“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, December 22, 2010

တပ်ပေါင်းစု(ဗဒတ) ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ





မြန်မာပြည်တွင်းဒီမိုကရေစီရေး လှုပ်ရှားနေသော သံဃာတော်များနှင့် ကျောင်းသား လူငယ်အဖွဲ ခုနှစ်ဖွဲ့ ပူးပေါင်း ပါဝင်ဖွဲ့ စည်းထားသော ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ တပ်ပေါင်းစု(ဗဒတ)မှ တိုင်းရင်းသား ဒေသများ တွင် နအဖ စစ်အစိုးရ ဆင်နွှဲနေသော ထိုး စစ်များကို ကန့်ကွက်သည့် စာရွက်ကြဲလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြ သည်။ ဗဒတ တပ်ပေါင်းစုဝင်သံဃာတော်များနှင့် လူငယ်များက ရန်ကုန် တိုင်းနှင့် ပဲခူးတိုင်း အတွင်းရှိ မြိုနယ်ပေါင်း(၂၂)တွင် အဆိုပါ လှုပ်ရှားမှုကို (၂၀.၁၂.၂၀၁၀) နှင့် (၂၁.၁၂.၂၀၁၀) ရက် နေ့များ တွင် ပြု လုပ် ခဲ့ကြခြင်းဖြစ်သည်။

ဗဒတတပ်ပေါင်းစုမှ ဖြန့် ဝေခဲ့သည့် စာရွက်များတွင် တိုင်းရင်းသားတွေ ကို ထိုးစစ်ဆင်တာ ချက်ချင်းရပ်၊ ပြည်တွင်းစစ် ချက်ချင်းရပ်၊ စစ်ပွဲအလိုမရှိ၊ တွေ့ဆုံ ဆွေးနွေး အဖြေရှာရေး ချက်ချင်း ဆောင်ရွက်ပေး စသည့် စစ်ဆန့် ကျင်ရေးစာသားများ ပါဝင်ပြီး ငြိမ်းချမ်းရေး ဂျိုးဖြူငှက် မြန်မာပြည်မြေပုံဆီ သို့ ပျံသန်းနေဟန် သရုပ်ဖော်ထားသော ပုံများပါရှိသည်။ လှုပ်ရှားမှု၏ ရည်ရွယ်ချက်မှာ တိုင်းရင်းသားများ၏ အရေးကို ငြိမ်းချမ်းစွာ ဖြေရှင်း ရန် စစ်အစိုးရ အားတောင်းဆိုပြီး မြေပြန့်နေပြည်သူများက တောင်ပေါ်ဒေသရှိ တိုင်းရင်းသားများနှင့် တစိတ်တ၀မ်းထဲ ရှိကြောင်း ပြသ ခြင်းဖြစ်ကြောင်းသိရှိရသည်။

ဗဒတ၏ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ရန်ကုန်တိုင်းအတွင်းရှိတောင်ဒဂုံမြို့ နယ်၊ မြောက်ဥက္ကလာမြို့ နယ်၊ အင်းစိန်မြို့ နယ်၊ တွံ့ တေးမြို့ နယ်၊သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့ နယ်၊သုံးခွမြို့ နယ်၊သာကေတ မြို့ နယ်၊ကျောက်တံတားမြို့ နယ်၊ဗိုလ်တထောင်မြို့ နယ်၊ဒေါပုံမြို့ နယ်၊ပန်းပဲတန်းမြို့ နယ်၊လသာမြို့နယ်၊လမ်းမတော်မြို့ နယ်၊စမ်းချောင်းမြို့ နယ်၊ပုဇွန်တောင်မြို့ နယ်၊မင်္ဂတောင်ညွန့် မြို့ နယ်၊ တောင် ဥက္ကလာမြို့နယ်၊ မရမ်းကုန်းမြို့ နယ်၊ ဒလမြို့ နယ်၊ ကြည့်မြင်တိုင်မြို့ နယ် တို့ နှင့်ပဲခူးတိုင်း ပဲခူးမြို့ နယ်တို့တွင်ပြုလုပ်ခဲ့ကြသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */