“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, December 30, 2010

နိုင်ငံရေးအကျဉ်းသား မိသားစုတွေ ကူညီထောက်ပံ့ဖို့ ဈေးရောင်းပွဲ NLD လုပ်မည် By Yeyint Nge

by Yeyint Nge on Wednesday, December 29, 2010 at 3:11pm 2010-12-29
ဇန္န၀ါရီလ ၄ ရက်နေ့ မှာ ကျင်းပမဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  လွတ်လပ်ရေးနေ့ အခမ်းအနားမှာ နိုင်ငံရေး အကျဉ်းသားတွေ အတွက် ရံပုံငွေ ရှာဖွေပွဲ ကျင်းပပြုလုပ်ဖို့  စီစဉ် ဆောင်ရွက်နေကြောင်း သတင်းရရှိပါတယ်။

လွတ်လပ်ရေးနေ့ အခမ်းအနားကို ယခင်နှစ်တွေနဲ့ မတူဘဲ ထူးခြားစွာ ကျင်းပရာမှာ ဈေးရောင်းပွဲတော် ပါဝင်မှာ ဖြစ်ကြောင်း၊ ဇန္န၀ါရီလ ၂ ရက် နဲ့  ၃ ရက်နေ့  အဖွဲ့ ချုပ်ရုံးရှေ့ မှာ NLD အဖွဲ့ ဝင်တွေက ဈေးရောင်းပွဲ ကျင်းပပြီး နိုင်ငံရေး အကျဉ်းသားတွေကို ကူညီထောက်ပံ့ဖို့  ဆောင်ရွက်မဲ့အကြောင်း၊ နိုင်ငံရေး အကျဉ်းသားများရဲ့ မိသားစုဝင်တွေကို ပေးအပ်မှာ ဖြစ်ကြောင်း NLD ဗဟိုအလုပ် အမှုဆောင် အဖွဲ့ ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။ NLD အဖွဲ့ ဝင်တွေရဲ့  ရံပုံငွေဈေးရောင်းပွဲမှာ NLD တံဆိပ်ပါ အ၀တ်အထည်တွေနဲ့  အမှတ်တရ လက်ဆောင် ပစ္စည်းတွေ၊ အစားအစာ နဲ့  အခြား လူသုံးကုန်တွေကို ရောင်းချပြီး ရရှိတဲ့ ရံပုံငွေကို လူမှု အထောက်အကူပြု အဖွဲ့ကို ပေးအပ်မယ်လို့ ဆိုပါတယ်။ အဲဒီ ဈေးရောင်းပွဲကို မနက် ၈ နာရီမှာ စတင်မယ်လို့ သိရပါတယ်။

Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */