“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, September 05, 2008

ရခိုင်ပြည်နယ်က ကျီးလန့် စာစား..နေတဲ့ ကြံ့ဖွတ်..

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ရဟန်းတော်များ ဦးဆောင်သည့် ပြည်သူများနှင့် နအဖ စစ်အာဏာပိုင်များ အကြား တင်းမာမှုများ ဖြစ်ပေါ် နေသဖြင့် လုံခြုံရေးကို အထူးတိုးမြှင့်ချထားသည်။ သို့သော်လည်း နအဖ လက်ပါးစေ စွမ်းအားရှင်နှင့် ကြံ့ဖွတ် အဖွဲ့များမှာ ရှေ့သို့ ပေါ်ပေါ်ထင်ထင် မထွက်ရဲဘဲ ပုန်းလျိုးကွယ်လျိုး သွားလာ လှုပ်ရှားနေကြောင်း စစ်တွေမြို့က လူငယ် တဦးက ပြောသည်။

ထိုသို့ ရှေ့သို့ မထွက်ရဲဘဲ ဖြစ်နေခြင်းမှာ ရဟန်းတော်များနှင့် အရပ်သား လူငယ်များက အကယ်၍ စစ်အစိုးရ ဆန့်ကျင် ကန့်ကွက်ပွဲများအား စွမ်းအားရှင်နှင့် ကြံ့ဖွတ်များက ၀င်ရောက် နှောင့်ယှက်ပါက အသေသတ်ပစ်မည့် အပြင် အိမ်များကိုလည်း မီးရှို့ပစ်မည်ဟု ခြိမ်းခြောက်ထား၍ ဖြစ်ကြောင်း အဆိုပါ လူငယ်က ပြောသည်။

သူက " ရန်ကုန်မှာသာ စွမ်းအားရှင်နဲ့ ကြံ့ဖွတ်က လူထုတွေကို ဖမ်းတာ ဆီးတာ ရိုက်ပုတ်တာတွေ လုပ်လို့ ရတာပါ။ စစ်တွေမှာက ဒါမျိုးတွေ လုပ်လို့ မရဘူး။ လုပ်ရင် လုပ်တဲ့လူ ဘယ်သူဆိုတာကို ချက်ချင်းသိတဲ့အတွက် လုံခြုံရေး တပ်ဖွဲ့တွေ မရှိတဲ့အခါ သူတို့ အန္တရာယ်ကျရောက်နိုင်တဲ့အတွက် ဘယ်စွမ်းအားရှင် ဘယ်ကြံ့ဖွတ်မှ လူထုတွေကို ရန်ကုန်မှာလို မလုပ်ရဲပါဘူး။" ဟု သူက ပြောသည်။ ယခုကဲ့သို့ စွမ်းအားရှင်နှင့် ကြံ့ဖွတ်များအား တရားဝင် စာထုတ်ပြီး ခြိမ်းခြောက်ထားခြင်း မဟုတ်သော်လည်း ရဟန်းတော်များက ယခုပြုလုပ်ရန် စီစဉ်နေသော ဆန့်ကျင် ကန့်ကွက်မှုများအား စွမ်းအားရှင်နှင့် ကြံ့ဖွတ်များ အနေဖြင့် မနှောင့်ယှက်ကြရန်နှင့် နှောင့်ယှက်ပါက ကြီးမားသော အန္တရာယ်ဆိုးများကို ကျရောက်နိုင်ကြောင်း သတိပေး ထား၍ ဖြစ်သည်ဟု သိရှိရသည်။ ၎င်းပြင် စစ်တွေတွင် စွမ်းအားရှင်နှင့် ကြံ့ဖွတ်များမှာ အားမကောင်ကြောင်းနှင့် ယခု စစ်တွေရှိ စွမ်းအားရှင် အများစုမှာ ရဲလူထွက် လုံထိန်း လူထွက်များ ဖြစ်ပြီး သူတို့ကို အင်အားပြရန် အနယ်နယ် အရပ်ရပ်မှ ခေါ်ယူထားခြင်း ဖြစ်ကြောင်း သိရှိရသည်။ စစ်တွေမြို့ခံ တဦးက " လူတွေ တဖြည်းဖြည်းနဲ့ ဆင်းရဲ ကျပ်တည်း လာတဲ့အတွက် ဘယ်သူမှ လက်ရှိ နအဖ စစ်အစိုးရကို မကြိုက် တော့ဘူး။ စွမ်းအားရှင်နဲ့ ကြံ့ဖွတ်တွေလည်း မကြိုက် တော့ဘူး။ ဒါကြောင့် စစ်တွေမှာ စွမ်းအားရှင် ကြံ့ဖွတ်အင်အားက အရင်လို မရှိတော့ဘူး။ အင်အားက တော်တော် နည်းသွားပါပြီ။" ဟု ပြောသည်။
၎င်းပြင် စစ်တွေတွင် အရေးအခင်း ပေါ်ပေါက်တိုင်း စစ်အစိုးရနှင့် ပူးပေါင်းပြီး ပြည်သူများကို နှိပ်ကွက်သူများအား အိမ်များကို ခဲနှင့် ပစ်ပေါက်ပြီး ဖြိုဖျက်ပစ်လေ့ရှိသဖြင့် မည်သူမျှ လူထုအား နှိပ်စက်သော အလုပ်ကို မလုပ်ရဲကြောင်း သတင်းရရှိသည်။ ၁၉၈၈ ခုနှစ် အရေးအခင်းအတွင်းကလည်း ဆန္ဒပြပွဲများအား ဓါတ်ပုံလာရိုက်သူ စစ်ထောက်လှမ်းရေးမှ ဗိုလ်ကြီး သုံးဦးမှာ ဆန္ဒပြသူများ လက်ချက်ဖြင့် သေဆုံးခဲ့ရပြီး ပါတီ ကောင်စီများ အဖွဲ့ဝင်များ၏ အိမ်အများအပြား ဖြိုဖျက်ခြင်းခံခဲ့ရသည်။ ၂၀၀၇ ခုနှစ်က ရွှေဝါရောင်တော်လှန်ရေးအတွင်းကလည်း ဓါတ်ပုံခိုးရိုက်သူ ဒုရဲအုပ် တဦးမှာ ဆန္ဒပြသူများ လက်ချက်ဖြင့် အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့ပြီး ရဟန်းတော်များက အသက်ကို ကယ်တင်ခဲ့ရသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */