“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, December 24, 2010

ဇာကနာရဲ့ ပျက်ကွက်က ခုထိ ပြောင်မြောက်နေတုံးဘဲ

ထောင်ကနေ လွတ်လာရင် ဘာသာပြောင်းမည်ဟု ကိုဇာဂနာပြော
အလှူအတန်းကြောင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရပြီး မိသားစုနဲ့ဝေးလံတဲ့ ကချင်ပြည်နယ် ကျ ခံနေရတဲ့ နိုင်ငံကျော် စွယ်စုံအနုပညာ ရှင် ကိုဇာဂနာက ဗုဒ္ဓဘာသာကနေ တခြားဘာသာကို ကူးပြောင်းတော့ မယ်လို့ ပြောဆိုလိုက်ပါတယ်။

ကိုဇာဂနာနဲ့အတူ မြစ်ကြီးနားထောင်မှာ ကျခံရစဉ်တုန်းက သူ့ကိုမှာလို့ လွန်ခဲ့တဲ့ရက်ပိုင်းက ပြန်လွတ်လာတဲ့ တွံ တေးမြို့နယ် အဖွဲ့ချုပ်ဝင် ဦးစံဘော်ကပြောပါတယ်။

ဇာဂနာက ဘာမှာလိုက်လဲဆိုတော့ သူနဲ့ကျနော် လွန်ခဲ့တဲ့နှစ်နှစ်က အတူတူနေခဲ့တာကိုး။ ဦးစံဘော်ရေတဲ့--ကျနော် အပြင်ပြန်ထွက်ရင် တော့ ဗုဒ္ဓဘာသာကနေ တခြားဘာသာကိုပြောင်းတော့မယ်တဲ့။ ကိုဇာဂနာ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့ဗမာပြည်ကဗျာ အလှူ လုပ်ရင်ဖမ်းတယ် ရိုက်တယ်။ တခြားဘာသာတွေက မဖမ်းဘူးတဲ့။

ဦးစံဘော်ဟာ ၂၀၀၈-ခုနှစ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကိုအသွားမှာ ဖမ်းဆီးထောင်ချခံရတဲ့ (၁၄)ဦးထဲ က တစ်ဦးဖြစ်ပါတယ်။
မြစ်ကြီးနားထောင်ကနေ ပူတာအိုထောင်ကိုပြောင်းရွှေ့ခံရပြီး ထောင်ဒဏ်နှစ်နှစ်ခွဲပြည့်လို့ ပြန်လွတ်လာသူဖြစ် ပါတယ်။

ကိုဇာဂနာဟာ ၂၀၀၇-စက်တင်ဘာ ရွှေဝါရောင်သံဃာ့အရေးခင်မှာ သံဃာတော်တွေကို လှူဒါန်းခဲ့လို့ အဖမ်းခံ ခဲ့ရပါတယ်။ထို့နောက် ၂၀၀၈- မေလမှာ တိုက်ခတ်သွားတဲ့ နာဂစ်မုန်းတိုင်းဒုက္ခသည်တွေကို ကူညီပေးရင်ထပ် မံဖမ်းဆီးခံခဲ့ရကာ သူ့ကို အစိုးရက နိုင်ငံတော် လုံခြုံရေး ထိခိုက်စေရန်လှုံ့ဆော်မှု၊ ဗွီဒီယိုအက်ဥပဒေနှင့် အီ လက်ထရောနစ် အက်ဥပဒေ သုံးခုအပါဝင် ပုဒ်မငါးခုနဲ့တရားစွဲဆိုပြီး ထောင် ဒဏ် ၅၉ နှစ်ချမှတ်ခဲ့သလို ၂၀၀၉ ခု နှစ်ဆန်းမှာ ၂၄ -နှစ်လျှော့ပေးလို့ ထောင်ဒဏ် ၃၅ -နှစ်ကျခံခဲ့ရတာဖြစ်ပါတယ်။

သူပြန်လွတ်မလာခင်မှာဘဲ တကိုယ်တော် ဦးအုန်းသန်း ခန္တီးထောင်ကနေ ပူတာအိုထောင်ကိုပြောင်းရွှေ့လာ သလို အင်းစိန်ထောင်ကနေ ပြောင်းရွှေ့လာတဲ့နိုင်ငံရေးအကျဉ်းသား ကိုအောင်ကျော်ဦးလည်း ကျန်းမာရေး မကောင်းတဲ့အကြောင်းကို ဦးစံဘော်ကပြောပါတယ်။

ထောင်ကမလွတ်လာခင်လေးမှာ ဦးအုန်းသန်းကြီးရောက်လာတယ်။ သူကရွေးကောက်ပွဲကို အစာငတ်ခံ ဆန္ဒ ပြတယ်တဲ့။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ခန္တီးထောင်ကနေ ပူတာအိုထောင်ကိုရောက်တယ်တဲ့။နောက်ပြီး တိုက်ကြီး အောင်ကျော်ဦး၊သူ အင်စိန်ထောင်မှာ ထောင်ပိုင် ခိုင်စိုးနဲ့ မြတ်သိန်းတို့ကနေပြီးတော့ လူမဆန်စွာနှိပ်စက်ညှင်း ပန်းပြီးတော့မှ ပူတာကိုပို့လိုက်တဲ့ကိစ္စတွေဟာ အခုထိ သူ့မှာ ရောဂါ ပြန် ပြန်ြပီးထနေတယ်။

ပူတာအိုထောင်မှာ တခြားနိုင်ငံရေးအကျဉ်းသမားတွေဖြစ်တဲ့ ၈၈-မျိုးဆက် ကျောင်းသားအဖွဲ့က ကိုအောင်သူ၊ ဦးခွန်ထွန်းဦး၊ြ မုံရွာက ညွန့်အောင် ၊မိတ္ထိလာက ကိုသီဟ။ ဗဟန်းမြို့နယ်က မျိုးမင်းဇော်နဲ့ အမေရိကန်စင်တာက နေ အဖမ်းခံရတဲ့ကိုဝေလင်းတို့ရှိကြပြီး ကျန်းမာ ရေးတော့ကောင်းကြတယ်လို့ဆိုပါတယ်။

ဒါ့အပြင် လက်ရှိကချင်ပြည်နယ်အတွင်းမှာ စစ်အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော်တို့အကြား မပြေ မလည်ဖြစ်ပြီး အသွား အလာပြတ်တောက်မှုတွေကြောင့် ပူတာအိုမြို့မှာ ဆေးဝါးပစ္စည်းတွေရှားပါးနေလို့ အ ကျဉ်းသားတွေအတွက် ဆေးဝါးအခတ်အခဲဖြစ် နိုင်တယ်လို့လည်း ဦးစံဘော်က ပြောပါတယ်။

News-http://burmese.dvb.no/news.php?id=13205

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */