“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, December 20, 2010

ဝိခီလိခ် သတင်းများ

မြန်မာအရပ်သားက ယူရေနီယံဆိုသည့် ပစ္စည်း ရောင်းချမည်ဟု ကမ်းလှမ်းလာခြင်း

အကြောင်းအရာ။ ။ မြန်မာအရပ်သားက ယူရေနီယံဆိုသည့် ပစ္စည်း ရောင်းချမည်ဟု ကမ်းလှမ်းလာခြင်း။
လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ။ ။ သံရုံးတာဝန်ခံ လယ်ရီ ဒင်းဂါး၊ အကြောင်းပြချက် 1.4 (b and d)

၁။ (S//REL to USA, ACGU) Per Ref A, XXXXXXXXXXXX တွင် တာဝန်ချထားသူက ဌာနနှင့် ဝါရှင်တန် အေဂျင်စီများသို့ USDAO က DIA ထံမှ လမ်းညွှန်ချက် ရရှိပြီးနောက် သတိပေး တပ်လှန့်လာပါသည်။ မြန်မာ အရပ်သားတဦးက USDAO ရန်ကုန် အဖွဲ့ဝင်များနှင့် တွေ့၍ ယူရေနီယံ-၂၃၈ ရောင်းချရန် ကမ်းလှမ်းလာပါ သည်။ သူက USDAO နှင့် ဤကိစ္စမတိုင်ခင် ၈-ရက်က ဆက်သွယ်လာပြီး ပုလင်းငယ် တဝက်ခန့်ရှိ သတ္တုပေါင်ဒါမှုန့်များနှင့် ၁၉၉၂ ရက်စွဲဖြင့် တရုတ်နိုင်ငံရှိ တက္ကသိုလ်တခုက စမ်းသပ်စစ်ဆေးထားသည့် လက်မှတ်မိတ္တူကို ဤပေါင်ဒါမှုန့်များ ရေဒီယိုဓာတ်ကြွမှု သက်သေအဖြစ် တင်ပြသည်။ XXXXXXXXXXXX တွေ့ဆုံ ဆွေးနွေးစဉ်တွင် ၎င်းက ကီလိုဂရမ် ၂,ဝဝဝ ရှိ ယူရေနီယံ ပါဝင်သော ကျောက်ခဲများ ရပေးနိုင်ကြောင်း၊ ကယားပြည်နယ် XXXXXXXXXXXX တွင် ရှိကြောင်း ပြောသည်။ အမေရိကန်က ယူရေနီယံ ဝယ်ယူရန် ဆန္ဒမရှိပါက သူတို့ အခြားနိုင်ငံများသို့ ရောင်းမည်ဟုလည်း ထပ် ပြောသေးသည်။ ထိုင်းနိုင်ငံသို့ စတင်ချည်းကပ်မည် ဆိုသည်။ နောက်ထပ် သတင်းအချက်အလက်အတွက် Ref B ကို ကြည့်ပါ။

၂။ (S//REL TO USA, ACGU) ဆက်လက်ဖြစ်ပျက်ပုံ အသေးစိတ် keyed to questions in Ref A: A) (S//REL to USA, ACGU) ၎င်းပစ္စည်း လက်ရှိ တည်ရှိရာနေရာ- ၎င်းနမူနာပုလင်းကို လျှို့ဝှက် သံတမန် အိတ်ဖြင့် Aberdeen Proving Grounds သို့ DIA မှတဆင့် ပို့ဆောင်ပြီးဖြစ်။

B) (S//REL to USA, ACGU) ၎င်းပစ္စည်း ပို့ဆောင်မှု အနေအထား- ၎င်းနမူနာပုလင်းကို လျှို့ဝှက် သံတမန် စာပို့စနစ်ဖြင့် ပေးပို့ပြီးဖြစ်။ ၎င်းနမူနာကို အထပ်ထပ်ရစ်ပတ်ထုပ်ပိုးပြီး ပုံးအထပ်ထပ်တွင်ထည့်သည်။ မှန်၊ ခဲ၊ သစ်သားသေတ္တာများဖြင့် ထုပ်ပိုးသည်။ DIA ဌာနချုပ်ထံမှ ညွှန်ကြားချက်ရပြီးနောက် USDAO က ၎င်း ပစ္စည်းကို သံတမန်စာအိတ်ဖြင့် Aberdeen Proving Grounds သို့ DIA မှတဆင့် 3100 Clarendon, Arlington, VA သို့ ပို့ဆောင်သည်။ ၎င်းသေတ္တာတွင် "လျှို့ဝှက်" ဟု ဖော်ပြထားသည်။ အရွယ်အစားမှာ 16 X 16 X 8 လက်မ ဖြစ်သည်။ ရန်ကုန်သံရုံးက ပြောရာတွင် အိမ်ရှင် (မြန်မာ) နိုင်ငံဘက်က USDAO ၏ လက်ခံရရှိမှုနှင့် ၎င်းပစ္စည်း ပို့ဆောင်မှုကို သတိပြုမိပုံ မရှိပါ။ သို့သော်လည်း ဖြစ်နိုင်ခြေကို လျှော့တွက်မရပါ။ အမြတ်အစွန်းအတွက် ဤပစ္စည်းကို ရောင်းချသည်ထက် စာလျှင် အစိုးရ ထောင်ချောက်အတွက် ဇာတ်ပို့ လုပ်ပေးသည်လည်း ဖြစ်နိုင်သည်။

C) (S//REL to USA, ACGU) မှတ်ချက်ပြုထားသည့်အတိုင်း မြန်မာအစိုးရသည် လက်ရှိအခြေအနေတွင် USDAO က ၎င်းပစ္စည်း လက်ခံရရှိမှုနှင့် နမူနာပို့ဆောင်မှုကို သိရှိပုံ မရှိပါ။ အကယ်၍ ၎င်းပစ္စည်းများ ရှိနေ သည်ကို သိပါက နမူနာများ၊ ပစ္စည်းသိုလှောင်ထားမှုများကို သိမ်းဆည်းလိမ့်မည် ဖြစ်သည်။

D) (S//REL to USA, ACGU) နမူနာကို စီးပွားဖြစ် လေကြောင်းလိုင်းမှ သံတမန်စာအိတ်ဖြင့် ပေးပို့ခဲ့ပြီး ဖြစ်သည်။

E) (S//REL to USA, ACGU) ၎င်းပစ္စည်း ဆိုက်ရောက်မည့်နေရာ- ယူရေနီယံဟုဆိုသော ၎င်းပစ္စည်းကို အမေရိကန် ပြည်ထောင်စုသို့ ရန်ကုန်သံရုံးမှတဆင့် ရောင်းချရန် သူက ရည်ရွယ်ထားသည် ဆိုသည်။ အခြားဖော်ပြသော နေရာများမှာ ထိုင်းနှင့် တရုတ်သံရုံးတို့ ဖြစ်သည်။ သူက ၎င်းပစ္စည်းကို ရန်ကုန်တွင်ပင် ရောင်းချလိုသည်။ ၎င်းပစ္စည်းကို နယ်စပ်ဖြတ်ကျော်ထုတ်မည့် သဘော မပြောပါ။

F) မသိရှိပါ။

G - J) (S//NF) ၎င်းက သူ့ကိုယ်သူ XXXXXXXXXXXX ဟု ဖော်ပြ ပြောဆိုသည်။
(S//REL TO USA, ACGU) သူက (၁. ၈) အောင်စရှိ ပုလင်းငယ်တခု (၇ဝ မမ ရှည်-၂၆ မမကျယ်) ကို ယူလာပြီး အတွင်းတွင် မီးခိုးရောင် သတ္တုမှုန့်များ ပါဝင်သည်။ ၎င်းပစ္စည်းမှာ ယူရေနီယံ-၂၃၈ ပေါင်ဒါမှုန့် ဖြစ်ကြောင်း သူက ပြောသည်။ သူက အုပ်စုလေးတခုကို ကိုယ်စားပြုပြီး အမေရိကန်သံရုံးသို့ ယူရေနီယံ ရောင်းလိုသည်ဟု ဆိုသည်။ သူ့အဆိုအရ သူ့ထံတွင် ယူရေနီယံပါသည့် ကျောက် သို့မဟုတ် အရိုင်းခဲများ ၅ဝ ကီလိုဂရမ်ခန့် ရှိနေပြီး ရန်ကုန်ရှိ မဖော်ပြလိုသော နေရာတွင်ရှိသည်ဟု ဆိုသည်။ ၎င်းတို့ကို သံစည်များဖြင့် ထည့်သွင်းထားပြီး ရေဒီယိုဓာတ်ကြွ အဆိပ်မသင့်စေရန် XXXXXXXXX ကာကွယ်ထားသည်ဟု ဆိုသည်။ ကယားပြည်နယ်ရှိ နေရာတွင် နောက်ထပ် ကီလိုဂရမ် ၂, ဝဝဝ ခန့်တူးဖော် ရနိုင်မည်ဟု ခန့်မှန်းသည်။ ယူရေနီယံကို မကြာမီက ရန်ကုန်ယူလာသည်။ (အချိန်ကာလ အတိအကျကို သူမပြောပါ)။ သူက ယူရေနီယံကို ကယားပြည်နယ်အတွင်း ၁၉၉၂ မှစ၍ တွေ့ခဲ့သည်ဟု ဆိုသည်။ XXXXXXXXXXXX
(S//REL TO USA, ACGU) သူက XXXXXXXXXXXX သည် ယူရေနီယံနှင့် ပတ်သက်၍ သိရှိသည်ဟု ပြောသည်။ XXXXXXXXXXXX

K) N/A.

L) N/A.

M) (S//REL TO USA, ACGU) တွေ့ဆုံမေးမြန်းမှုကို ရန်ကုန်သံရုံးရှိ (လမ်းလျှောက်ဝင်လာတွေ့နိုင်သော) ကောင်စစ်ဝန် တွေ့ဆုံခန်း၌ ဆောင်ရွက်သည်။

N) အခြား အသေးစိတ်အချက်များ: Ref B တွင် ဤဖြစ်ရပ်နှင့် ပတ်သက်သည့် အခြား ရရှိနိုင်သမျှသော သတင်းအချက်အလက်များ ပါဝင်သည်။

¶3. (SBU) XXXXXXXXXXXX

ဒင်းဂါးRest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */