“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, September 05, 2008

အဆင့်ဆင့်ခိုး..စာရိတ္တကျိုးပဲ့နေတဲ့ တိုင်းပြည်

ဘိုကလေးနယ်မှာ နာဂစ်အကူအညီ ဖြတ်စား

ကိုဝိုင်း/ ၅ စက်တင်ဘာ ၂၀၀၈။ ။

ဘိုကလေးမြို့ရှိ အန်ဂျီအိုတခုမှ နယ်အတွင်းရှိ မုန်တိုင်းသင့်ရွာအချို့ကို ထုတ်ပေးသည့် အကူအညီများအား ကျေးရွာတာဝန်ခံများက လိမ်ညာဖြတ်စားနေကြောင်း ဘိုကလေးမြို့ခံတဦးက ပြောသည်။

ကွင်းကြီးဒိုင်နယ် ငါးအိမ်တန်းကျေးရွာအုပ်စုဝင် ဆန်းသစ်ဦးရွာခွဲ ကွန်ဒိုင်းရွာမှ ရပ်မိရပ်ဖများက ဘိုကလေးမြို့ရှိ Save the Children အန်ဂျီအိုအဖွဲ့ထံ တင်ပြတောင်းခံထားသည့် ၎င်းတို့ရွာအတွက် ရိက္ခာအကူအညီကို ကွန်ဒိုင်းရာအိမ်မှူးက ကြားဖြတ် လိမ်လည်ထုတ်ယူသွားခြင်းဖြစ်သည်။

ဘိုကလေးမြို့ခံက "ကွန်ဒိုင်းရွာက လက်ရှိ ရွာမိရွာဖတွေက ဘိုကလေးမှာရှိနေတဲ့ Save the Children ကို လွန်ခဲ့တဲ့ တပတ်လောက်က တင်တာပေါ့။ အဲဒီမှာ ကွန်ဒိုင်းရာအိမ်မှူး မြင့်သိန်းက တက်လာပြီးတော့ အဲဒီရွာက ရွာနာမည်မရှိဘူး။ အမည်ပေါက်မရှိဘူး။ ဆန်းသစ်ဦး (၁) (၂) ဆိုပြီးတော့ပဲရှိတယ်ဆိုပြီး ရတာတွေကို ယူချသွားတယ်။ အန်ဂျီအိုအဖွဲ့အစည်းတွေကလည်း ဘယ်သိပ်သိမလည်း။ ပေးလိုက်တာပေါ့" ဟု ပြောသည်။

ကွင်းကြီးဒိုင်နယ်ထဲ၌ ကွင်းကြီး၊ ငါးအိမ်တန်း၊ ဆန်းသစ်ဦး၊ ဇီးကုန်း၊ အကယ်ဟူ၍ ရွာ (၅) ရွာရှိကြောင်း၊ ကွန်ဒိုင်းရွာသည် ဆန်းသစ်ဦးရွာခွဲအတွင်း၌ ပါဝင်ပြီး အိမ်ခြေ (၁၀၀) ကျော်ရှိကြောင်း အဆိုပါ မြို့ခံက ပြောသည်။

၎င်းက "ကွန်ဒိုင်းဆိုတဲ့ရွာက ဆန်းသစ်ဦးရွာခွဲထဲမှာပါတယ်။ နာမည်ပေါက်လည်းရှိတယ်။ အဲဒီကျေးရွာက မှတ်ပုံတင်တွေ ဘာတွေမှာလည်း အဲဒီကျေးရွာရဲ့ နာမည်လေးပါတယ်။ ကျနော်တို့လည်း သိနေတာပဲ။ ရွာရှိလို့လည်း သူ့ကိုကွန်ဒိုင်းရွာရဲ့ ရာအိမ်မှူးခန့်ထားတာပေါ့" ဟုပြောသည်။

အစိုးရထံ၌ အမည်ပေါက်သည့် ရွာများသာ အထောက်အပံ့များ ရနိုင်မည်ဖြစ်သောကြောင့် အမည်ပေါက်ရန် နေပြည်တော်သို့ သွားရမည်ဟုဆို၍ အဆိုပါရာအိမ်မှူးက ကွန်ဒိုင်းရွာသားများထံမှ တအိမ်ထောင် (၂,၅၀၀) ကျပ် ကောက်ခံနေကြောင်းလည်း သိရသည်။

ကျေးရွာများမှ ဒုက္ခရောက်နေသူများက ဘိုကလေးမြို့ (သို့) နီးစပ်ရာလမ်းမများသို့ တက်လာပြီး အကူအညီ တောင်းခံလျှင်လည်း အဆိုပါ ရာအိမ်မှူးနှင့် ကွင်းကြီးဒိုင်နယ်ဥက္ကဋ္ဌတို့ ပူးပေါင်း၍ ကျေးရွာသိက္ခာကျသည်ဟု အကြောင်းပြ ပိတ်ဆို့ထားပြီး ၎င်းတို့ကမူ အကူအညီများ တောင်းခံ ဖြတ်စားနေကြကြောင်း၊ ကြက်ခြေနီများ ထံမှ အလှူပစ္စည်းများကိုလည်း ယခင်က ဖြတ်စားဖူးကြောင်း မြို့ခံကပြောသည်။

အဆိုပါ ဒိုင်နယ်အတွင်းမှ ကျေးရွာများသည် မုန်တိုင်းဒဏ်ကြောင့် လူအသေအပျောက်မရှိသော်လည်း ရွာပျက် လယ်ပျက်ဖြစ်ခဲ့ပြီး ယခုအထိ စပါးစိုက်ပျိုး၍ မဖြစ်ထွန်းသေးသဖြင့် အလှူရှင်များကိုသာ မျှော်လင့်နေကြ ကြောင်း မြို့ခံကပြောသည်။

By NEJ

URL: http://www.khitpyaing.org/archives/3787

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */