“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, September 05, 2008

ဘယ်သူကြိုက်ကြိက် မကြိုက်..ငါတော့ကြိုက်တယ်။

While NLD against the Junta's political argenda, ex-party writer says "yes"
Saturday, 30 August 2008

၉၀ ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်ဒီက စစ်အစိုးရ၏ ၂၀၀၈ အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်ကြောင်း ကြေညာချိန်တွင် ပါတီဗဟိုအမှုဆောင်ဟောင်း သက်ကြီး စာရေးဆရာကြီး မောင်စူးစမ်းက စစ်အစိုးရလမ်းကြောင်းကို လက်ခံကြောင်း စာရေး

မိုးမခ အထောက်တော် ၀၀၂

သြဂုတ် ၃၀၊ ၂၀၀၈
သြဂုတ်လ ၂၉ ရက်စွဲ၊ စာအမှတ် ၁၅ ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်ဒီပါတီ)က ကြေညာချက်ထုတ်ရာတွင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖွဲ့၏ ဆောင်ရွက်ချက်များသည် မြန်မာပြည်နိုင်ငံရေး တိုးတက်မှုအတွက် အကျိုး မရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ထို့အပြင် စစ်အစိုးရ၏ ၂၀၀၈ အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲတို့ကို ၁၉၉၀ ပါတီစုံရွေးကောက်ပွဲ အနိုင်ရ ပါတီအနေဖြင့် လက်မခံနိုင်ကြောင်း၊ စစ်အစိုးရက မြန်မာပြည်သူတို့၏ ဆန္ဒများကို လစ်လျှုရှုဆောင်ရွက်နေသမျှ၊ မတရားမှုများ ကျူးလွန်နေသမျှ ဒီမိုကရေစီလမ်းကြောင်းသို့ ဦးတည်နိုင်ခြင်း မရှိကြောင်း သဘောထားကို ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

သို့ဖြစ်ပါ၍ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေး၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဒီမိုအင်အားစုများနှင့် စစ်အုပ်စုတို့ တွေ့ဆုံဆွေးနွေး အဖြေရှာရေးနှင့် ဒီမိုကရေစီ အရေးသို့ တိုးတက်ရေးကိုသာ အလိုရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

သို့ရာတွင် သြဂုတ်လ ၈ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်က သတင်းစာဖြတ်ပိုင်းအရ - မြန်မာနိုင်ငံ၏ ထင်ရှားသော သက်ကြီး စာရေးဆရာကြီး၊ ယခင် ပါတီ၏ ဗဟိုအမှုဆောင်၊ ၁၉၉၀ ရွေးကောက်ပွဲ အဖွဲ့ချုပ်၏ မော်လမြိုင်မြို့နယ် အနိုင်ရကိုယ်စားလှယ်ဟောင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်း (၁၉၉၀ - ၉၂ ) ဖြစ်သူ မောင်စူးစမ်း (ဦးချမ်းအေး)က ၎င်း၏ ဆောင်းပါးတွင် ယခု စစ်အစိုးရချမှတ်ထားသော နိုင်ငံရေးလမ်းကြောင်းကို လက်ခံကြောင်း စာဖြင့်ထုတ်ဖော်ထားပြီး ဖြစ်သည်ကို တွေ့ရသည်။

မောင်စူးစမ်းက ၎င်း၏ အာဘော်ကို ထုတ်ဖော်ပြောဆိုရာတွင် - ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်မည်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်နှင့် အခင်းအကျင်း အသစ် ဖြစ်နေပြီ၊ နိုင်ငံရေးလည်း အသစ်ဖြစ်ဟန်ရှိသည် ဟု ဆိုထားသည်။ ဒိုင်ယာလော့ခ်သည် အလှတန်ဆာဆင်ခြင်းသာ ဖြစ်၍ အနှစ်သာရ မဟုတ်ချေ။ အလှတန်ဆာဆင်မှုကို တရားသေကိုင်သည်မှာ မိုက်မဲသည်ဟု ဆိုထားသည်ကို တွေ့ရသည်။
ပါတီကြေညာချက်နှင့် မောင်စူးစမ်း ဆောင်းပါးတို့ကို ဖတ်ရှုရန် ပူးတွဲ ဖော်ပြလိုက်ပါသည်။





Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */