“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, October 11, 2008

သတိ....နအဖရဲ့ ချစ်တီး တွေ လာကုန်ပြီ။ လယ်သမားတွေ မွဲဖို့ သာပြင်တော့။

ပုဂ္ဂလိကကုမ္ပဏီများ နာဂစ်မုန်တိုင်းသင့် လယ်မြေများကို ကန်ထရိုက်လယ်ယာ စနစ်ဖြင့် လုပ်မည်
ကြည်ဝေ | အောက်တိုဘာ ၁၀၊ ၂၀၀၈

နာဂစ်မုန်တိုင်းသင့်ခဲ့သော ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်းရှိ လယ်ယာမြေများကို ပုဂ္ဂလိကကုမ္ပဏီများမှ ကန်ထရိုက် စနစ်ဖြင့် စိုက်ပျိုးရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ဒေသများတွင် လက်ရှိစိုက်ပျိုးနေသော တောင်သူများအား လာမယ့် နွေစပါးစိုက်ရာသီတွင် စိုက်ပျိုး နိုင်ရေးအတွက် ကုမ္ပဏီများမှ စိုက်စရိတ်ထုတ်ပေးမည်ဖြစ်ကြောင်း၊ တောင်သူများအနေနှင့် ထွက်ရှိလာသော စပါးများအား ၎င်းကုမ္ပဏီများ ထံသို့သာ ရောင်းချပေးရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုးထုတ်လုပ် သူများအသင်းမှ တာဝန်ရှိသူ တဦး၏ ပြောပြချက်အရ သိရှိရသည်။

“လုပ်ငန်းရှင်တွေက စပါးအတွက် အကုန်အကျခံထားပေးမယ်၊ တောင်သူက လုပ်အားစိုက်ပြီး စိုက်ပျိုးပေးရမယ်၊ စပါးပေါ် ချိန်မှာ အကုန်အကျ ခံထားရတဲ့ ငွေကို နုတ်ပြီးကျန်တဲ့ အမြတ်ငွေကို တောင်သူနဲ့ လုပ်ငန်းရှင် ခွဲယူကြရ မယ်" ဟု သူက ပြောဆိုသည်။

ငွေကြေးအရင်းအနှီးတောင့်တင်းသော ကုမ္ပဏီများနှင့် တောင်သူများ အကျိုးတူပူးပေါင်းရာတွင် ကုမ္ပဏီမှ အထွက်ကောင်း မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးခြင်း၊ သီးနှံပေါ်ပေးစနစ်ဖြင့် အရည်အသွေးမီ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ ဖြန့်ဖြူးပေးခြင်း၊ သင့်တင့်သော အာမခံ အခြေခံဈေးနှုန်းများ တောင်သူမှ ကုမ္ပဏီသို့ သီးနှံ များ ပြန်လည်ရောင်းချရခြင်း စသည့် အချက်များကို သဘောတူညီချက်များရှိကြောင်းလည်း သူက ရှင်းလင်း ပြောဆိုသည်။

"ကျနော်တို့ကို လာမယ့် နွေစပါးစိုက်ချိန်မှ စိုက်ပျိုးဖို့ သဘောတူကြောင်း လက်မှတ်ထိုးခိုင်းလို့ တနေ့ကပဲ လက်မှတ်ထိုးပေး လိုက်ကြရပြီ၊ ဘယ်လိုလုပ်မလဲ ဒီမြေတွေကို အစိုးရက အလကားတောင် သိမ်းလို့ ရတယ်လို့ ပြောနေတာပဲ" ဟု ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်မှ တောင်သူ တဦးက ပြောဆိုသည်။

တောင်သူများအနေနှင့် မိမိပိုင်လယ်မြေများပေါ်တွင် မည်သူ၏လွှမ်းမိုးမှုမှ မပါဝင်ဘဲ စိုက်ပျိုးထုတ်လုပ်လိုကြ သော်လည်း စစ်အာဏာပိုင်များက လုပ်ငန်းရှင်နှင့် အကျိုးတူပူးပေါင်းရမည်ဟု အတင်းအကျပ် စေခိုင်းလျက်ရှိ သောကြောင့် လာမည့် နွေစပါး စိုက်ပျိုးရာတွင် အကျိုးတူပူးပေါင်းပါမည်ဟု လက်မှတ်ထိုးပေးလိုက်ရကြောင်း ရန်ကုန်တိုင်းအတွင်းရှိ တောင်သူများ ထံမှ သိရှိရသည်။

အဆိုပါ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ မုန်တိုင်းသင့်ဒေသများမှ လယ်ယာမြေများကို ကန်ထရိုက် စနစ်ဖြင့် စိုက်ပျိုးကြမည့် ကုမ္ပဏီများမှာ စုစုပေါင်း ၃၀ ၀န်းကျင်ခန့် ရှိသည်ဟုသိရသည်။

အဆိုပါ ကုမ္ပဏီများတွင် ဧရာရွှေဝါ၊ ထူး၊ ဇေကမ္ဘာ၊ ယုဇန၊ သော်တာဝင်း၊ အေးရှားဝေါ၊ ပြည့်ဖြိုးကျော်၊ ၀ါဝါ၀င်း၊တို့ ပါဝင်ကြသည်။
http://www.irrawaddy.org/bur/news2008/October/Oct_10c_08.html

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */