ထိုမြို့မှတဆင့် မြန်မာနိုင်ငံသို့ ပြန်မည်ဖြစ်သည်။
http://www.narinjara.com/detailsbur.asp?id=1522

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */